Huawei နောက်ထုတ်မယ့် Enjoy 20 Plus မှာ Kirin Chipset မဟုတ်ဘဲ MediaTek 5G Chipset ပါလာမယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပါတယ်။ အမေရိကန် အစိုးရက သူတို့နိုင်ငံရဲ့ နည်းပညာအကူအညီပါတဲ့ Kirin SoC တွေကို ထုတ်လုပ်ခွင့် ပိတ်ပင်လိုက်လို့ ဖြစ်ပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပြီး အနောက် ကင်မရာတွေဟာ အရင်နှစ်ထုတ် Mate 30 ဖုန်းတွေနဲ့ ဆင်တူပါတယ်။

Pop Up ဆဲလ်ဖီး ကင်မရာ ထည့်ထားတဲ့အတွက် Notch နဲ့ Punch Hole တွေ မပါဘဲ အရှေ့ဘက်ဟာ Full Screen ဒီဇိုင်း ဖြစ်ပါတယ်။ ညာဘက်က ပါဝါခလုတ်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားတဲ့အတွက် LCD မျက်နှာပြင်ကို သုံးထားနိုင်ပါတယ်။ နားကြပ်ပေါက်ကို ထိပ်ဘက်နဲ့ USB-C ၊ စပီကာအပေါက်နဲ့ SIM Tray ကို အောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

Enjoy 20 Plus မှာ MediaTek Dimensity 720 5G Chipset မောင်းနှင်ထားနိုင်ပြီး အရင်ထွက်ခဲ့တဲ့ သတင်းတွေအရ ၆.၆၃ လက်မ မျက်နှာပြင်ပါလာမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံးနဲ့ 40W Fast Charging ထောက်ပံ့တဲ့ 4,200mAh ဘက်ထရီ ထည့်ထားနိုင်ပါတယ်။

Ref : gsmarena