[Zawgyi]

ကမာၻ႔ဦးေဆာင္ ICT အေျခခံအေဆာက္အအုံႏွင့္ စမတ္စက္ပစၥည္းေထာက္ပံ့သူ Huawei ႏွင့္ ျမန္မာႏိုင္ငံအင္ဂ်င္နီယာအသင္းခ်ဳပ္တို႔ လက္တြဲ၍ ပြင့္လင္းျမင္သာစြာပူးေပါင္းကာ အျပန္အလွန္အက်ိဳးျပဳႏိုင္သည့္ ေဂဟစနစ္တစ္ခု တည္ေဆာက္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ျမန္မာႏိုင္ငံအေဆာက္အဦးတြင္းကြန္ရက္မ်ားဒစ္ဂ်စ္တယ္အသြင္ကူးေျပာင္းေရး ေဆြးေႏြးပြဲ ၂၀၁၉ ကို Pan Pacific Yangon ဟိုတယ္၌ ယေန႔တြင္ ျပဳလုပ္က်င္းပခဲ့သည္။

ျမန္မာႏိုင္ငံအေဆာက္အဦးတြင္းကြန္ရက္မ်ားဒစ္ဂ်စ္တယ္ အသြင္ကူးေျပာင္းေရးေဆြးေႏြးပြဲ ၂၀၁၉ ၌ အေဆာက္အဦးအတြင္းကြန္ရက္လႊမ္းၿခဳံမႈဒစ္ဂ်စ္တယ္အသြင္ကူးေျပာင္းေရးႏွင့္ ပတ္သက္၍ လက္ရွိတြင္ လူသိမ်ားႏွစ္သက္ေနသည့္ေခါင္းစဥ္မ်ား ႏွင့္ ျမန္မာႏိုင္ငံအတြင္းရွိ အေဆာက္အဦး တြင္းကြန္ရက္သစ္မ်ား ဒစ္ဂ်စ္တယ္အသြင္ကူးေျပာင္းေရးဆိုင္ရာ ေခါင္းစဥ္မ်ားကို ေဆြးေႏြးသြား မည္ျဖစ္သည္။ ဆက္သြယ္ေရးကြန္ရက္မ်ား၏ဖြံ႕ၿဖိဳးလာမႈသည္ လ်င္ျမန္စြာတိုးတက္ေျပာင္းလဲေန သည့္ ျမန္မာႏိုင္ငံအတြက္ ပိုမိုအေရးပါလာသည္။ လက္ရွိတြင္ ၈၀% ေသာ ျမန္ႏႈန္းျမင့္ေဒတာ ဝန္ေဆာင္မႈမ်ားကို အေဆာက္အဦးတြင္းကြန္ရက္မ်ား အထူးသျဖင့္ အထပ္ျမင့္အေဆာက္အဦး မ်ားတြင္ အသုံးျပဳလ်က္ ရွိသည္။

အနာဂတ္ 5G နည္းပညာသည္ အမ်ိဳးအစားပိုမိုစုံလင္သည့္ ဝန္ေဆာင္မႈမ်ားကို ေပးစြမ္းႏိုင္ၿပီး စီးပြား ေရးလုပ္ငန္းမ်ား၏ တိုးခ်ဲ႕ႏိုင္စြမ္းကို ပိုမိုျမင့္မားေစႏိုင္သျဖင့္ ပိုမိုမ်ားျပားသည့္မိုဘိုင္းလ္ဝန္ေဆာင္မႈ မ်ားသည္ အေဆာက္အဦးတြင္းကြန္ရက္မ်ားတြင္ ေနရာယူလာမည္ဟု နယ္ပယ္တစ္ခုလုံးက ခန႔္ မွန္းထားၾကေသာေၾကာင့္ အေဆာက္အဦးတြင္းကြန္ရက္ျဖန႔္က်က္မႈသည္ တန္ဖိုးျမင့္မိုဘိုင္းလ္ ဝန္ေဆာင္မႈမ်ားအတြက္ အဓိကက်လာသည္။ အေဆာက္အဦးတြင္းကြန္ရက္ျဖန႔္က်က္မႈဆိုင္ရာ ဒစ္ဂ်စ္တယ္ solution မ်ားသည္ cloud VR၊ နည္းပညာျမင့္က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ အလြန္ တိက်သည့္အေဆာက္အဦးတြင္းတည္ေနရာသတ္မွတ္ျခင္းဝန္ေဆာင္မႈမ်ားကို ေထာက္ပံ့ေပးျခင္း ျဖင့္ အဖြဲ႕အစည္းမ်ားႏွင့္ စီးပြားေရးလုပ္ငန္းမ်ား ၏ လုပ္ငန္းေဆာင္႐ြက္ခ်က္မ်ားကို အေထာက္အကူ ျပဳႏိုင္သည္။ ၎က ပိုမိုျမန္ဆန္အဆင္ေျပသည့္အေတြ႕အႀကဳံမ်ား၊ ကြန္ရက္ဒီဇိုင္းႏွင့္ပုံစံမ်ားကို ျပဳျပင္ရန္မလိုဘဲ 5G သို႔ ေျပာင္းလဲအသုံးျပဳႏိုင္သျဖင့္ ပိုမိုတိုးတက္ေကာင္းမြန္ျခင္း၊ E2E visualized O&M ကို အသုံးျပဳထားျခင္းေၾကာင့္ လုပ္ငန္း လည္ပတ္ထိန္းသိမ္းစရိတ္ကို ေလွ်ာ့ခ်ႏိုင္ျခင္းမ်ားကို လည္း ေပးအပ္ႏိုင္သည္။

Huawei Myanmar ၏ CEO ျဖစ္သူ Mr. Zhang Liman က “5G ေခတ္ေရာက္တဲ့အခါ ေကာင္းက်ိဳးေတြ အမ်ားႀကီးရွိၿပီး လူသိမ်ားလာတဲ့ အေဆာက္အဦးတြင္းကြန္ရက္ေတြက တန္ဖိုးျမင့္မိုဘိုင္းကြန္ယက္ေတြ လုပ္ငန္းလုပ္ေဆာင္ရာမွာ အဓိကအေရးႀကီးတဲ့ ေနရာကပါဝင္လာ မွာပါ။ ဒစ္ဂ်စ္တယ္ကြန္ရက္ကသာလ်င္ ပိုၿပီး ထူးျခားဆန္းသစ္တဲ့ ဝန္ေဆာင္မႈေတြ၊ ပိုၿပီးျမန္ဆန္ တဲ့ အခ်က္အလက္ေျပာင္းေ႐ႊ႕ႏႈန္းေတြ၊ ထိေရာက္တဲ့ E2E လုပ္ေဆာင္ခ်က္ေတြ နဲ႔ 5G ကို ေခ်ာေမြ႕ စြာ ကူးေျပာင္းအသုံးျပဳႏိုင္ျခင္းေတြကို ေပးစြမ္းႏိုင္မွာပါ။ စမတ္စီးတီးေတြ တည္ေဆာက္ရာမွာလည္း အေဆာက္အဦးတြင္းဒစ္ဂ်စ္တယ္ကြန္ရက္ေတြက အေရးႀကီးတာေၾကာင့္ ဒီအေဆာက္အဦးတြင္း ကြန္ရက္ေတြ ဒစ္ဂ်စ္တယ္အသြင္ကူးေျပာင္းျခင္းက နယ္ပယ္ရဲ႕ အနာဂတ္ ျဖစ္တယ္ဆိုတာ မလြဲပါ ဘူး။” ဟု ေျပာၾကားသည္။

“ဒီေန႔ပြဲကေတာ့ ျမန္မာႏိုင္ငံမွာ ဒီကြန္ရက္ေတြဖြံ႕ၿဖိဳးလာဖို႔ နဲ႔ ICS/FTTX နယ္ပယ္မွာ စံခ်ိန္စံၫြန္း သတ္မွတ္ခ်က္ေတြျပဳလုပ္ဖို႔ လိုအပ္ေနတယ္ဆိုတာကို ေဆြးေႏြးသြားမွာပါ။ ျမန္မာႏိုင္ငံအင္ဂ်င္နီ ယာအသင္းခ်ဳပ္နဲ႔ ပူးေပါင္းက်င္းပတဲ့ ဒီေဆြးေႏြးပြဲကတဆင့္ Hawei က ႏိုင္ငံသားေတြရဲ႕ေန႔စဥ္ဘဝ လူေနမႈအဆင့္တိုးတက္လာေစဖို႔နဲ႔ ဒစ္ဂ်စ္တယ္ျမန္မာႏိုင္ငံတည္ေထာင္ဖို႔ ကတိကဝတ္ျပဳထားတာ ကိုလည္း ေဖာ္ျပေနတာပါ။” ဟု Mr. Zhang Liman က ဆိုသည္။

ျမန္မာႏိုင္ငံအင္ဂ်င္နီယာအသင္းခ်ဳပ္ဥကၠဌ ဦးေအာင္ျမင့္ က “သုံးစြဲသူေတြက အရည္ေသြးျမင့္တဲ့ ကြန္ရက္ဝန္ေဆာင္မႈေတြကို အခ်ိန္မေ႐ြး ေနရာမေ႐ြး ရရွိသုံးစြဲလိုၾကပါတယ္။ ဒီလိုေပးအပ္ဖို႔ဆိုတဲ့ ေနရာမွာ အေဆာက္အဦးတြင္းကြန္ရက္ေတြက အေရးႀကီးတဲ့ေနရာက ပါဝင္လာပါတယ္။ ဒါေပမယ့္ လက္ရွိ အေဆာက္အဦးတြင္းကြန္ရက္အေတြ႕အႀကဳံေတြက သုံးစြဲသူေတြရဲ႕ေမွ်ာ္မွန္းခ်က္ကို အျပည့္ အဝမျဖည့္ဆည္းႏိုင္ပါဘူး။ အထူးသျဖင့္ အထပ္ျမင့္အေဆာက္အဦးအိမ္ယာေတြမွာပါ။ အေဆာက္ အဦးတြင္းကြန္ရက္ေတြဒစ္ဂ်စ္တယ္အသြင္ကူးေျပာင္းေရးအတြက္ နည္းပညာ၊ အိမ္ၿခံေျမ ေဆာက္လုပ္ေရး နဲ႔ အျခားေသာသက္ဆိုင္ရာနယ္ပယ္ေတြက ပူးေပါင္းပါဝင္ၿပီးေတာ့ တူညီတဲ့ စံခ်ိန္စံၫႊန္းနဲ႔ လုပ္ေဆာင္ဖို႔လိုအပ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အႀကီးမားဆုံးေသာအင္ဂ်င္နီယာအဖြဲ႕ အစည္းတစ္ခု ျဖစ္တဲ့ ျမန္မာႏိုင္ငံအင္ဂ်င္နီယာအသင္းခ်ဳပ္အေနနဲ႔ Huawei နဲ႔ ပူးေပါင္းၿပီး အေဆာက္အဦးတြင္း ကြန္ရက္ေတြဒစ္ဂ်စ္တယ္အသြင္ကူးေျပာင္းေရး နဲ႔ ျမန္မာ ICS/FTTX နယ္ပယ္အတြက္ စံႏႈန္းသက္မွတ္မႈေတြကို ျမႇင့္တင္လိုၿပီး လက္ေတြ႕ဘဝေတြကို အမွတ္တကယ္ သက္ေရာက္မႈျဖစ္ေစတဲ့ နည္းပညာအေျခခံအေဆာက္အအုံနဲ႔ ပတ္သက္တဲ့ေခါင္းစဥ္ေတြ၊ လက္ရွိ အသုံးျပဳေနမႈေတြနဲ႔ ေကာင္းမြန္တဲ့ solution ကို ရွာေဖြမယ့္အခုေဆြးေႏြးပြဲကို တက္ေရာက္ရတာ တကယ္ပဲ ဝမ္းေျမာက္ဝမ္းသာျဖစ္ရပါတယ္။” ဟု ေျပာၾကားသည္။

ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ ဒုတိယၫႊန္ၾကားေရးမႉး ခ်ဳပ္ ဦးစိုးႏိုင္ က “ျမန္မာႏိုင္ငံ ဆက္သြယ္ေရးနယ္ပယ္ဖြံ႕ၿဖိဳးတိုးတက္ဖို႔ စိတ္ခ်ယုံၾကည္ရတဲ့ ဆက္သြယ္ေရးsolutionေတြ၊ ကြၽမ္းက်င္အတတ္ပညာဝန္ေဆာင္မႈေတြကို ပံ့ပိုးေပးၿပီး ကူညီ ေထာက္ပံ့ေနတဲ့ Huawei ကို ေက်းဇူးအထူးတင္ရွိပါတယ္။ ျမန္မာႏိုင္ငံရဲ႕အနာဂတ္ဆက္သြယ္ ေရးကြန္ရက္တည္ေဆာက္မႈမွာ ပါဝင္ဖို႔လည္း Huawei ကို ႀကိဳဆိုပါတယ္။ ဆက္သြယ္ေရးလုပ္ငန္း သုံးပစၥည္းေထာက္ပံ့သူ မည္သူမဆို ျမန္မာႏိုင္ငံရဲ႕တည္ဆဲဥပေဒေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာမယ္ဆိုရင္ တရားမွ်မွ်တတ ယွဥ္ၿပိဳင္တဲ့ေနရာမွာ ဘယ္သူ႔ကိုမွ ပိတ္ပင္သြားမွာမဟုတ္ပါ ဘူး။ တခ်ိန္တည္းမွာပဲ ျမန္မာႏိုင္ငံရဲ႕ ကြန္ရက္လုံၿခဳံမႈရွိေစဖို႔အတြက္ ဆိုင္ဘာလုံၿခဳံေရးနဲ႔အျခား ဆက္စပ္နည္းပညာစံခ်ိန္စံၫႊန္းေတြကို လည္း ခ်မွတ္ေပးသြားမွာပါ။” ဟု ေျပာၾကားသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၏ အၿမဲတမ္းအတြင္းဝန္ျဖစ္သူ ဦးဝင္းတင့္က “ျမန္မာႏိုင္ငံမွာ စမတ္ အေဆာက္အဦးေတြနဲ႔ စမတ္စီးပြားေရးဖြံ႕ၿဖိဳးလာဖို႔အတြက္ နယ္ပယ္က႑အားလုံးက ပါဝင္ႀကိဳးပမ္း ၾကဖို႔ လိုအပ္ပါတယ္။ အိမ္ၿခံေျမေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြအေနနဲ႔ အသိဉာဏ္ပါဝင္လုပ္ ေဆာင္ႏိုင္တဲ့ စက္ပစၥည္းေတြနဲ႔ ဆက္သြယ္ေရးလိုင္းႀကိဳးေတြထည့္သြင္းဖို႔ေနရာကို အေဆာက္ အဦးဒီဇိုင္းျပဳလုပ္တဲ့အခ်ိန္ထဲက ထည့္သြင္းစဥ္းစားေစခ်င္ပါတယ္။ ဒါမွလည္း ဆက္သြယ္ေရး စက္ပစၥည္းေတြကို အလြယ္တကူ တပ္ဆင္အသုံးျပဳႏိုင္မွာျဖစ္လို႔ပါ။ ကြၽန္ေတာ္တို႔က ပါဝင္ေဆာင္ ႐ြက္ၾကတဲ့မိတ္ဖက္အားလုံးအတြက္ ဆက္သြယ္ေရးကုန္က်စရိတ္ေတြေလ်ာ့က်ေစၿပီး လုပ္ငန္းစြမ္း ေဆာင္ရည္တိုးတက္လာေစဖို႔ သင့္ေလ်ာ္တဲ့ပတ္ဝန္းက်င္တစ္ခုေထာက္ပံ့ေပးဖို႔ ရည္႐ြယ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္တဲ့ေဆြးေႏြးမႈေတြ၊ ပူးေပါင္းေဆာင္႐ြက္မႈေတြကို Huawei နဲ႔ ျမန္မာႏိုင္ငံ အင္ဂ်င္နီယာမ်ားအသင္းခ်ဳပ္တို႔က စတင္လုပ္ေဆာင္ေပးေနတာကိုေတြ႕ရတဲ့အတြက္ ဝမ္းေျမာက္ ဝမ္းသာျဖစ္ရသလို ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးနယ္ပယ္အတြက္ Huawei ရဲ႕ အဆက္မျပတ္ ပံ့ပိုးမႈေတြအတြက္လည္း ေက်းဇူးတင္ရွိပါတယ္။ နယ္ပယ္အားလုံးအေနနဲ႔လည္း အားလုံးတိုးတက္ ဖြံ႕ၿဖိဳးလာဖို႔အတြက္ ကိုယ္ပိုင္အႀကံဉာဏ္ေတြကို ေပးႏိုင္ၿပီး သက္ဆိုင္ရာနယ္ပယ္အလိုက္ စြမ္းရည္ အျပည့္အဝအသုံးျပဳႏိုင္ၾကဖို႔ ေမွ်ာ္လင့္ပါတယ္။ ပိုၿပီးေကာင္းမြန္တဲ့ ျမန္မာႏိုင္ငံျဖစ္လာဖို႔ အားလုံး အတူ ေဆာင္႐ြက္သြားၾကရ ေအာင္လားခင္မ်ာ။” ဟု ေျပာၾကားသည္။

အေဆာက္အဦးတြင္းကြန္ရက္မ်ားဒစ္ဂ်စ္တယ္အသြင္ကူးေျပာင္းေရးေဆြးေႏြးပြဲမ်ားကို ေရရွည္ က်င္းပသြားရန္၊အျခားေသာဦးေဆာင္လႈပ္ရွားမႈမ်ားေဆာင္႐ြက္ရန္၊ အေဆာက္အဦးတြင္းကြန္ရက္ မ်ားႏွင့္ အျခားေသာ ဦးေဆာင္လႈပ္ရွားမႈမ်ားေဆာင္႐ြက္ရန္၊ အေဆာက္အဦးအတြင္းကြန္ရက္မ်ား ႏွင့္ FTTH စံၫႊန္းမ်ား အေကာင္အထည္ေဖာ္ေဆာင္ေရး၊ လုပ္ငန္းလည္ပတ္ႏိုင္ေရးႏွင့္ အေရာင္း ျမႇင့္တင္ေရးမ်ားကို ပူးေပါင္းေဆာင္႐ြက္ သေဘာတူညီမႈစာခ်ဳပ္တစ္ခုကို ျမန္မာႏိုင္ငံအင္ဂ်င္နီယာ အသင္းခ်ဳပ္ႏွင့္ Huawei တို႔ ၂၀၁၉ ခုႏွစ္အစပိုင္းတြင္ လက္မွတ္ေရးထိုးခဲ့ၾကသည္။ ထို႔ျပင္ ျမန္မာ ႏိုင္ငံအင္ဂ်င္နီယာအသင္းခ်ဳပ္သည္ cloud၊ e-learning ဆိုင္ရာ အသိအမွတ္ျပဳလက္မွတ္ေပးသည့္ အစီအစဥ္မ်ားႏွင့္ အလုပ္သင္အစီအစဥ္မ်ားအပါအဝင္ အျခားသတ္မွတ္နယ္ပယ္မ်ားဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ Huawei ႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္သည္။ ေဆြးေႏြးပြဲတြင္ အစိုးရဌာနမ်ား၊ ဆက္သြယ္ေရးေအာ္ပေရတာမ်ား၊ အိမ္ၿခံေျမေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား၊ နယ္ပယ္တြင္း ေလ့ လာစမ္းစစ္သူမ်ား ႏွင့္ အျခားေသာၾသဇာရွိအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားက ထဲထဲဝင္ဝင္ ပါဝင္ေဆြးေႏြးၾကကာ အေတြးအျမင္မ်ား ဖလွယ္ခဲ့ၾကသည္။

[Unicode]

Huawei နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ လက်တွဲကာ မြန်မာ အဆောက်အဦးတွင်းကွန်ရက်များ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆွေးနွေးပွဲ ၂၀၁၉ ကို ကျင်းပပြုလုပ်

ကမ္ဘာ့ဦးဆောင် ICT အခြေခံအဆောက်အအုံနှင့် စမတ်စက်ပစ္စည်းထောက်ပံ့သူ Huawei နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ လက်တွဲ၍ ပွင့်လင်းမြင်သာစွာပူးပေါင်းကာ အပြန်အလှန်အကျိုးပြုနိုင်သည့် ဂေဟစနစ်တစ်ခု တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံအဆောက်အဦးတွင်းကွန်ရက်များဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆွေးနွေးပွဲ ၂၀၁၉ ကို Pan Pacific Yangon ဟိုတယ်၌ ယနေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံအဆောက်အဦးတွင်းကွန်ရက်များဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးဆွေးနွေးပွဲ ၂၀၁၉ ၌ အဆောက်အဦးအတွင်းကွန်ရက်လွှမ်းခြုံမှုဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍ လက်ရှိတွင် လူသိများနှစ်သက်နေသည့်ခေါင်းစဉ်များ နှင့် မြန်မာနိုင်ငံအတွင်းရှိ အဆောက်အဦး တွင်းကွန်ရက်သစ်များ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာ ခေါင်းစဉ်များကို ဆွေးနွေးသွား မည်ဖြစ်သည်။ ဆက်သွယ်ရေးကွန်ရက်များ၏ဖွံ့ဖြိုးလာမှုသည် လျင်မြန်စွာတိုးတက်ပြောင်းလဲနေ သည့် မြန်မာနိုင်ငံအတွက် ပိုမိုအရေးပါလာသည်။ လက်ရှိတွင် ၈၀% သော မြန်နှုန်းမြင့်ဒေတာ ဝန်ဆောင်မှုများကို အဆောက်အဦးတွင်းကွန်ရက်များ အထူးသဖြင့် အထပ်မြင့်အဆောက်အဦး များတွင် အသုံးပြုလျက် ရှိသည်။

အနာဂတ် 5G နည်းပညာသည် အမျိုးအစားပိုမိုစုံလင်သည့် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ပြီး စီးပွား ရေးလုပ်ငန်းများ၏ တိုးချဲ့နိုင်စွမ်းကို ပိုမိုမြင့်မားစေနိုင်သဖြင့် ပိုမိုများပြားသည့်မိုဘိုင်းလ်ဝန်ဆောင်မှု များသည် အဆောက်အဦးတွင်းကွန်ရက်များတွင် နေရာယူလာမည်ဟု နယ်ပယ်တစ်ခုလုံးက ခန့် မှန်းထားကြသောကြောင့် အဆောက်အဦးတွင်းကွန်ရက်ဖြန့်ကျက်မှုသည် တန်ဖိုးမြင့်မိုဘိုင်းလ် ဝန်ဆောင်မှုများအတွက် အဓိကကျလာသည်။ အဆောက်အဦးတွင်းကွန်ရက်ဖြန့်ကျက်မှုဆိုင်ရာ ဒစ်ဂျစ်တယ် solution များသည် cloud VR၊ နည်းပညာမြင့်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလွန် တိကျသည့်အဆောက်အဦးတွင်းတည်နေရာသတ်မှတ်ခြင်းဝန်ဆောင်မှုများကို ထောက်ပံ့ပေးခြင်း ဖြင့် အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများ ၏ လုပ်ငန်းဆောင်ရွက်ချက်များကို အထောက်အကူ ပြုနိုင်သည်။ ၎င်းက ပိုမိုမြန်ဆန်အဆင်ပြေသည့်အတွေ့အကြုံများ၊ ကွန်ရက်ဒီဇိုင်းနှင့်ပုံစံများကို ပြုပြင်ရန်မလိုဘဲ 5G သို့ ပြောင်းလဲအသုံးပြုနိုင်သဖြင့် ပိုမိုတိုးတက်ကောင်းမွန်ခြင်း၊ E2E visualized O&M ကို အသုံးပြုထားခြင်းကြောင့် လုပ်ငန်း လည်ပတ်ထိန်းသိမ်းစရိတ်ကို လျှော့ချနိုင်ခြင်းများကို လည်း ပေးအပ်နိုင်သည်။

Huawei Myanmar ၏ CEO ဖြစ်သူ Mr. Zhang Liman က “5G ခေတ်ရောက်တဲ့အခါ ကောင်းကျိုးတွေ အများကြီးရှိပြီး လူသိများလာတဲ့ အဆောက်အဦးတွင်းကွန်ရက်တွေက တန်ဖိုးမြင့်မိုဘိုင်းကွန်ယက်တွေ လုပ်ငန်းလုပ်ဆောင်ရာမှာ အဓိကအရေးကြီးတဲ့ နေရာကပါဝင်လာ မှာပါ။ ဒစ်ဂျစ်တယ်ကွန်ရက်ကသာလျင် ပိုပြီး ထူးခြားဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ၊ ပိုပြီးမြန်ဆန် တဲ့ အချက်အလက်ပြောင်းရွှေ့နှုန်းတွေ၊ ထိရောက်တဲ့ E2E လုပ်ဆောင်ချက်တွေ နဲ့ 5G ကို ချောမွေ့ စွာ ကူးပြောင်းအသုံးပြုနိုင်ခြင်းတွေကို ပေးစွမ်းနိုင်မှာပါ။ စမတ်စီးတီးတွေ တည်ဆောက်ရာမှာလည်း အဆောက်အဦးတွင်းဒစ်ဂျစ်တယ်ကွန်ရက်တွေက အရေးကြီးတာကြောင့် ဒီအဆောက်အဦးတွင်း ကွန်ရက်တွေ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းက နယ်ပယ်ရဲ့ အနာဂတ် ဖြစ်တယ်ဆိုတာ မလွဲပါ ဘူး။” ဟု ပြောကြားသည်။

“ဒီနေ့ပွဲကတော့ မြန်မာနိုင်ငံမှာ ဒီကွန်ရက်တွေဖွံ့ဖြိုးလာဖို့ နဲ့ ICS/FTTX နယ်ပယ်မှာ စံချိန်စံညွန်း သတ်မှတ်ချက်တွေပြုလုပ်ဖို့ လိုအပ်နေတယ်ဆိုတာကို ဆွေးနွေးသွားမှာပါ။ မြန်မာနိုင်ငံအင်ဂျင်နီ ယာအသင်းချုပ်နဲ့ ပူးပေါင်းကျင်းပတဲ့ ဒီဆွေးနွေးပွဲကတဆင့် Hawei က နိုင်ငံသားတွေရဲ့နေ့စဉ်ဘဝ လူနေမှုအဆင့်တိုးတက်လာစေဖို့နဲ့ ဒစ်ဂျစ်တယ်မြန်မာနိုင်ငံတည်ထောင်ဖို့ ကတိကဝတ်ပြုထားတာ ကိုလည်း ဖော်ပြနေတာပါ။” ဟု Mr. Zhang Liman က ဆိုသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဌ ဦးအောင်မြင့် က “သုံးစွဲသူတွေက အရည်သွေးမြင့်တဲ့ ကွန်ရက်ဝန်ဆောင်မှုတွေကို အချိန်မရွေး နေရာမရွေး ရရှိသုံးစွဲလိုကြပါတယ်။ ဒီလိုပေးအပ်ဖို့ဆိုတဲ့ နေရာမှာ အဆောက်အဦးတွင်းကွန်ရက်တွေက အရေးကြီးတဲ့နေရာက ပါဝင်လာပါတယ်။ ဒါပေမယ့် လက်ရှိ အဆောက်အဦးတွင်းကွန်ရက်အတွေ့အကြုံတွေက သုံးစွဲသူတွေရဲ့မျှော်မှန်းချက်ကို အပြည့် အဝမဖြည့်ဆည်းနိုင်ပါဘူး။ အထူးသဖြင့် အထပ်မြင့်အဆောက်အဦးအိမ်ယာတွေမှာပါ။ အဆောက် အဦးတွင်းကွန်ရက်တွေဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် နည်းပညာ၊ အိမ်ခြံမြေ ဆောက်လုပ်ရေး နဲ့ အခြားသောသက်ဆိုင်ရာနယ်ပယ်တွေက ပူးပေါင်းပါဝင်ပြီးတော့ တူညီတဲ့ စံချိန်စံညွှန်းနဲ့ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသောအင်ဂျင်နီယာအဖွဲ့ အစည်းတစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်အနေနဲ့ Huawei နဲ့ ပူးပေါင်းပြီး အဆောက်အဦးတွင်း ကွန်ရက်တွေဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး နဲ့ မြန်မာ ICS/FTTX နယ်ပယ်အတွက် စံနှုန်းသက်မှတ်မှုတွေကို မြှင့်တင်လိုပြီး လက်တွေ့ဘဝတွေကို အမှတ်တကယ် သက်ရောက်မှုဖြစ်စေတဲ့ နည်းပညာအခြေခံအဆောက်အအုံနဲ့ ပတ်သက်တဲ့ခေါင်းစဉ်တွေ၊ လက်ရှိ အသုံးပြုနေမှုတွေနဲ့ ကောင်းမွန်တဲ့ solution ကို ရှာဖွေမယ့်အခုဆွေးနွေးပွဲကို တက်ရောက်ရတာ တကယ်ပဲ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။” ဟု ပြောကြားသည်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးစိုးနိုင် က “မြန်မာနိုင်ငံ ဆက်သွယ်ရေးနယ်ပယ်ဖွံ့ဖြိုးတိုးတက်ဖို့ စိတ်ချယုံကြည်ရတဲ့ ဆက်သွယ်ရေးsolutionတွေ၊ ကျွမ်းကျင်အတတ်ပညာဝန်ဆောင်မှုတွေကို ပံ့ပိုးပေးပြီး ကူညီ ထောက်ပံ့နေတဲ့ Huawei ကို ကျေးဇူးအထူးတင်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့အနာဂတ်ဆက်သွယ် ရေးကွန်ရက်တည်ဆောက်မှုမှာ ပါဝင်ဖို့လည်း Huawei ကို ကြိုဆိုပါတယ်။ ဆက်သွယ်ရေးလုပ်ငန်း သုံးပစ္စည်းထောက်ပံ့သူ မည်သူမဆို မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် တရားမျှမျှတတ ယှဉ်ပြိုင်တဲ့နေရာမှာ ဘယ်သူ့ကိုမှ ပိတ်ပင်သွားမှာမဟုတ်ပါ ဘူး။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ကွန်ရက်လုံခြုံမှုရှိစေဖို့အတွက် ဆိုင်ဘာလုံခြုံရေးနဲ့အခြား ဆက်စပ်နည်းပညာစံချိန်စံညွှန်းတွေကို လည်း ချမှတ်ပေးသွားမှာပါ။” ဟု ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးဝင်းတင့်က “မြန်မာနိုင်ငံမှာ စမတ် အဆောက်အဦးတွေနဲ့ စမတ်စီးပွားရေးဖွံ့ဖြိုးလာဖို့အတွက် နယ်ပယ်ကဏ္ဍအားလုံးက ပါဝင်ကြိုးပမ်း ကြဖို့ လိုအပ်ပါတယ်။ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ အသိဉာဏ်ပါဝင်လုပ် ဆောင်နိုင်တဲ့ စက်ပစ္စည်းတွေနဲ့ ဆက်သွယ်ရေးလိုင်းကြိုးတွေထည့်သွင်းဖို့နေရာကို အဆောက် အဦးဒီဇိုင်းပြုလုပ်တဲ့အချိန်ထဲက ထည့်သွင်းစဉ်းစားစေချင်ပါတယ်။ ဒါမှလည်း ဆက်သွယ်ရေး စက်ပစ္စည်းတွေကို အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်မှာဖြစ်လို့ပါ။ ကျွန်တော်တို့က ပါဝင်ဆောင် ရွက်ကြတဲ့မိတ်ဖက်အားလုံးအတွက် ဆက်သွယ်ရေးကုန်ကျစရိတ်တွေလျော့ကျစေပြီး လုပ်ငန်းစွမ်း ဆောင်ရည်တိုးတက်လာစေဖို့ သင့်လျော်တဲ့ပတ်ဝန်းကျင်တစ်ခုထောက်ပံ့ပေးဖို့ ရည်ရွယ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို Huawei နဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာများအသင်းချုပ်တို့က စတင်လုပ်ဆောင်ပေးနေတာကိုတွေ့ရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာဖြစ်ရသလို မြန်မာနိုင်ငံ ဆောက်လုပ်ရေးနယ်ပယ်အတွက် Huawei ရဲ့ အဆက်မပြတ် ပံ့ပိုးမှုတွေအတွက်လည်း ကျေးဇူးတင်ရှိပါတယ်။ နယ်ပယ်အားလုံးအနေနဲ့လည်း အားလုံးတိုးတက် ဖွံ့ဖြိုးလာဖို့အတွက် ကိုယ်ပိုင်အကြံဉာဏ်တွေကို ပေးနိုင်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် စွမ်းရည် အပြည့်အဝအသုံးပြုနိုင်ကြဖို့ မျှော်လင့်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ မြန်မာနိုင်ငံဖြစ်လာဖို့ အားလုံး အတူ ဆောင်ရွက်သွားကြရ အောင်လားခင်မျာ။” ဟု ပြောကြားသည်။

အဆောက်အဦးတွင်းကွန်ရက်များဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆွေးနွေးပွဲများကို ရေရှည် ကျင်းပသွားရန်၊အခြားသောဦးဆောင်လှုပ်ရှားမှုများဆောင်ရွက်ရန်၊ အဆောက်အဦးတွင်းကွန်ရက် များနှင့် အခြားသော ဦးဆောင်လှုပ်ရှားမှုများဆောင်ရွက်ရန်၊ အဆောက်အဦးအတွင်းကွန်ရက်များ နှင့် FTTH စံညွှန်းများ အကောင်အထည်ဖော်ဆောင်ရေး၊ လုပ်ငန်းလည်ပတ်နိုင်ရေးနှင့် အရောင်း မြှင့်တင်ရေးများကို ပူးပေါင်းဆောင်ရွက် သဘောတူညီမှုစာချုပ်တစ်ခုကို မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်နှင့် Huawei တို့ ၂၀၁၉ ခုနှစ်အစပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့ပြင် မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းချုပ်သည် cloud၊ e-learning ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ပေးသည့် အစီအစဉ်များနှင့် အလုပ်သင်အစီအစဉ်များအပါအဝင် အခြားသတ်မှတ်နယ်ပယ်များဖွံ့ဖြိုးတိုးတက် ရေးအတွက် Huawei နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင် အစိုးရဌာနများ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ နယ်ပယ်တွင်း လေ့ လာစမ်းစစ်သူများ နှင့် အခြားသောသြဇာရှိအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးကြကာ အတွေးအမြင်များ ဖလှယ်ခဲ့ကြသည်။