[Zawgyi]

Huawei ရဲ႕ ပိတ္ပင္ခံရတဲ့ ဇာတ္လမ္းက အခုထိ မၿပီးဆုံးႏိုင္ေသးပါဘူး။ Google, ARM စတဲ့ကုမၸဏီႀကီးေတြက အဆက္အသြယ္ျဖတ္လိုက္တဲ့အျပင္ အျခားအဖြဲ႕အစည္းေတြကလည္း ဝိုင္းၿပီးပိတ္ပင္မႈေတြ ျပဳလုပ္လာတာကို ႀကဳံေတြ႕လာရပါေတာ့တယ္။

Wi-Fi မဟာမိတ္၊ SD အဖြဲ႕အစည္းနဲ႔ USB စံႏႈန္းဆိုင္ရာ အဖြဲ႕ေတြကေန ထြက္ခြာလိုက္ရတာက Huawei ရဲ႕ ပုံရိပ္ကို ပိုၿပီးထိခိုက္ေစတဲ့ သေဘာကို သက္ေရာက္ေစပါတယ္။ SD အဖြဲ႕အစည္းကေန ထြက္လိုက္ရျခင္းေၾကာင့္ Huawei အေနနဲ႔ Micro SD ကတ္ေတြနဲ႔ လမ္းခြဲလိုက္ရၿပီလို႔ ဆိုရမွာပါ။

SD Association ဟာ SD card ဖြံ႕ၿဖိဳးတိုးတက္ေရး၊ အေျခခံစံႏႈန္းေတြနဲ႔ အမွတ္တံဆိပ္ခြင့္ျပဳခ်က္ေတြကို ကုမၸဏီေတြအတြက္ စိစစ္လုပ္ေဆာင္ေပးေနတဲ့ အဖြဲ႕အစည္း ျဖစ္ပါတယ္။ အခုေတာ့ Huawei ဟာ ကယ္လီဖိုးနီးယားအေျခစိုက္ ဒီအဖြဲ႕အစည္းရဲ႕ အဖြဲ႕ဝင္အျဖစ္ကေန ထြက္ခြာလိုက္ရပါၿပီ။

ေနာက္တစ္ခုကေတာ့ တကၠဆက္မွာ အေျချပဳထားတဲ့ Wi-Fi Alliance ကေန ထြက္ခြာလိုက္ရတာပါ။ ဒီအဖြဲ႕အစည္းဟာ Wi-Fi ထုတ္ကုန္ေတြရဲ႕ စံႏႈန္းနဲ႔ဖြံ႕ၿဖိဳးတိုးတက္မႈေတြအတြက္ အသိအမွတ္ျပဳေပးေနတာျဖစ္ပါတယ္။ အျခားအဖြဲ႕အစည္းေတြကေတာ့ ဗာဂ်ီးနီးယားမွာ အေျခစိုက္တဲ့ USB နဲ႔ RAM စံႏႈန္းဆိုင္ရာအဖြဲ႕အစည္းပဲ ျဖစ္ပါတယ္။

လတ္တေလာ အေျခအေနကေတာ့ Huawei ဘက္မွာ ရွိမေနဘူးလို႔ဆိုရမွာပါ။ အေမရိကန္က ပိတ္ပိတ္တားဆီးမႈေတြကို ေျဖေလ်ာ့မေပးမခ်င္း အလားတူကိစၥရပ္ေတြက ဆက္ၿပီးျဖစ္ေနဦးမွာပါ။ Google ရဲ႕ Android, Bluetooth စတာေတြအျပင္ ARM-based processors (ျဖစ္ႏိုင္ဖြယ္ရွိ) ေတြကို Huawei စမတ္ဖုန္းသစ္ေတြမွာ ထပ္မံေတြ႕ျမင္ရေတာ့မွာ မဟုတ္ပါဘူး။

Ref: GSMArena

[Unicode]

Wi-Fi Alliance, SD Association နဲ့ အခြားစံနှုန်းဆိုင်ရာအဖွဲ့များမှ ထွက်ခွာလိုက်ရတဲ့ Huawei

Huawei ရဲ့ ပိတ်ပင်ခံရတဲ့ ဇာတ်လမ်းက အခုထိ မပြီးဆုံးနိုင်သေးပါဘူး။ Gogle, ARM စတဲ့ကုမ္ပဏီကြီးတွေက အဆက်အသွယ်ဖြတ်လိုက်တဲ့အပြင် အခြားအဖွဲ့အစည်းတွေကလည်း ဝိုင်းပြီးပိတ်ပင်မှုတွေ ပြုလုပ်လာတာကို ကြုံတွေ့လာရပါတော့တယ်။

Wi-Fi မဟာမိတ်၊ SD အဖွဲ့အစည်းနဲ့ USB စံနှုန်းဆိုင်ရာ အဖွဲ့တွေကနေ ထွက်ခွာလိုက်ရတာက Huawei ရဲ့ ပုံရိပ်ကို ပိုပြီးထိခိုက်စေတဲ့ သဘောကို သက်ရောက်စေပါတယ်။ SD အဖွဲ့အစည်းကနေ ထွက်လိုက်ရခြင်းကြောင့် Huawei အနေနဲ့ Micro SD ကတ်တွေနဲ့ လမ်းခွဲလိုက်ရပြီလို့ ဆိုရမှာပါ။

SD Association ဟာ SD card ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံစံနှုန်းတွေနဲ့ အမှတ်တံဆိပ်ခွင့်ပြုချက်တွေကို ကုမ္ပဏီတွေအတွက် စိစစ်လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အခုတော့ Huawei ဟာ ကယ်လီဖိုးနီးယားအခြေစိုက် ဒီအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ထွက်ခွာလိုက်ရပါပြီ။ ဒါကြောင့် Huawei အနေနဲ့ Micro SD အစား Nano Card တွေကိုပဲ ပြောင်းလဲသုံးစွဲလာဖွယ် ရှိတယ်လို့ ဆိုရမှာပါ။

နောက်တစ်ခုကတော့ တက္ကဆက်မှာ အခြေပြုထားတဲ့ Wi-Fi Alliance ကနေ ထွက်ခွာလိုက်ရတာပါ။ ဒီအဖွဲ့အစည်းဟာ Wi-Fi ထုတ်ကုန်တွေရဲ့ စံနှုန်းနဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အသိအမှတ်ပြုပေးနေတာဖြစ်ပါတယ်။ အခြားအဖွဲ့အစည်းတွေကတော့ ဗာဂျီးနီးယားမှာ အခြေစိုက်တဲ့ USB နဲ့ RAM စံနှုန်းဆိုင်ရာအဖွဲ့အစည်းပဲ ဖြစ်ပါတယ်။

လတ်တလော အခြေအနေကတော့ Huawei ဘက်မှာ ရှိမနေဘူးလို့ဆိုရမှာပါ။ မမေရိကန်က ပိတ်ပိတ်တားဆီးမှုတွေကို ဖြေလျော့မပေးမချင်း အလားတူကိစ္စရပ်တွေက ဆက်ပြီးဖြစ်နေဦးမှာပါ။ Google ရဲ့ Android, Bluetooth စတာတွေအပြင် ARM-based processors (ဖြစ်နိုင်ဖွယ်ရှိ) တွေကို Huawei စမတ်ဖုန်းသစ်တွေမှာ ထပ်မံတွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။

Ref: GSMArena