[Zawgyi]

Huawei က Enjoy Series စမတ္ဖုန္း အသစ္ ၁ လံုးျဖစ္တဲ့ Enjoy 10s ကို ေၾကညာလိုက္ပါတယ္။ ၁,၅၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၃၄၀,၀၀၀ ေလာက္ရွိပါတယ္။ Enjoy 10s မွာ ၆.၃ လက္မ OLED Display ထည့္သြင္းထားၿပီး Waterdrop Notch ပါပါတယ္။ 20:9 Aspect Ratio နဲ႔ Full HD+ Resolution ျဖစ္ပါတယ္။ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာျမွပ္ႏွံထားပါတယ္။

Kirin 710F Chipset ေမာင္းႏွင္ထားပါတယ္။ 6GB RAM နဲ႔ 64GB Storage ေမာ္ဒယ္တစ္မ်ိဳးသာ ထုတ္လုပ္ေပးထားတဲ့ အတြက္ ေရြးခ်ယ္စရာ သိပ္မရွိပါဘူး။ Android 9 Pie အေျချပဳ EMUI 9.1.1 ပါလာပါတယ္။ Storage ကို ျမွင့္တင္ႏုိင္ဖို႔ microSD Card စိုက္ႏုိင္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လံုးပါၿပီး 48MP Main , 8MP Ultrawide နဲ႔ 2MP Depth Sensors ေတြ ျဖစ္ပါတယ္။ ဆဲလ္ဖီး ကင္မရာက 16MP ျဖစ္ပါတယ္။

Dual SIM support, 4G VoLTE, Wi-Fi 802.11 b/g/n/ac, Bluetooth 5.0, GPS, USB-C နဲ႔ 3.5mm Audio Jack ေတြ ပါပါတယ္။ 10W Charging ပါတဲ့ 4,000mAh Battery ထည့္ထားပါတယ္။ Magic Night Black, Emerald Green နဲ႔ Realm of the Sky စတဲ့ အေရာင္ ၃ မ်ိဳးေရြးခ်ယ္ႏုိင္ပါတယ္။ Vmall ကေန အမွာစာတင္ႏုိင္ၿပီ ျဖစ္ၿပီး ႏုိ၀င္ဘာလ ၁၂ ရက္ေန႔မွာ ေရာင္းမွာပါ။

အရြယ္အစား အျပည့္အစံုမွာ 157.4 x 73.2 x 7.75mm ျဖစ္ပါတယ္။ Huawei က Enjoy 10 နဲ႔ Enjoy 10 Plus စမတ္ဖုန္းေတြကို တရုတ္မွာ ေၾကညာထားၿပီးပါၿပီ။ Enjoy 10s မွာ အဲဒီ စမတ္ဖုန္း ၂ လံုးရဲ႕ အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားပါလာပါတယ္။

Ref : gizmochina

[Unicode]

48MP Triple Camera ပါတဲ့ Huawei Enjoy 10s ကို ကြေညာ

Huawei က Enjoy Series စမတ်ဖုန်း အသစ် ၁ လုံးဖြစ်တဲ့ Enjoy 10s ကို ကြေညာလိုက်ပါတယ်။ ၁,၅၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃၄၀,၀၀၀ လောက်ရှိပါတယ်။ Enjoy 10s မှာ ၆.၃ လက်မ OLED Display ထည့်သွင်းထားပြီး Waterdrop Notch ပါပါတယ်။ 20:9 Aspect Ratio နဲ့ Full HD+ Resolution ဖြစ်ပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Kirin 710F Chipset မောင်းနှင်ထားပါတယ်။ 6GB RAM နဲ့ 64GB Storage မော်ဒယ်တစ်မျိုးသာ ထုတ်လုပ်ပေးထားတဲ့ အတွက် ရွေးချယ်စရာ သိပ်မရှိပါဘူး။ Android 9 Pie အခြေပြု EMUI 9.1.1 ပါလာပါတယ်။ Storage ကို မြှင့်တင်နိုင်ဖို့ microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးပါပြီး 48MP Main , 8MP Ultrawide နဲ့ 2MP Depth Sensors တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

Dual SIM support, 4G VoLTE, Wi-Fi 802.11 b/g/n/ac, Bluetooth 5.0, GPS, USB-C နဲ့ 3.5mm Audio Jack တွေ ပါပါတယ်။ 10W Charging ပါတဲ့ 4,000mAh Battery ထည့်ထားပါတယ်။ Magic Night Black, Emerald Green နဲ့ Realm of the Sky စတဲ့ အရောင် ၃ မျိုးရွေးချယ်နိုင်ပါတယ်။ Vmall ကနေ အမှာစာတင်နိုင်ပြီ ဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ရောင်းမှာပါ။

အရွယ်အစား အပြည့်အစုံမှာ 157.4 x 73.2 x 7.75mm ဖြစ်ပါတယ်။ Huawei က Enjoy 10 နဲ့ Enjoy 10 Plus စမတ်ဖုန်းတွေကို တရုတ်မှာ ကြေညာထားပြီးပါပြီ။ Enjoy 10s မှာ အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ အစိတ်အပိုင်းတော်တော်များများပါလာပါတယ်။

Ref : gizmochina