Unicode

တရုတ်နိုင်ငံထုတ် စမတ်ဖုန်းတွေမှာ Chinese Apps တွေ၊ Service တွေအပြင် တချို့သောဖုန်းတွေမှာဆိုရင် ကြော်ငြာတွေပါ ပါဝင်နေတာဖြစ်ပါတယ်။ ဥပမာ Xiaomi စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ MIUI မှာဆိုရင် System App တွေမှာ ကြော်ငြာတွေပါဝင်တဲ့အပြင် ဒီ Ads Personalisation Service ကို အသုံးပြုသူတွေအနေနဲ့ Manual ပိတ်လို့ရတဲ့ Option ကိုလည်း ပြီးခဲ့တဲ့လပိုင်းဝန်းကျင်ကမှ ထည့်သွင်းပေးခဲ့တာပါ။

ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းကလည်း Realme ကနေ သူ့ရဲ့ Realme UI နဲ့ ColorOS UI တွေမှာ အသုံးပြုသူတွေအနေနဲ့ ပိတ်ထားလို့ရတဲ့ ကြော်ငြာတွေကို ထည့်သွင်းသွားမယ်လို့ ကြေညာခဲ့ပါသေးတယ်။ အခုလည်း Chinese စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ Huawei ကလည်း EMUI မှာ ကြော်ငြာတွေထည့်သွင်းလာတော့မယ့်ပုံစံပါပဲ။

ဒီသတင်းကိုတော့ MySmartPrice ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Huawei Mobile Services ကို Update ပြုလုပ်ထားတဲ့ စမတ်ဖုန်းတစ်လုံးရဲ့ Terms And Conditions ကနေတစ်ဆင့် သိရှိခဲ့တာလည်းဖြစ်ပါတယ်။ အခုသတင်းအရ EMUI ရဲ့ HMS (Huawei Mobile Services) Update မှာ Huawei Ads တွေကို စမတ်ဖုန်းဆီကို ယူဆောင်လာမယ်လို့ သိရပါတယ်။ ဒီ Ads တွေက HMS မှာ ပါဝင်တဲ့ Ads Kit အနေနဲ့ ပါဝင်လာတာလို့ ယူဆရပါတယ်။

ဒီလိုမျိုး EMUI မှာ ဖော်ပြသွားမယ့် ကြော်ငြာတွေဟာ အသုံးပြုသူတွေရဲ့ Information ၊ Location Information ကို အဓိကရယူသွားမှာဖြစ်ပြီးတော့ Hong Kong နဲ့ Singapore မှာရှိတဲ့ Huawei ရဲ့ Data Center တွေမှာ ၁ နှစ်တိတိ သိမ်းဆည်းထားသွားမယ်လို့ သိရပါတယ်။ အဆိုပါ အသုံးပြုသူတွေရဲ့ Data တွေကို Local Customer Service Center တွေကလည်း ရယူနိုင်မှာဖြစ်ပါတယ်။

Ads Personalisation Service ကို ပိတ်ထားမယ်ဆိုရင်လည်း ယေဘုယျ Information တွေဖြစ်တဲ့ နိုင်ငံနဲ့ မြို့နယ်တည်နေရာ၊ Device Language Setting နဲ့ Device Model တွေကို ရယူသွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်အထိတော့ Huawei စမတ်ဖုန်းတွေရဲ့ EMUI မှာ ကြော်ငြာတွေကို တွေ့ရှိရခြင်းမရှိသေးပေမယ့် အခုအတိုင်းဆိုရင်တော့ မကြာခင်မှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Ref – Giz China

Zawgyi

တ႐ုတ္ႏိုင္ငံထုတ္ စမတ္ဖုန္းေတြမွာ Chinese Apps ေတြ၊ Service ေတြအျပင္ တခ်ိဳ႕ေသာဖုန္းေတြမွာဆိုရင္ ေၾကာ္ျငာေတြပါ ပါဝင္ေနတာျဖစ္ပါတယ္။ ဥပမာ Xiaomi စမတ္ဖုန္းေတြမွာ အသုံးျပဳေနတဲ့ MIUI မွာဆိုရင္ System App ေတြမွာ ေၾကာ္ျငာေတြပါဝင္တဲ့အျပင္ ဒီ Ads Personalisation Service ကို အသုံးျပဳသူေတြအေနနဲ႔ Manual ပိတ္လို႔ရတဲ့ Option ကိုလည္း ၿပီးခဲ့တဲ့လပိုင္းဝန္းက်င္ကမွ ထည့္သြင္းေပးခဲ့တာပါ။

ၿပီးခဲ့တဲ့ရက္သတၱပတ္ပိုင္းတုန္းကလည္း Realme ကေန သူ႔ရဲ႕ Realme UI နဲ႔ ColorOS UI ေတြမွာ အသုံးျပဳသူေတြအေနနဲ႔ ပိတ္ထားလို႔ရတဲ့ ေၾကာ္ျငာေတြကို ထည့္သြင္းသြားမယ္လို႔ ေၾကညာခဲ့ပါေသးတယ္။ အခုလည္း Chinese စမတ္ဖုန္းထုတ္လုပ္သူေတြထဲမွာ အႀကီးဆုံးျဖစ္တဲ့ Huawei ကလည္း EMUI မွာ ေၾကာ္ျငာေတြထည့္သြင္းလာေတာ့မယ့္ပုံစံပါပဲ။

ဒီသတင္းကိုေတာ့ MySmartPrice ကေန ေဖာ္ျပခဲ့တာျဖစ္ၿပီး Huawei Mobile Services ကို Update ျပဳလုပ္ထားတဲ့ စမတ္ဖုန္းတစ္လုံးရဲ႕ Terms And Conditions ကေနတစ္ဆင့္ သိရွိခဲ့တာလည္းျဖစ္ပါတယ္။ အခုသတင္းအရ EMUI ရဲ႕ HMS (Huawei Mobile Services) Update မွာ Huawei Ads ေတြကို စမတ္ဖုန္းဆီကို ယူေဆာင္လာမယ္လို႔ သိရပါတယ္။ ဒီ Ads ေတြက HMS မွာ ပါဝင္တဲ့ Ads Kit အေနနဲ႔ ပါဝင္လာတာလို႔ ယူဆရပါတယ္။

ဒီလိုမ်ိဳး EMUI မွာ ေဖာ္ျပသြားမယ့္ ေၾကာ္ျငာေတြဟာ အသုံးျပဳသူေတြရဲ႕ Information ၊ Location Information ကို အဓိကရယူသြားမွာျဖစ္ၿပီးေတာ့ Hong Kong နဲ႔ Singapore မွာရွိတဲ့ Huawei ရဲ႕ Data Center ေတြမွာ ၁ ႏွစ္တိတိ သိမ္းဆည္းထားသြားမယ္လို႔ သိရပါတယ္။ အဆိုပါ အသုံးျပဳသူေတြရဲ႕ Data ေတြကို Local Customer Service Center ေတြကလည္း ရယူႏိုင္မွာျဖစ္ပါတယ္။

Ads Personalisation Service ကို ပိတ္ထားမယ္ဆိုရင္လည္း ေယဘုယ် Information ေတြျဖစ္တဲ့ ႏိုင္ငံနဲ႔ ၿမိဳ႕နယ္တည္ေနရာ၊ Device Language Setting နဲ႔ Device Model ေတြကို ရယူသြားမွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ေလာေလာဆယ္အထိေတာ့ Huawei စမတ္ဖုန္းေတြရဲ႕ EMUI မွာ ေၾကာ္ျငာေတြကို ေတြ႕ရွိရျခင္းမရွိေသးေပမယ့္ အခုအတိုင္းဆိုရင္ေတာ့ မၾကာခင္မွာ ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။

Ref – Giz China