[Zawgyi]

















[Unicode]

ဆန်းသစ်သည့် Cash Back အစီအစဉ်များနှင့်အတူ ပြန်လည် ရောက်ရှိလာသည့် Huawei Day အစီအစဉ်

Huawei Consumer Business Group (Myanmar) မှ လစဉ်လတိုင်းပြုလုပ်လေ့ရှိသည့် Huawei Day အစီအစဉ်အား အောက်တိုဘာလ ၁ ရက်နေ့ မှ ၁၅ ရက်နေ့အတွင်း ထပ်မံပြုလုပ်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ယခု အောက်တိုဘာလ Huawei Day အစီအစဉ်တွင်

l HUAWEI P30 ဝယ်ယူသူများအား (100,000) ကျပ် Cashback

l HUAWEI nova3i ဝယ်ယူသူများအား (40,000) ကျပ် Cashback

l HUAWEI YMAX ဝယ်ယူသူများအား (50,000) ကျပ် Cashback

l HUAWEI Y7 Pro (32 GB) ဝယ်ယူသူများအား (30,000) ကျပ် Cashback

l HUAWEI Y6 Pro 2019 ဝယ်ယူသူများအား (15,000) ကျပ် Cashback

l HUAWEI Y5 2019, Y5 Prime 2018 နှင့် Y5 Lite 2018 ဝယ်ယူသူများအား (6000) ကျပ် Cashback

l MediaPad T3 10 ဝယ်ယူသူများအား ( 26,000) ကျပ် Cashback

l MediaPad T3 8.0 ဝယ်ယူသူများအား ( 10,000) ကျပ် Cashback

l MediaPad T3 7 ( 2GB) ဝယ်ယူသူများအား (24,000) ကျပ် Cashback

များ အသီးသီးပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

ထို့အပြင် Huawei Day အချိန်အတွင်း Huawei ထုတ်ကုန် ဝယ်ယူသူများမှ Cash Back အစီအစဉ်အပြင် Huawei Watch GT ၁၅ လုံး ၊ Huawei Band 4 ၁၉ လုံး နှင့် Backpack ၄၅ လုံး အား ကံစမ်းခွင့် ရရှိဦးမည်ဖြစ်သည်။

ထို့အပြင် Huawei Day အစီအစဉ်အတွင်း မြန်မာငွေကျပ် ၂ သိန်း နှင့် အထက် ဝယ်ယူသူများအား Power Bank လက်ဆောင်များပြန်လည် ပေးအပ်သွားမည်ဖြစ်သည်။

Huawei သည် စက်တင်ဘာလအတွင်းတွင် AI ကင်မရာ ၅ လုံး ပါဝင်သည့် Huawei nova 5T အား မိတ်ဆက်ခဲ့ပြီး ပေးအပ်ရသည့် ဈေးနှုန်းထပ်သာလွန်သည့် လုပ်ဆောင်ချက်အား ပေးအပ်နိုင်မှုကြောင့် Pre-Order Period အတွင်းတွင်လည်း စိတ်ဝင်စားမှု များပြားခဲ့ပြီး မှာယူမှု အမြောက်အမြား ရရှိခဲ့သည်။ Huawei nova 5T အား လက်ရှိ ဈေးကွက်ထဲတွင် မြန်မာငွေကျပ် ၅၉၉,၀၀၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူသူများအား Huawei Mini Speaker ၂ ခု အား လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

ထို့အပြင် Huawei မှ နောက်ဆုံး မိတ်ဆက်လိုက်သည့် Mate 30 Pro သည် ၎င်း၏ အဆင့်မြင့်မားသည့် 40 MP SuperSensing Camera ၊ 40 MP Cine Camera ၊ 8 MP Telephoto Camera နှင့် 3D Depth Sensing Camera များနှင့်အတူ အံ့သြသင့်ဖွယ်ကောင်းသည့် ကင်မရာလုပ်ဆောင်ချက်များကြောင့် DxOMark တွင် အမြင့်မားဆုံးသော ရမှတ်ပေါင်း ၁၂၁ မှတ်ဖြင့် စမတ်ဖုန်းလောကတွင် ထပ်မံ မှတ်ကျောက်ထပ်မံတင်နိုင်ခဲ့သည်။