[Zawgyi]

တရုတ္ ဆက္သြယ္ေရး ေကာ္မရွင္ (TENAA) မွာ Huawei ရဲ႕ ေနာက္ထုတ္မယ့္ စမတ္ဖုန္း ၁ လံုးရဲ႕ သတင္းအခ်က္အလက္ေတြ မေန႔က တက္လာပါတယ္။ အဲဒီ စမတ္ဖုန္းရဲ႕ Product Number က ART-TL00x ျဖစ္ပါတယ္။ အခုေတာ့ ေနာက္ထြက္လာမယ့္ စမတ္ဖုန္းေတြရဲ႕ သတင္းအခ်က္အလက္ေတြကို ႀကိဳတင္ ဖြင့္ခ်ရာမွာ နာမည္ႀကီးတဲ့ Evan Blass က အဲဒီ စမတ္ဖုန္းဟာ Huawei Enjoy 10 ျဖစ္တယ္လို႔ ေျပာၿပီး ဓါတ္ပံု ၁ ပံုကိုလည္း မွ်ေ၀လိုက္ပါတယ္။ အဲဒီ စမတ္ဖုန္းဟာ ၿပီးခဲ့တဲ့ လက ေၾကညာခဲ့တဲ့ Enjoy 10 Plus ရဲ႕ တန္ဖိုးနည္း ေမာ္ဒယ္ ျဖစ္ပါတယ္။

ဓါတ္ပံုမွာ စမတ္ဖုန္းရဲ႕ မ်က္ႏွာျပင္ကို ရွင္းလင္းျပတ္သားစြာ ျမင္ရၿပီး ဘယ္ဘက္အထက္ေထာင့္မွာ Punch Hole Camera တပ္ဆင္ထားတာ ေတြ႕ရပါတယ္။ အေနာက္ဘက္မွာ Dual Camera Setup နဲ႔ Flash ကို တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ မေတြ႕ရပါဘူး။ တန္ဖိုးနည္း စမတ္ဖုန္း ျဖစ္တဲ့အတြက္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာေတာ့ မပါလာႏုိင္ပါဘူး။

TENAA ရဲ႕ Spec Sheet အရ Enjoy 10 ရဲ႕ မ်က္နွာျပင္ အရြယ္အစားဟာ ၆.၃၉ လက္မ ျဖစ္ၿပီး အရည္အေသြးက 720p ျဖစ္ပါတယ္။ အေနာက္ဘက္မွာ 48MP Main Camera နဲ႔ 8MP Secondary Camera ေတြ ထည့္သြင္းထားပါတယ္။ ဆဲလ္ဖီး ကင္မရာက 8MP ျဖစ္ပါတယ္။ Chipset က Huawei ကိုယ္တိုင္ထုတ္ထားတဲ့ Kirin 710F ျဖစ္ၿပီး 3,900mAh Battery ပါပါတယ္။

Ref : gsmarena

[Unicode]

Huawei Enjoy 10 မှာ Punch Hole Display နဲ့ Dual Camera ပါလာနိုင်

တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှာ Huawei ရဲ့ နောက်ထုတ်မယ့် စမတ်ဖုန်း ၁ လုံးရဲ့ သတင်းအချက်အလက်တွေ မနေ့က တက်လာပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ Product Number က ART-TL00x ဖြစ်ပါတယ်။ အခုတော့ နောက်ထွက်လာမယ့် စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေကို ကြိုတင် ဖွင့်ချရာမှာ နာမည်ကြီးတဲ့ Evan Blass က အဲဒီ စမတ်ဖုန်းဟာ Huawei Enjoy 10 ဖြစ်တယ်လို့ ပြောပြီး ဓါတ်ပုံ ၁ ပုံကိုလည်း မျှဝေလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ လက ကြေညာခဲ့တဲ့ Enjoy 10 Plus ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပါတယ်။

ဓါတ်ပုံမှာ စမတ်ဖုန်းရဲ့ မျက်နှာပြင်ကို ရှင်းလင်းပြတ်သားစွာ မြင်ရပြီး ဘယ်ဘက်အထက်ထောင့်မှာ Punch Hole Camera တပ်ဆင်ထားတာ တွေ့ရပါတယ်။ အနောက်ဘက်မှာ Dual Camera Setup နဲ့ Flash ကို တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မတွေ့ရပါဘူး။ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်တဲ့အတွက် မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာတော့ မပါလာနိုင်ပါဘူး။

TENAA ရဲ့ Spec Sheet အရ Enjoy 10 ရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၆.၃၉ လက်မ ဖြစ်ပြီး အရည်အသွေးက 720p ဖြစ်ပါတယ်။ အနောက်ဘက်မှာ 48MP Main Camera နဲ့ 8MP Secondary Camera တွေ ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ Chipset က Huawei ကိုယ်တိုင်ထုတ်ထားတဲ့ Kirin 710F ဖြစ်ပြီး 3,900mAh Battery ပါပါတယ်။

Ref : gsmarena