Huawei ကနေ လာမယ့်မေလ ၂၄ ရက်နေ့မှာ Huawei Enjoy Z 5G စမတ်ဖုန်းကို မိတ်ဆက်ဖို့စီစဥ်ထားတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Huawei Enjoy Z ဖုန်းမှာ အသုံးပြုလာမယ့် MediaTek Dimensity 800 Chipset ရဲ့ Performance ကို တွေ့လာခဲ့ရပါပြီ။

အဆိုပါ Antutu Benchmark အရ Huawei Enjoy Z 5G စမတ်ဖုန်းဟာ ရမှတ် ၃၁၆,၃၂၈ မှတ်ရရှိခဲ့ပြီးတော့ RAM 6GB နဲ့ Storage 128GB Version ကို စမ်းသပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Software ပိုင်းအနေနဲ့ Android 10 OS ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

အသေးစိတ်အနေနဲ့ကတော့ CPU Score အနေနဲ့ ၁၀၁,၈၁၂ မှတ်၊ GPU Score အနေနဲ့ ၉၀,၆၉၂ မှတ် ရရှိထားပြီးတော့ Storage အနေနဲ့လည်း UFS 2.1 Storage ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Memory Score အနေနဲ့လည်း ၆၉,၇၀၃ မှတ်အထိ ရရှိခဲ့တာဖြစ်ပြီး UX Score မှာတော့ ၅၄,၁၂၁ မှတ်ရရှိထားတာကိုတွေ့ရပါတယ်။

အခုရမှတ်ဟာ Mid Range ဖုန်းတစ်လုံးအနေနဲ့ တော်တော်လေးကို စွမ်းဆောင်ရည်ကောင်းမွန်တယ်လို့ ပြောနိုင်ပြီးတော့ လက်ရှိ Mid Range Chipset တွေဖြစ်တဲ့ Helio G90T နဲ့ Kirin 810 Chipset တွေနဲ့ဆင်တူတဲ့ စွမ်းဆောင်ရည်ရှိနေတာဖြစ်ပါတယ်။

Ref – GSM Arena