[Zawgyi]

Huawei က Kirin 710F SoC ပါတဲ့ Enjoy 10 Plus ကို ၿပီးခဲ့တဲ့လက မိတ္ဆက္ခဲ့ပါတယ္။ အခုေတာ့ အဲဒီ စမတ္ဖုန္းထက္ အနည္းငယ္ စြမ္းရည္နိမ့္တဲ့ Enjoy 10 ကို တရား၀င္ ေၾကညာလိုက္ပါၿပီ။ Enjoy 10 မွာ ၆.၃၉ လက္မ HD+ Display ထည့္သြင္းထားၿပီး ဘယ္ဘက္အထက္ေထာင့္မွာ 8MP Punch-hole Selfie Camera တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၂ လံုးကို ေဒါင္လိုက္ ထည့္သြင္းထားၿပီး 48MP Main နဲ႔ 2MP Depth Sensor ေတြ ျဖစ္ပါတယ္။ Plus Version မွာ အေနာက္ကင္မရာေတြနဲ႔အတူ တပ္ဆင္ထားတဲ့ လက္ေဗြရာ အာရံုခံ ကိရိယာေတာ့ Enjoy 10 မွာ မပါလာပါဘူး။

Enjoy 10 မွာ Kirin 710F SoC ကိုပဲ သံုးထားပါတယ္။ Android Pie အေျချပဳ EMUI 9.1 ေမာင္းႏွင္ထားပါတယ္။ 4GB/64GB, 4GB/128GB နဲ႔ 6GB/64GB ေတြ ထုတ္လုပ္ထားပါတယ္။ 512GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္ပါတယ္။ အေရာင္ ၄ မ်ိဳးထုတ္လုပ္ထားပါတယ္။ 4,000mAh Battery ပါလာၿပီး microUSB Port ပဲပါတာက သိပ္မမိုက္ပါဘူး။

တရုတ္မွာ Enjoy 10 ကို ႏို၀င္ဘာလ ၁ ရက္ေန႔မွာ စေရာင္းမွာ ျဖစ္ပါတယ္။ တန္ဖိုးအနည္းဆံုး 4/64GB Model ကို ၁,၁၉၉ ယြမ္ ၊ 4/128GB Model ကို ၁,၃၉၉ ယြမ္နဲ႔ 6/64GB Model ကို ၁,၃၉၉ ယြမ္ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၂၆၀,၀၀၀ ၊ ၃၀၀,၀၀၀ နဲ႔ ၃၀၀,၀၀၀ ေလာက္ အသီးသီးရွိပါတယ္။

Ref : gsmarena

[Unicode]

6.39” Punch-hole Display ပါတဲ့ Huawei Enjoy 10 ကို ကြေညာပြီ

Huawei က Kirin 710F SoC ပါတဲ့ Enjoy 10 Plus ကို ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းထက် အနည်းငယ် စွမ်းရည်နိမ့်တဲ့ Enjoy 10 ကို တရားဝင် ကြေညာလိုက်ပါပြီ။ Enjoy 10 မှာ ၆.၃၉ လက်မ HD+ Display ထည့်သွင်းထားပြီး ဘယ်ဘက်အထက်ထောင့်မှာ 8MP Punch-hole Selfie Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးကို ဒေါင်လိုက် ထည့်သွင်းထားပြီး 48MP Main နဲ့ 2MP Depth Sensor တွေ ဖြစ်ပါတယ်။ Plus Version မှာ အနောက်ကင်မရာတွေနဲ့အတူ တပ်ဆင်ထားတဲ့ လက်ဗွေရာ အာရုံခံ ကိရိယာတော့ Enjoy 10 မှာ မပါလာပါဘူး။

Enjoy 10 မှာ Kirin 710F SoC ကိုပဲ သုံးထားပါတယ်။ Android Pie အခြေပြု EMUI 9.1 မောင်းနှင်ထားပါတယ်။ 4GB/64GB, 4GB/128GB နဲ့ 6GB/64GB တွေ ထုတ်လုပ်ထားပါတယ်။ 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အရောင် ၄ မျိုးထုတ်လုပ်ထားပါတယ်။ 4,000mAh Battery ပါလာပြီး microUSB Port ပဲပါတာက သိပ်မမိုက်ပါဘူး။

တရုတ်မှာ Enjoy 10 ကို နိုဝင်ဘာလ ၁ ရက်နေ့မှာ စရောင်းမှာ ဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံး 4/64GB Model ကို ၁,၁၉၉ ယွမ် ၊ 4/128GB Model ကို ၁,၃၉၉ ယွမ်နဲ့ 6/64GB Model ကို ၁,၃၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂၆၀,၀၀၀ ၊ ၃၀၀,၀၀၀ နဲ့ ၃၀၀,၀၀၀ လောက် အသီးသီးရှိပါတယ်။

Ref : gsmarena