Huawei ကနေ နောက်ထပ် ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းတဲ့ Budget Series ဖုန်းတစ်လုံးကို ထပ်မံထုတ်လုပ်သွားဦးမှာဖြစ်ပါတယ်။ အဆိုပါ ဖုန်းကို Huawei Enjoy 7S လို့ နာမည်ပေးထားတယ်လို့ သိရပြီး ယခင် ဈေးနှုန်းသက်သာတဲ့ Huawei Y Series ဖုန်းတွေနေရာမှာ ဝင်ရောက်လာမယ်လို့ သိရပါတယ်။

အခု Huawei Enjoy 7S ဖုန်းမှာဆိုရင် Kirin 659 Octa Core Chipset နဲ့ RAM 4GB, ROM 64GB ပါဝင်လာမှာဖြစ်ပါတယ်။ Screen Display အနေနဲ့တော့ 5.65″ Display ပါဝင်မှာဖြစ်ပြီးတော့ Resolution အနေနဲ့ Full HD+ အထိရှိမယ်လို့ သိရပါတယ်။

အဆိုပါ Huawei Enjoy 7S ဖုန်းဟာ လက်ရှိရောင်းချနေတဲ့ Huawei Nova 2i ထက် အနည်းငယ်နိမ့်တဲ့နေရာရှိနေပြီး အဲ့ဒါကတော့ ကင်မရာပိုင်းပဲဖြစ်မှာပါ။ Huawei Enjoy 7S မှာ အနောက်ဘက်ကင်မရာက 13MP + 2MP Dual Camera ပေမယ့် အရှေ့ဘက် Selfie Camera ကတော့ 8MP Camera ပဲ ပါဝင်မှာဖြစ်ပါတယ်။

Huawei Enjoy 7S ဖုန်းကို အရောင်တွေအနေနဲ့ Gold, Blue နဲ့ Black Color ဆိုပြီး ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၂၀၀ ဝန်းကျင်ပဲရှိမယ်လို့ ခန့်မှန်းရပါတယ်။