Huawei ရဲ့ စမတ်ဖုန်းတွေအတွက် အဓိက User Interface ဖြစ်တဲ့ EMUI ဟာ ရှစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ကုမ္ပဏီက အွန်လိုင်းကနေ အထူး Event တစ်ခု ကျင်းပပေးခဲ့ရာမှာ နောက်လာမယ့် ဗားရှင်းအတွက် ပထမဆုံး သဲလွန်စကိုပါ ရရှိခဲ့ပါတယ်။

Huawei ရဲ့ Consumer Business Software Department ဥက္ကဌဖြစ်သူ Dr. Wang Chenglu မှ EMUI 11 ဟာ အခုနှစ် တတိယမြောက် သုံးလပတ်ကာလ (Q3) မှာ ရောက်ရှိလာမယ်လို့ ဆိုခဲ့တာပါ။ ထွက်ရှိရက်ကို အတိအကျမပြောသေးပေမယ့် EMUI 11 နဲ့ ပထမဆုံးမြင်ရမယ့် ထုတ်ကုန်က Mate 40 စီးရီးဖြစ်မယ်လို့ သတင်းတွေက ဆိုပါတယ်။

EMUI ဟာ သူ့ရဲ့ခရီးကို 2012 ခုနှစ်က Android 4.0 ကို အခြေခံထားတဲ့ Emotion UI 1.0 အဖြစ် စတင်ခဲ့တာပါ။ အဲဒီကနေ ရှစ်နှစ်အတွင်းမှာ ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပြီး မနှစ်က ဩဂုတ်လမှာ EMUI 10 ကို ကြေညာနိုင်ခဲ့ကာ P40 စီးရီးမှာ အရင်ဆုံး ပါဝင်လာခဲ့ပါတယ်။

Huawei ရဲ့ Software ပိုင်း ခေါင်းဆောင်က Google မိုဘိုင်းဝန်ဆောင်မှုတွေကို ယှဉ်ပြိုင်ဖို့ သူတို့ကိုယ်ပိုင် Huawei Mobile Service (HMS) ကို App Developers တွေ အာရုံပိုစိုက်လာရန် ကြိုးပမ်းနေတာကိုလည်း ထပ်မံပြောကြားခဲ့ပါတယ်။

Ref – GSMArena