အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေဟာ ဆက်တိုက်ကိုပြောင်းလဲနေပြီးတော့ Screen-to-Body Ratio ပိုများလာဖို့ကို ဦးတည်နေကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Selfie Camera ကို Notch Design မျိုးစုံ၊ Pop-up Camera နဲ့အခုဆိုရင် Punch-hole Display တွေလိုမျိုး ဒီဇိုင်းတွေကို ဆက်တိုက် အသုံးပြုလာကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Selfie Camera ကို Display အောက်မှာ မြုပ်ထားနိုင်တဲ့နည်းပညာကတော့ အခုအချိန်အထိ Mainstream စမတ်ဖုန်းတွေဆီကို မရောက်ရှိလာသေးဘဲ လောလောဆယ်မှာ Xiaomi နဲ့ OPPO လိုမျိုးကုမ္ပဏီတွေကပဲ Prototype Device တွေထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ကမ္ဘာ့ပထမဆုံး Under Screen Camera နဲ့ စမတ်ဖုန်းကို ထုတ်လုပ်လာမယ့်သူက Huawei ဖြစ်လာဖို့များနေပါတယ်။

ယခင်တုန်းကလည်း Huawei ကနေ Under Screen Camera အတွက်ရယူထားတဲ့မူပိုင်ခွင့်အကြောင်းအသေးစိတ်ပေါက်ကြားခဲ့ဖူးပြီးတော့ အဆိုပါ မူပိုင်ခွင့်အရ Huawei ဟာ OPPO နဲ့ Xiaomi တို့ရဲ့ Under Screen Camera နဲ့မတူညီတဲ့နည်းပညာကို အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိ Xiaomi နဲ့ OPPO တို့ကြုံတွေ့နေရတဲ့အခက်အခဲဖြစ်တဲ့ Under Screen Camera ရဲ့ Quality က ပုံမှန် Selfie Camera တွေရဲ့ Quality ထက်ပိုညံ့နေတာကို ဖြေရှင်းနိုင်တာဖြစ်ဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိသိထားတဲ့သတင်းတွေအရတော့ Huawei ဟာ ယခုနှစ် ဒုတိယနှစ်ဝက်ပိုင်းမှာ အဆိုပါ Under Screen Camera နည်းပညာကို အမြောက်အများထုတ်လုပ်သွားမယ်ဆိုပြီး သိရှိရတဲ့အတွက်ဖြစ်နိုင်တာက လာမယ့်အောက်တိုဘာလအတွင်းမှာ မိတ်ဆက်လာမယ့် Huawei Mate 40 Series ဖုန်းတွေမိတ်ဆက်မယ့်အချိန်မှာ Under Screen Camera ပါဝင်တဲ့စမတ်ဖုန်းအသစ်ကိုပါ မိတ်ဆက်လာနိုင်ပါတယ်။

Ref – Gizmo China