Huawei ကနေ အခုနောက်ပိုင်းမှာ ကိုယ်ပိုင် HiSilicon Kirin Chipset တွေကိုပဲ အသုံးများလာတာဖြစ်ပါတယ်။ ဒါပေမယ့် အခုထွက်ရှိလာတဲ့သတင်းတွေအရတော့ မကြာခင်မိတ်ဆက်လာနိုင်တဲ့ Huawei Enjoy 20 Plus စမတ်ဖုန်းမှာ MediaTek ရဲ့ Dimensity Chipset ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

အဆိုပါ Huawei Enjoy 20 Plus ဖုန်းမှာ အသုံးပြုလာမယ့် MediaTek Dimensity 800 Chipset ဟာ Mid Range ဖုန်းတွေအတွက် ရည်ရွယ်ထားတဲ့ Chipset တစ်ခုဖြစ်ပေမယ့် 5G Network ကို Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ အဆိုပါ Dimensity 800 Chipset ကို OPPO A92s မှာ အသုံးပြုထားပြီး Qualcomm Snapdragon 730G ထက်တောင် စွမ်းဆောင်ရည်ပိုကောင်းမွန်နေတာဖြစ်ပါတယ်။

Huawei Enjoy 20 Plus စမတ်ဖုန်းဟာ Full HD+ 60Hz LCD Display ၊ RAM 6GB သို့မဟုတ် 8GB အပြင် 128GB Storage ပါဝင်မှာဖြစ်ပြီး Camera ပိုင်းအနေနဲ့ကတော့ 48MP Sony IMX586 Primary Sensor ၊ 8MP Ultrawide Sensor နဲ့ 2MP Sensor ၂ ခုပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့ 16MP Sony IMX471 Sensor ကို အသုံးပြုထားပေမယ့် Punch-hole သို့မဟုတ် Waterdrop Notch ကိုပဲ အသုံးပြုလာမလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Battery ပိုင်းအနေနဲ့ကတော့ 4200mAh Battery ပါဝင်မှာဖြစ်ပြီး USB-C ကနေတစ်ဆင့် 22.5W Fast Charging အထိ Support ပေးနိုင်မယ်လို့ သိရပါတယ်။ စျေးနှုန်းတွေအနေနဲ့ကတော့ RAM 6GB Version ကို ၁,၈၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၇ သောင်းဝန်းကျင်) ၊ RAM 8GB Version ကိုတော့ ၂,၁၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၃ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China