[Zawgyi]







[Unicode]

Huawei Day 2019 ရဲ့ စိတ်ဝင်စားဖွယ်ရာ ပရိုမိုးရှင်း အစီအစဉ်

Brand Z ရဲ့ Annual Top 100 Most Valuable Global Brands စာရင်းမှာ အဆင့် 47 ၊ Fortune 500 စာရင်းမှာ နံပါတ် ၆၁ နေရာ အစရှိသဖြင့် တိုးတက်ကောင်းမွန်တဲ့ ရလဒ်ကောင်းများစွာနဲ့ စမတ်ဖုန်းလောကမှာ ရပ်တည်လျှက်ရှိတဲ့ Huawei ဟာ သုံးစွဲသူတွေကို ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို စဉ်ဆက်မပြတ် ပေးအပ်ဖို့ ကြိုးစားလျှက်ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ကာ ဈေးကွက်များနည်းတူ မြန်မာပြည် ဈေးကွက်အတွင်းမှာလည်း သုံးစွဲသူတွေရဲ့ လူနေမှု ဘဝတွေကို ပိုမိုတဲ့ ထပ်ဆောင်းဝန်ဆောင်တွေ ပေးအပ်နိုင်ဖို့ စဉ်ဆက်မပြတ် လုပ်ကိုင်လျှက်ရှိတယ်လို့ သိရပါတယ်။ သုံးစွဲသူတွေအတွက် ပေးအပ်ရတဲ့ ဈေးနှုန်းထက် ပိုမိုသာလွန်တဲ့ Huawei Y9 Prime 2019 ကို နောက်ဆုံးအနေနဲ့ မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ နာမည်ကြီး Esports association ဖြစ်တဲ့ Burmese Ghouls နဲ့လည်း တရားဝင် လက်တွဲမှု ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၉ သြဂုတ်လမှာလည်း စိတ်ဝင်စားဖွယ် အစီအစဉ်တွေ ပါဝင်တဲ့ Huawei Day အစီအစဉ်ကို မိတ်ဆက်လိုက်ပါသေးတယ်။

လစဉ်လတိုင်း ပြုလုပ်နေကြဖြစ်တဲ့ Huawei Day အစီအစဉ်ကို သြဂုတ်လ ၁ ရက်နေ့ကနေ သြဂုတ်လ ၁၀ ရက်နေ့အတွင်း ပြုလုပ်သွားမှာဖြစ်ပြီး ယခင်လတွေနဲ့ မတူတဲ့ လူအများ စိတ်ဝင်စားမယ့် Cash Back အစီအစဉ်ကိုလည်း ထည့်သွင်းထားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ Cash Back အစီအစဉ်မှာ –

HUAWEI nova 3i ဝယ်ယူသူများအား (40,000) ကျပ် Cashback
HUAWEI Y9 2019 အား ဝယ်ယူသူများအား (40,000) ကျပ် Cashback
HUAWEI Y7 Pro 2019 (32GB Version) ဝယ်ယူသူများအား (30,000) ကျပ် Cashback
HUAWEI Y6 Pro 2019 ဝယ်ယူသူများအား (15,000) ကျပ် Cashback
HUAWEI Y5 2019 ဝယ်ယူသူများအား (6,000) ကျပ် Cashback
HUAWEI MediaPad T3 10 ဝယ်ယူသူများအား (16,000) ကျပ် Cashback
HUAWEI MediaPad T3 8 နှင့် T3 7 များအား ဝယ်ယူသူများအား (10,000) ကျပ် Cashback
တွေကို အသီးသီးပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Huawei Day အချိန်အတွင်း စမတ်ဖုန်းဝယ်ယူသူတွေက Cash Back အစီအစဉ်အပြင် Huawei Watch GT ၁၄ လုံး ၊ Water Cooler ၂၄ လုံး နဲ့ Red Cooking Pot အလုံး ၄၀ ကို ကံစမ်းခွင့် ရရှိဦးမှာ ဖြစ်ပါတယ်။

နောက်ဆုံး စိတ်ဝင်စားဖွယ်ရာ အစီအစဉ်အနေနဲ့ Huawei စမတ်ဖုန်း ဝယ်ယူသူတွေကို Free Bud Lite ၊ Bluetooth Speaker နဲ့ Huawei Bag တွေ လက်ဆောင်ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး မြန်မာငွေကျပ် ၂သိန်း နဲ့အထက် ဝယ်ယူသူတွေကို သတ်မှတ်ထားတဲ့ လက်ဆောင်တွေအပြင် PowerBank လည်း ထပ်မံ လက်ဆောင်ပေးအပ်သွားမယ်လို့ သိရပါတယ်။