Huawei ဟာ လက်ရှိအချိန်မှာ US အစိုးရရဲ့ ပိတ်ဆို့မှုတွေကို ခံနေရဆဲဖြစ်ပြီး Google လိုမျိုး ကုမ္ပဏီတွေနဲ့လုပ်ငန်းဆောင်ရွက်လို့မရတော့တဲ့အတွက် Google Mobile Services လိုမျိုး Feature တွေကိုအသုံးပြုနိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း Huawei ရဲ့ Android Update တွေကတော့ တခြားသော Android စမတ်ဖုန်းတွေထက်တောင် ပိုပြီးမြန်မြန်ဆန်ဆန်ရရှိသွားမယ်လို့ ယူဆရပါတယ်။

Huawei စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ EMUI ဟာ သက်တမ်းအားဖြင့် ၈ နှစ်ကျော်ရှိနေပြီဖြစ်သလို လက်ရှိအချိန်မှာလည်း EMUI 10.1 အထိရရှိနေပြီဖြစ်ပါတယ်။ Huawei ရဲ့ Consumer Business Software Development အတွက် President အနေနဲ့တာဝန်ယူထားတဲ့ Wang Chenglu ကနေ လာမယ့် EMUI 11 နဲ့ သက်ဆိုင်တဲ့သတင်းအချို့ကို ပြောကြားခဲ့ပါတယ်။

Wang Chenglu ရဲ့ ပြောကြားချက်အရ EMUI 11 ဟာ လာမယ့် ၂၀၂၀ တတိယ ၃ လပတ်အတွင်းမှာ စတင်ထွက်ရှိလာမှာဖြစ်ပြီး Android 11 ကို အခြေခံထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါက ယခု ဇူလိုင်လကနေ လာမယ့် စက်တင်ဘာလအတွင်းဖြစ်တဲ့အတွက် Google Pixel ဖုန်းတွေ Android 11 Stable Update ရရှိမယ့် သြဂုတ်လဝန်းကျင်နဲ့ တူညီနေတယ်လို့တောင် ပြောရမှာပါ။ ပုံမှန်အားဖြင့် Android ဖုန်းတွေဟာ Google Pixel ဖုန်းတွေထက် အနည်းဆုံး ၆ လလောက်နေမှ Android Version Stable Update အသစ်ရရှိတာဖြစ်ပေမယ့် Huawei ကတော့ Pixel ဖုန်းတွေနဲ့တန်းတူနီးပါး Update ပြုလုပ်ပေးနိုင်မယ့်ပုံစံပါပဲ။

Android 11 ဟာ Android 10 နဲ့ယှဥ်မယ်ဆိုရင် Design ပိုင်းပြောင်းလဲမှုတွေ အများအပြားမရှိသလိုဘဲ EMUI 11 ဟာလည်း လက်ရှိ EMUI 10.1 ကနေ သိသိသာသာကြီးပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း Huawei ဘက်နေပြောကြားချက်အရတော့ မကြာခင်မှာ ပါဝင်လာမယ့် Feature အသစ်တွေနဲ့ Update ပြုလုပ်နိုင်မယ့် Devices တွေကို ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei စမတ်ဖုန်းအသုံးပြုသူတွေအတွက်ကတော့ Android 11 Update ကို တခြားစမတ်ဖုန်းတွေထက် ပိုစောပြီး အသုံးပြုနိုင်ဖို့များနေပါပြီ။ နောက်ထပ် စိတ်ဝင်စားစရာသတင်းတစ်ခုကတော့ အဆိုပါ EMUI 11 မိတ်ဆက်တဲ့အချိန်မှာ Huawei ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Hongmeng OS ကိုလည်း Version 2.0 အသစ်ထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Giz China