[Zawgyi]

တ႐ုတ္နဲ႔ အေမရိကန္ရဲ႕ ကုန္သြယ္ေရးစစ္ေၾကာင့္ Huawei ဟာ အေမရိကန္ေဈးကြက္ကို လက္လႊတ္လိုက္ရတဲ့အျပင္ ကုမၸဏီရဲ႕ ထုတ္ကုန္ေတြမွာလည္း Google Play Service ေထာက္ပံ့ႏိုင္ျခင္း မရွိျဖစ္ခဲ့ရပါတယ္။ မၾကာေသးခင္က ျဖန႔္ခ်ိထားတဲ့ Mate 30 Series မွာ AOSP open-source version Android ကို အသုံးျပဳခဲ့ရသလို Huawei ရဲ႕ ကိုယ္ပိုင္ App Gallery ကို အသုံးျပဳခဲ့ပါတယ္။

ၿပီးခဲ့တဲ့ G20 Summit ေနာက္ပိုင္း ႏွစ္ႏိုင္ငံၾကား တင္းမာမႈအခ်ိဳ႕ကို ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီး အေမရိကန္ကုမၸဏီေတြဟာ သူတို႔ရဲ႕ ထုတ္ကုန္ေတြကို (ကန႔္သတ္ခ်က္ေအာက္ကေန) Huawei ဆီျပန္လည္ေရာင္းခ်ခြင့္ေပးခဲ့ပါတယ္။ အလုံးစုံေျဖေလ်ာ့တာမဟုတ္တဲ့အတြက္ ႏွစ္ႏိုင္ငံၾကား ဆက္လက္ေဆြးေႏြးမႈေတြ ျပဳလုပ္ရဦးမွာပါ။

Huawei ကေတာ့ Ban ထားတာသာ ျပန္ၿပီးဖြင့္ေပးမယ္ဆိုရင္ Google Services နဲ႔ App ေတြသုံးလို႔ရမယ့္ Software Update ကို ခ်က္ခ်င္းပဲထုတ္ေပးႏိုင္ဖို႔ ျပင္ဆင္ထားတယ္လို႔ Richard Yu က ေျပာထားပါတယ္။ New York Times ရဲ႕ ေဖာ္ျပခ်က္အရလည္း Huawei ဟာ သိပ္မၾကာခင္မွာ အေမရိကန္ရဲ႕ Supply Chain ထဲကို ျပန္ၿပီးဝင္ေရာက္လာဖြယ္ရွိတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္က ျပဳလုပ္ခဲ့ၾကတဲ့ အစည္းအေဝးရလဒ္အရလည္း ေဒၚနယ္ထရမ့္ဟာ အေမရိကန္ကုမၸဏီေတြကို Huawei နဲ႔ ကုန္သြယ္မႈျပန္ၿပီးလုပ္ခြင့္ျပဳလိုက္တယ္လို႔ Times ရဲ႕ သတင္းေဖာ္ျပခ်က္မွာ ေတြ႕ျမင္ရပါတယ္။ ဒီတစ္ေခါက္ေျဖေလ်ာ့မႈမွာ Huawei ကို Google Play Service ေတြ ျပန္ၿပီးအသုံးျပဳခြင့္လည္း ပါဝင္လာဖြယ္ရွိပါတယ္။ ဒါေၾကာင့္ Huawei ထုတ္ကုန္ေတြမွာ မၾကာခင္အခ်ိန္အေတာအတြင္း အရင္အတိုင္းပဲ ျပန္ျဖစ္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: Phone Arena

[Unicode]

Huawei ဖုန်းတိုင်းမှာ Google Play Service တွေပြန်လည်ထောက်ပံ့လာဖွယ်ရှိ

တရုတ်နဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးစစ်ကြောင့် Huawei ဟာ အမေရိကန်ဈေးကွက်ကို လက်လွှတ်လိုက်ရတဲ့အပြင် ကုမ္ပဏီရဲ့ ထုတ်ကုန်တွေမှာလည်း Google Play Service ထောက်ပံ့နိုင်ခြင်း မရှိဖြစ်ခဲ့ရပါတယ်။ မကြာသေးခင်က ဖြန့်ချိထားတဲ့ Mate 30 Series မှာ AOSP open-source version Android ကို အသုံးပြုခဲ့ရသလို Huawei ရဲ့ ကိုယ်ပိုင် App Gallery ကို အသုံးပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ G20 Summit နောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှုအချို့ကို လျှော့ချနိုင်ခဲ့ပြီး အမေရိကန်ကုမ္ပဏီတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို (ကန့်သတ်ချက်အောက်ကနေ) Huawei ဆီပြန်လည်ရောင်းချခွင့်ပေးခဲ့ပါတယ်။ အလုံးစုံဖြေလျော့တာမဟုတ်တဲ့အတွက် နှစ်နိုင်ငံကြား ဆက်လက်ဆွေးနွေးမှုတွေ ပြုလုပ်ရဦးမှာပါ။

Huawei ကတော့ Ban ထားတာသာ ပြန်ပြီးဖွင့်ပေးမယ်ဆိုရင် Google Services နဲ့ App တွေသုံးလို့ရမယ့် Software Update ကို ချက်ချင်းပဲထုတ်ပေးနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ Richard Yu က ပြောထားပါတယ်။ New York Times ရဲ့ ဖော်ပြချက်အရလည်း Huawei ဟာ သိပ်မကြာခင်မှာ အမေရိကန်ရဲ့ Supply Chain ထဲကို ပြန်ပြီးဝင်ရောက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ပြုလုပ်ခဲ့ကြတဲ့ အစည်းအဝေးရလဒ်အရလည်း ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ကုမ္ပဏီတွေကို Huawei နဲ့ ကုန်သွယ်မှုပြန်ပြီးလုပ်ခွင့်ပြုလိုက်တယ်လို့ Times ရဲ့ သတင်းဖော်ပြချက်မှာ တွေ့မြင်ရပါတယ်။ ဒီတစ်ခေါက်ဖြေလျော့မှုမှာ Huawei ကို Google Play Service တွေ ပြန်ပြီးအသုံးပြုခွင့်လည်း ပါဝင်လာဖွယ်ရှိပါတယ်။ ဒါကြောင့် Huawei ထုတ်ကုန်တွေမှာ မကြာခင်အချိန်အတောအတွင်း အရင်အတိုင်းပဲ ပြန်ဖြစ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Phone Arena