[Zawgyi]

Apple ဟာ လာမယ့္ ၂၀၂၀ မွာ 5G iPhone ထုတ္လုပ္ဖို႔အတြက္ မျဖစ္ႏိုင္ေတာ့တဲ့ အေျခအေနတစ္ရပ္ကို ႀကဳံေတြ႕ေနရတာ ျဖစ္ပါတယ္။ Qualcomm နဲ႔က ျပႆနာျဖစ္ထားတာေၾကာင့္ အေရာင္းအဝယ္ျဖစ္လာမွာမဟုတ္သလို Intel ကလည္း သူကိုယ္တိုင္ 5G modem ထုတ္လုပ္မႈက ေနာက္က်ေနတာ ျဖစ္ပါတယ္။

အျခားေ႐ြးခ်ယ္စရာအျဖစ္ MediaTek ရွိေပမယ့္ Apple ရဲ႕ စံခ်ိန္စံၫႊန္းနဲ႔ မကိုက္ညီတဲ့အတြက္ ဝယ္ယူမွာ မဟုတ္ပါဘူး။ Samsung ကလည္း 5G modem ထုတ္ႏိုင္တယ္ဆိုေပမယ့္ သူ႔ကုမၸဏီအတြက္ အကန႔္အသတ္နဲ႔ပဲ ထုတ္ႏိုင္ေသးတာေၾကာင့္ Apple ကို မေရာင္းခ်ႏိုင္ေသးဘူးလို႔ ဆိုပါတယ္။

ဒီလို အခက္အခဲေတြ႕ေနတဲ့ Apple ကို Huawei က ကူညီၿပီး modem ေတြေရာင္းခ်ဖို႔ စိတ္အားထက္သန္ေနတယ္လို႔လည္း သိရပါတယ္။ လက္ရွိ ကမာၻ နံပါတ္ႏွစ္ စမတ္ဖုန္းထုတ္လုပ္တဲ့ကုမၸဏီႀကီးဟာ Balong 5000 5G modem ကို ထုတ္လုပ္ထားတာျဖစ္ၿပီး Mate 20X မွာ သုံးထားသလို Mate X မွာလည္း အသုံးျပဳမွာ ျဖစ္ပါတယ္။

Samsung က Apple ကို Display ေတြ ေရာင္းခ်သလိုမ်ိဳး Huawei အေနနဲ႔လည္း iPhone သစ္ေတြထဲမွာ သူတို႔ရဲ႕ Chip ေတြကို ရွိေနေစခ်င္တာ ျဖစ္ပါတယ္။ Intel ကလည္း ဆက္ၿပီးေနာက္က်ေနမယ္၊ Qualcomm နဲ႔လည္း ဘယ္လိုမွ အဆင္မေျပလာဘူးဆိုရင္ေတာ့ Apple အေနနဲ႔ 5G iPhone ေတြကို 2021 ႏွစ္ကုန္ပိုင္းေလာက္မွ ထုတ္မလား၊ ဒါမွမဟုတ္ Huawei ရဲ႕ ကမ္းလွမ္းခ်က္ကိုပဲ လက္ခံမလားဆိုတဲ့ ဒီႏွစ္မ်ိဳးထဲက တစ္ခုကိုေ႐ြးခ်ယ္ရမွာ ျဖစ္ပါတယ္။

ဒီအေရာင္းအဝယ္ၾကားထဲမွာ ကန႔္လန႔္ခံေနတာကေတာ့ အေမရိကန္အစိုးရရဲ႕ မူဝါဒပဲ ျဖစ္ပါလိမ့္မယ္။ သမၼတ ထရမ့္ရဲ႕ ကုန္သြယ္ေရးစစ္ပြဲမွာ Huawei သာမကဘဲ Apple ကလည္း ေရွ႕ဆုံးက ေျမစာပင္ျဖစ္ခဲ့ၾကတာပါ။ ဒါေၾကာင့္ အေရာင္းအဝယ္ ျဖစ္၊ မျဖစ္ဆိုတာ Apple ရဲ႕ ဆုံးျဖတ္ခ်က္အျပင္ အေမရိကန္အစိုးရရဲ႕ မူဝါဒ အေျပာင္းအလဲေပၚမွာလည္း မူတည္ေနတာေၾကာင့္ ဘာေတြဆက္ျဖစ္မလဲဆိုတာကို စိတ္စားစရာ ေစာင့္ၾကည့္ၾကရဦးမွာပါ။

Ref: Techradar

[Unicode]

Apple ကို 5G Modem ရောင်းပေးဖို့ စိတ်အားထက်သန်နေတဲ့ Huawei

Apple ဟာ လာမယ့် ၂၀၂၀ မှာ 5G iPhone ထုတ်လုပ်ဖို့အတွက် မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ရပ်ကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ Qualcomm နဲ့က ပြဿနာဖြစ်ထားတာကြောင့် အရောင်းအဝယ်ဖြစ်လာမှာမဟုတ်သလို Intel ကလည်း သူကိုယ်တိုင် 5G modem ထုတ်လုပ်မှုက နောက်ကျနေတာ ဖြစ်ပါတယ်။

အခြားရွေးချယ်စရာအဖြစ် MediaTek ရှိပေမယ့် Apple ရဲ့ စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့အတွက် ဝယ်ယူမှာ မဟုတ်ပါဘူး။ Samsung ကလည်း 5G modem ထုတ်နိုင်တယ်ဆိုပေမယ့် သူ့ကုမ္ပဏီအတွက် အကန့်အသတ်နဲ့ပဲ ထုတ်နိုင်သေးတာကြောင့် Apple ကို မရောင်းချနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီလို အခက်အခဲတွေ့နေတဲ့ Apple ကို Huawei က ကူညီပြီး modem တွေရောင်းချဖို့ စိတ်အားထက်သန်နေတယ်လို့လည်း သိရပါတယ်။ လက်ရှိ ကမ္ဘာ နံပါတ်နှစ် စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီကြီးဟာ Balong 5000 5G modem ကို ထုတ်လုပ်ထားတာဖြစ်ပြီး Mate 20X မှာ သုံးထားသလို Mate X မှာလည်း အသုံးပြုမှာ ဖြစ်ပါတယ်။

Samsung က Apple ကို Display တွေ ရောင်းချသလိုမျိုး Huawei အနေနဲ့လည်း iPhone သစ်တွေထဲမှာ သူတို့ရဲ့ Chip တွေကို ရှိနေစေချင်တာ ဖြစ်ပါတယ်။ Intel ကလည်း ဆက်ပြီးနောက်ကျနေမယ်၊ Qualcomm နဲ့လည်း ဘယ်လိုမှ အဆင်မပြေလာဘူးဆိုရင်တော့ Apple အနေနဲ့ 5G iPhone တွေကို 2021 နှစ်ကုန်ပိုင်းလောက်မှ ထုတ်မလား၊ ဒါမှမဟုတ် Huawei ရဲ့ ကမ်းလှမ်းချက်ကိုပဲ လက်ခံမလားဆိုတဲ့ ဒီနှစ်မျိုးထဲက တစ်ခုကိုရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဒီအရောင်းအဝယ်ကြားထဲမှာ ကန့်လန့်ခံနေတာကတော့ အမေရိကန်အစိုးရရဲ့ မူဝါဒပဲ ဖြစ်ပါလိမ့်မယ်။ သမ္မတ ထရမ့်ရဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ Huawei သာမကဘဲ Apple ကလည်း ရှေ့ဆုံးက မြေစာပင်ဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် အရောင်းအဝယ် ဖြစ်၊ မဖြစ်ဆိုတာ Apple ရဲ့ ဆုံးဖြတ်ချက်အပြင် အမေရိကန်အစိုးရရဲ့ မူဝါဒ အပြောင်းအလဲပေါ်မှာလည်း မူတည်နေတာကြောင့် ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်စားစရာ စောင့်ကြည့်ကြရဦးမှာပါ။

Ref: Techradar