Huawei ကနေ လာမယ့်ဇူလိုင်လ ၂၆ ရက်နေ့မှာ တရုတ်နိုင်ငံအတွက် Maimang 9 သို့မဟုတ် Huawei Enjoy 20 လို့အမည်ရတဲ့ Mid Range ဖုန်းအသစ်ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Huawei Enjoy 20 ဖုန်းဟာ ပြီးခဲ့တဲ့လတုန်းက မိတ်ဆက်ခဲ့တဲ့ Huawei Enjoy 20 Pro ထက် စျေးသက်သာမှာဖြစ်သလို Design ပိုင်းအရလည်း ပြောင်းလဲထားတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် အခုအချိန်မှာ Chinese Tipster တစ်ဦးကနေ Huawei Enjoy 20 စမတ်ဖုန်းရဲ့ Render ဓါတ်ပုံတွေကို ဖော်ပြခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံတွေအရ Huawei Enjoy 20 ဖုန်းဟာ Huawei ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ နောက်ဖက် Triple Camera Setup ကို အဝိုင်းပုံစံ Camera Layout Design နဲ့ ပြုလုပ်ထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ဖုန်းရဲ့နောက်ဖက်မှာလည်း Fingerprint Sensor ပါဝင်မှာမဟုတ်ဘဲ ဘေးဘက် Power Button မှာပဲ ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။ အရှေ့ဘက်မှာတော့ 6.63″ Full HD+ IPS Display ပါဝင်မှာဖြစ်ပြီး Notch ပါဝင်မှာမဟုတ်တဲ့အတွက် Pop-up Selfie Camera ကိုအသုံးပြုလာမယ်လို့ ယူဆရပါတယ်။

Bakc Camera ပိုင်းအနေနဲ့ကတော့ Primary Sensor ကို 48 MP Sensor ထည့်သွင်းလာမှာဖြစ်ပေမယ့် ကျန်တဲ့ Sensor တွေကိုတော့ အတိအကျမသိရှိရသေးပါဘူး။ ဖြစ်နိုင်တာကတော့ Ultrawide Sensor နဲ့ Depth Sensor ကိုပဲ အသုံးပြုလာနိုင်ခြေများနေပါတယ်။ ဖုန်းရဲ့ အောက်ဖက်မှာတော့ USB-C ၊ 3.5mm Audio Port နဲ့ Speaker တွေပါဝင်မှာဖြစ်ပါတယ်။

Huawei Enjoy 20 Pro စမတ်ဖုန်းဟာ MediaTek ရဲ့ Dimensity 800 Chipset ကိုအသုံးပြုထားတဲ့အတွက် အခု Enjoy 20 ဖုန်းကတော့ Huawei ရဲ့ ကိုယ်ပိုင် Kirin 820 5G Chipset ကို အသုံးပြုလာနိုင်ပါတယ်။ RAM အနေနဲ့ကတော့ အမြင့်ဆုံး 8GB အပြင် Storage ပိုင်းမှာ 256GB အထိပါဝင်လာမှာဖြစ်ပါတယ်။

ကျန်တဲ့ Specs တွေအနေနဲ့ကတော့ 4300mAh Battery ပါဝင်တဲ့ 22.5W Fast Charging စနစ်နဲ့ Android 10 ကို အခြေခံထားတဲ့ EMUI 10.1 ကို အသုံးပြုလာမှာဖြစ်ပါတယ်။ Huawei Enjoy 20 Pro ဖုန်းဟာ တရုတ်ယွမ်ငွေ ၁,၉၉၉ (မြန်မာငွေ ၄ သိန်းဝန်းကျင်) ကနေစတင်တဲ့အတွက် အခု Enjoy 20 က ပိုပြီး စျေးသက်သာလာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China