ပြီးခဲ့တဲ့လတုန်းက Huawei ဟာ Enjoy 20 Pro ကို ပွဲထုတ်ခဲ့ပါတယ်။ ဒါပေမယ့် Vanilla Enjoy 20 ကို မမြင်တွေ့ရသေးပါဘူး။ တရုတ်နည်းပညာကုမ္ပဏီကြီးဟာ Enjoy 20 ကိုဆက်ပြီး မိတ်ဆက်သွားဖို့ အရှိန်မြှင့်လုပ်ဆောင်နေတယ်ဆိုတာတော့ သံသယ ဖြစ်စရာမရှိပါဘူး။

အခုတော့ Weibo မှာ Huawei Enjoy 20 ရဲ့ ပကတိပြင်ပရုပ်ပုံ ပေါ်ထွက်လာပါတယ်။ ဒီပုံကို ဖော်ထုတ်ရတဲ့ ရည်ရွယ်ချက်က Enjoy 20 ရဲ့ အချက်အလက်တွေကို ပြသဖို့ဖြစ်ပါလိမ့်မယ်။ ဒီပုံကသိရတဲ့ အချက်အလက်တွေအရ Enjoy 20 ဟာ Kirin 820 Chipset ကိုအသုံးပြုထားပြီး 8GB of RAM နဲ့ တွဲဖက်ထားကြောင်း သိလိုက်ရပါတယ်။

Enjoy 20 ရဲ့ သိုလှောင်မှုပမာဏဟာ 128GB အဖြစ်တွေ့ရပြီး၊ Memory နဲ့ Storage ပိုင်းမှာ အခြားရွေးချယ်စရာ မျိုးကွဲတွေ ရှိမရှိ မသိရသေးပါဘူး။ ကောလာဟလတွေအရတော့ မျက်နှာပြင်အရွယ်အစားဟာ 6.6-inch ဖြစ်မယ်လို့ သိရပြီး 2400 x 1080 pixels resolution ဖြစ်မယ်လို့ သိရပါတယ်။

ရုပ်ပုံအရ မျက်နှာပြင်မှာ Notch လည်းမပါ၊ Punch-hole လည်းမတွေ့ရတဲ့အတွက် Selfie ကင်မရာဟာ Pop-up အနေနဲ့ ထွက်လာဖွယ်ရှိပါတယ်။ ဟန်းဆက်ဟာ Android 10 ကို အခြေခံထားတဲ့ EMUI 10.1.1 မောင်းနှင်ထားတာဖြစ်ပြီး မော်ဒယ်နံပါတ်အဖြစ် FRL-AN00a ကိုလည်း တွေ့မြင်ရပါတယ်။

Fingerprint Scanner ကိုတော့ ဘေးဘက်ဘောင်မှာ တပ်ဆင်ထားတာတွေ့မြင်ရပြီး ဒီဟန်းဆက်ကို ဇူလိုင်လ ၂၆ ရက်နေ့မှာ Maimang 9 အဖြစ် တရုတ်နိုင်ငံဈေးကွက်ထဲမှာ မိတ်ဆက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကျောဘက်မှာတော့ စက်ဝိုင်းပုံစံကင်မရာအိမ်နဲ့အတူ ကင်မရာသုံးလုံးနဲ့ LED ဖလက်ရှ်ကို တစ်ပေါင်းတည်း တပ်ဆင်ထားဖွယ်ရှိပါတယ်။

အဓိကကင်မရာကတော့ 48MP ဖြစ်မယ်လို့မျှော်လင့်ရပြီး 4,300mAh ပမာဏဘက်ထရီနဲ့ 22.5W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ထားမယ်လို့ ကောလာဟလ ထွက်ထားပါတယ်။

Ref: GSM Arena