Huawei ဟာ လာမယ့် စက်တင်ဘာလ အစောပိုင်းမှာ Huawei Enjoy 20 နဲ့ Enjoy 20 Plus တို့လို ဈေးနှုန်းသင့် 5G စမတ်ဖုန်းတွေကို မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။ မိတ်ဆက်ချိန် နီးလာတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက Huawei Enjoy 20 Plus ရဲ့ ရုပ်ပုံအချို့ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် ဒီတစ်ပတ်မှာတော့ Huawei Enjoy 20 Plus ရဲ့ ပကတိပြင်ပဓါတ်ပုံတွေပဲ ဖြစ်ပါတယ်။ ပကတိဓါတ်ပုံတွေအနဲ့အတူ တွဲဖက်ထွက်ပေါ်လာတာကတော့ ဟန်းဆက်ရဲ့ အစိတ်အပိုင်းအကြောင်း အချက်အလက်အချို့ ဖြစ်ပါတယ်။ ပေါက်ကြားမှုအရ Enjoy 20 Plus ဟာ 6GB of RAM + 128GB storage အမျိုးအစားနဲ့ 8GB of RAM + 128GB Storage အမျိုးအစားဆိုပြီး နှစ်မျိုးရှိမယ်လို့ သိရပါတယ်။

Enjoy 20 Plus ဟာ Black, green, gradient white နဲ့ gradient blue ဆိုပြီး အရောင်လေးမျိုး ရှိမယ်လို့ သိရပါတယ်။ ကျောဘက်မှာတော့ စက်ဝိုင်းပုံစံကင်မရာအိမ်ထဲမှာ f/1.8 aperture 48-megapixel အဓိကကင်မရာ၊ f2.4 aperture 8-megapixel lens နဲ့ f/2.4 aperture 2-megapixel ကင်မရာတွေ တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ အရှေ့ဘက်မှာတော့ 16MP Pop-up selfie ကင်မရာ တပ်ဆင်ပေးထားပါတယ်။ (Enjoy 20 ကတော့ စတုရန်းပုံစံကင်မရာအိမ်ထဲမှာ ကင်မရာသုံးလုံးတပ်ဆင်ထားပါတယ်)

SoC ကတော့ MediaTek MT6853 ကို တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ ဘက်ထရီပမာဏက 4,200mAh ဖြစ်ပြီး USB-C နဲ့ 40W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားပါတယ်။ မျက်နှာပြင်ကတော့ 6.5-inch အရွယ်အစားဖြစ်ပြီး Full HD+ ဖြစ်ပါတယ်။ Huawei Enjoy 20 နဲ့ Enjoy 20 Plus တို့ရဲ့ ဈေးနှုန်းကိုတော့ အခုအချိန်ထိ မသိရသေးပါဘူး။

Ref: Gizmochina