Zawgyi

အားလပ္ရက္ရာသီနီးကပ္လာတာနဲ႔အမွ် နည္းပညာကုမၸဏီေတြဟာ သူတုိ႔ရဲ႕ထုတ္ကုန္သစ္ေတြကို ေစ်းႏႈန္းအမ်ဳိးမ်ဳိး၊ သုံးစြဲသူအမ်ဳိးမ်ဳိးအတြက္ စုံလင္စြာခင္းက်င္းျပသလာၾကပါတယ္။ အခုလအေစာပိုင္းတုန္းက Leak တစ္ခုမွာ Huawei Enjoy 10 စမတ္ဖုန္းသစ္ရဲ႕ ဓါတ္ပုံကို စတင္ျမင္ေတြ႕ခဲ့ရပါတယ္။

ယေန႔မွာေတာ့ Huawei ကုမၸဏီက သူတုိ႔ရဲ႕ Huawei Enjoy 10 စမတ္ဖုန္းသစ္ကို တရုတ္ျပည္တြင္းမွာ လာမယ့္ ေအာက္တိုဘာ ၁၈ ရက္ေန႔ ညေနပုိင္းမွာ တရားဝင္မိတ္ဆက္သြားမယ္လို႔ အတည္ျပဳလိုက္ပါၿပီ။ သူ႕ရဲ႕ Specs ေတြကိုလည္း TENAA ဝက္ဆုိက္ေပၚကိုေရာက္လာခဲ့လို႔ ျမင္ေတြ႕ခြင့္ရခဲ့ၾကၿပီးသားပါ။

တရုတ္အေျခစုိက္ထုတ္လုပ္သူဟာ ျပည္တြင္းေစ်းကြက္မွာ Enjoy 10 စတင္မိတ္ဆက္မယ့္ရက္ကို Weibo ပိုစ့္တစ္ခုကေန ေၾကညာလိုက္ၿပီး ဖုန္းရဲ႕ပုံရိပ္ႏွစ္ပုံကိုပါ တင္ေပးခဲ့ပါတယ္။ ပထမတစ္ပုံမွာပါဝင္တဲ့ ပုံစံအရေတာ့ ဒီဖုန္းဟာ အနည္းဆုံး Gradient အေရာင္ကြဲႏွစ္မ်ဳိးနဲ႔ ေရာက္ရွိလာမယ္လို႔ သိရပါတယ္။

ပထမတစ္ခုက အျပာေဖ်ာ့နဲ႔ ပန္းေရာင္ အေရာင္ေျပးကာလာျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ Dark Green – Dark Blue စတုိင္လ္ပါ။ ဒီဟန္းဆက္မွာ Fingerprint မပါတာကိုေတြ႕ရၿပီး ေနာက္ဘက္မွာေတာ့ Dual-camera ကို အသုံးျပဳထားပါတယ္။ ေရွ႕ဘက္မွာေတာ့ Punch-hole တစ္ခုပါဝင္တဲ့ Display နဲ႔ပါ။

TENAA ေပၚက Huawei Enjoy 10 အခ်က္အလက္စာရင္းအရေတာ့ ဒီစမတ္ဖုန္းမွာ 6.39” လက္မ LCD Display တစ္ခုပါဝင္ၿပီး 720 x 1560p Resolution ရွိပါတယ္။ အတြင္းမွာ 2.2GHz ျမန္ႏႈန္းရွိတဲ့ ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး Kirin 710F SoC လို႔ ယုံၾကည္ရတယ္။ ဘကၳရီကလည္း 3,900 mAh ေတာင္ ျဖစ္တာေၾကာင့္ ေျခာက္လက္မခြဲနီးပါး Display နဲ႔လုိက္ဖက္မွာပါ။

ဖုန္းရဲ႕ေနာက္ဘက္မွာ 48MP + 8MP ကင္မရာႏွစ္လုံးတြဲကို ျမင္ေတြ႕ရမွာျဖစ္ၿပီး ေရွ႕က Punch-hole ေလးထဲမွာေတာ့ 8MP Selfie ကင္မရာပါဝင္မွာပါ။ ေလာေလာဆယ္ ေစ်းႏႈန္းကိုေတာ့ မသိရေသးဘဲ တရုတ္ျပည္တြင္းမွာေတာ့ ယြမ္ေငြ ၉၉၉ (ျမန္မာေငြ ႏွစ္သိန္းႏွစ္ေသာင္းနီးပါး) နဲ႔ ေရာင္းခ်လာမယ္လို႔ ခန္႔မွန္းရပါတယ္။

Ref – Playful Droid

Unicode

အားလပ်ရက်ရာသီနီးကပ်လာတာနဲ့အမျှ နည်းပညာကုမ္ပဏီတွေဟာ သူတို့ရဲ့ထုတ်ကုန်သစ်တွေကို ဈေးနှုန်းအမျိုးမျိုး၊ သုံးစွဲသူအမျိုးမျိုးအတွက် စုံလင်စွာခင်းကျင်းပြသလာကြပါတယ်။ အခုလအစောပိုင်းတုန်းက Leak တစ်ခုမှာ Huawei Enjoy 10 စမတ်ဖုန်းသစ်ရဲ့ ဓါတ်ပုံကို စတင်မြင်တွေ့ခဲ့ရပါတယ်။

ယနေ့မှာတော့ Huawei ကုမ္ပဏီက သူတို့ရဲ့ Huawei Enjoy 10 စမတ်ဖုန်းသစ်ကို တရုတ်ပြည်တွင်းမှာ လာမယ့် အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာ တရားဝင်မိတ်ဆက်သွားမယ်လို့ အတည်ပြုလိုက်ပါပြီ။ သူ့ရဲ့ Specs တွေကိုလည်း TENAA ဝက်ဆိုက်ပေါ်ကိုရောက်လာခဲ့လို့ မြင်တွေ့ခွင့်ရခဲ့ကြပြီးသားပါ။

တရုတ်အခြေစိုက်ထုတ်လုပ်သူဟာ ပြည်တွင်းဈေးကွက်မှာ Enjoy 10 စတင်မိတ်ဆက်မယ့်ရက်ကို Weibo ပိုစ့်တစ်ခုကနေ ကြေညာလိုက်ပြီး ဖုန်းရဲ့ပုံရိပ်နှစ်ပုံကိုပါ တင်ပေးခဲ့ပါတယ်။ ပထမတစ်ပုံမှာပါဝင်တဲ့ ပုံစံအရတော့ ဒီဖုန်းဟာ အနည်းဆုံး Gradient အရောင်ကွဲနှစ်မျိုးနဲ့ ရောက်ရှိလာမယ်လို့ သိရပါတယ်။

ပထမတစ်ခုက အပြာဖျော့နဲ့ ပန်းရောင် အရောင်ပြေးကာလာဖြစ်ပြီး နောက်တစ်ခုကတော့ Dark Green – Dark Blue စတိုင်လ်ပါ။ ဒီဟန်းဆက်မှာ Fingerprint မပါတာကိုတွေ့ရပြီး နောက်ဘက်မှာတော့ Dual-camera ကို အသုံးပြုထားပါတယ်။ ရှေ့ဘက်မှာတော့ Punch-hole တစ်ခုပါဝင်တဲ့ Display နဲ့ပါ။

TENAA ပေါ်က Huawei Enjoy 10 အချက်အလက်စာရင်းအရတော့ ဒီစမတ်ဖုန်းမှာ 6.39” လက်မ LCD Display တစ်ခုပါဝင်ပြီး 720 x 1560p Resolution ရှိပါတယ်။ အတွင်းမှာ 2.2GHz မြန်နှုန်းရှိတဲ့ ချစ်ပ်ဆက်ကို အသုံးပြုထားပြီး Kirin 710F SoC လို့ ယုံကြည်ရတယ်။ ဘက္ထရီကလည်း 3,900 mAh တောင် ဖြစ်တာကြောင့် ခြောက်လက်မခွဲနီးပါး Display နဲ့လိုက်ဖက်မှာပါ။

ဖုန်းရဲ့နောက်ဘက်မှာ 48MP + 8MP ကင်မရာနှစ်လုံးတွဲကို မြင်တွေ့ရမှာဖြစ်ပြီး ရှေ့က Punch-hole လေးထဲမှာတော့ 8MP Selfie ကင်မရာပါဝင်မှာပါ။ လောလောဆယ် ဈေးနှုန်းကိုတော့ မသိရသေးဘဲ တရုတ်ပြည်တွင်းမှာတော့ ယွမ်ငွေ ၉၉၉ (မြန်မာငွေ နှစ်သိန်းနှစ်သောင်းနီးပါး) နဲ့ ရောင်းချလာမယ်လို့ ခန့်မှန်းရပါတယ်။

Ref – Playful Droid