[Zawgyi]

Huawei ကေတာ့ Enjoy 9 ကို မိတ္ဆက္ေၾကညာလိုက္ပါၿပီ။ ဒီဖုန္းက ေအာက္တိုဘာလကတည္းက တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်ေနတဲ့ Huawei Enjoy 9 Plus ထက္ အနည္းငယ္ အရည္အေသြး ေလ်ာ့တဲ့ မူကြဲအမ်ိဳးအစား ျဖစ္ပါတယ္။

Huawei Enjoy 9 ဟာ 6.26-inch က်ယ္ဝန္းၿပီး 720x1520px IPS LCD မ်က္ႏွာျပင္ အမ်ိဳးအစားကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္မွာ Teardrop အမ်ိဳးအစား Notch ပါဝင္ပါတယ္။ Selfie ကင္မရာက 8MP ျဖစ္ၿပီး f/2.0 ျဖစ္တယ္လို႔ သိရပါတယ္။

အေနာက္ဘက္မွာေတာ့ ကင္မရာ ႏွစ္လုံးကို တပ္ဆင္ေပးထားပါတယ္။ အဓိက ကင္မရာက 13MP f/1.8 ျဖစ္ၿပီး ဒုတိယ ကင္မရာကေတာ့ 2MP f/2.4 ျဖစ္တယ္လို႔ သိရပါတယ္။ RAM နဲ႔ ROM တို႔အတြက္ ေ႐ြးခ်ယ္စရာ ႏွစ္မ်ိဳး ရွိပါတယ္။ 3GB + 32GB ဒါမွမဟုတ္ 4GB + 64GB ျဖစ္ပါတယ္။ ဒါေပမယ့္ Snapdragon 450 Chipset တစ္မ်ိဳးတည္းနဲ႔ ျဖစ္ပါတယ္။

ဒါ့အျပင္ Enjoy 9 မွာ လက္ေဗြစနစ္နဲ႔ ဖြင့္လို႔ပိတ္လို႔ ရမွာမဟုတ္ဘဲ Face Scanning နဲ႔ အျခားသမား႐ိုးက် လုံၿခဳံေရးစနစ္ေတြကိုပဲ သုံးလို႔ရမွာ ျဖစ္ပါတယ္။ အားသာခ်က္လို႔ ေျပာရမွာကေတာ့ Enjoy 9 ရဲ႕ ဘက္ထရီဟာ 4,000mAh ပမာဏျဖစ္တာပါ။ OS ကေတာ့ Android 8.1 Oreo ကိုအေျခခံထားတဲ့ EMUI 8.2 ပဲ ျဖစ္ပါတယ္။

Enjoy 9 ဟာ အနက္ေရာင္အျပင္ Gradient Aurora ေရာင္ေတြျဖစ္ၾကတဲ့ အျပာေရာင္၊ အနီနဲ႔ ခရမ္းေရာင္ေတြကို ထုတ္လုပ္ေပးထားပါတယ္။ Huawei က အခုအခ်ိန္ထိေတာ့ Enjoy 9 ရဲ႕ ေဈးႏႈန္းကို ထုတ္ျပန္ေၾကညာျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ လာမယ့္ ဒီဇင္ဘာ ၁၂ ရက္ေန႔မွာေတာ့ တ႐ုတ္ႏိုင္ငံမွာ စတင္ေရာင္းခ်ေတာ့မယ္လို႔ သိရပါတယ္။

Ref: GSMarena

 

[Unicode]

Huawei ကတော့ Enjoy 9 ကို မိတ်ဆက်ကြေညာလိုက်ပါပြီ။ ဒီဖုန်းက အောက်တိုဘာလကတည်းက တရုတ်နိုင်ငံမှာ ရောင်းချနေတဲ့ Huawei Enjoy 9 Plus ထက် အနည်းငယ် အရည်အသွေး လျော့တဲ့ မူကွဲအမျိုးအစား ဖြစ်ပါတယ်။

Huawei Enjoy 9 ဟာ 6.26-inch ကျယ်ဝန်းပြီး 720x1520px IPS LCD မျက်နှာပြင် အမျိုးအစားကို အသုံးပြုထားတယ်လို့ သိရပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာ Teardrop အမျိုးအစား Notch ပါဝင်ပါတယ်။ Selfie ကင်မရာက 8MP ဖြစ်ပြီး f/2.0 ဖြစ်တယ်လို့ သိရပါတယ်။

အနောက်ဘက်မှာတော့ ကင်မရာ နှစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ အဓိက ကင်မရာက 13MP f/1.8 ဖြစ်ပြီး ဒုတိယ ကင်မရာကတော့ 2MP f/2.4 ဖြစ်တယ်လို့ သိရပါတယ်။ RAM နဲ့ ROM တို့အတွက် ရွေးချယ်စရာ နှစ်မျိုး ရှိပါတယ်။ 3GB + 32GB ဒါမှမဟုတ် 4GB + 64GB ဖြစ်ပါတယ်။ ဒါပေမယ့် Snapdragon 450 chipset တစ်မျိုးတည်းနဲ့ ဖြစ်ပါတယ်။

ဒါ့အပြင် Enjoy 9 မှာ လက်ဗွေစနစ်နဲ့ ဖွင့်လို့ပိတ်လို့ ရမှာမဟုတ်ဘဲ Face Scanning နဲ့ အခြားသမားရိုးကျ လုံခြုံရေးစနစ်တွေကိုပဲ သုံးလို့ရမှာ ဖြစ်ပါတယ်။ အားသာချက်လို့ ပြောရမှာကတော့ Enjoy 9 ရဲ့ ဘက်ထရီဟာ 4,000mAh ပမာဏဖြစ်တာပါ။ OS ကတော့ Android 8.1 Oreo ကိုအခြေခံထားတဲ့ EMUI 8.2 ပဲ ဖြစ်ပါတယ်။

Enjoy 9 ဟာ အနက်ရောင်အပြင် Gradient Aurora ရောင်တွေဖြစ်ကြတဲ့ အပြာရောင်၊ အနီနဲ့ ခရမ်းရောင်တွေကို ထုတ်လုပ်ပေးထားပါတယ်။ Huawei က အခုအချိန်ထိတော့ Enjoy 9 ရဲ့ ဈေးနှုန်းကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာတော့ တရုတ်နိုင်ငံမှာ စတင်ရောင်းချတော့မယ်လို့ သိရပါတယ်။

Ref: GSMarena