[Zawgyi]

Huawei ရဲ႕ အေနာက္ ဥေရာပ ေဒသမွ ဥကၠဌ ျဖစ္သူ Vincent Pang က ေခါက္ခ်ိဳး ဖုန္း Mate X ကို ေနာက္အက်ဆံုး အေနနဲ႔ စက္တင္ဘာလမွာ ေရာင္းမယ္လို႔ ေျပာပါတယ္။ ဒီထက္လည္း ေစာႏုိင္ပါတယ္။ Pang က Mate X ကို 5G ရတဲ့ ႏိုင္ငံတိုင္းမွာ ေရာင္းမယ္လို႔ ေျပာပါတယ္။ သူ႔ကို ေဖေဖာ္၀ါရီလမွာ ေၾကညာခဲ့တာပါ။ မူလကေတာ့ ဇြန္လကုန္မွာ ေရာင္းခ်ဖို႔စီစဥ္ထားတာပါ။

Samsung ရဲ႕ ေခါက္ခ်ိဳးဖုန္း Galaxy Fold မွာ 4G LTE ဆက္သြယ္မႈသာ ပါပါတယ္။ Huawei Mate X မွာ   ဟြာေ၀းရဲ႕ Balong 5000 Modem ထည့္သြင္းထားၿပီး 5G ဆက္သြယ္မႈ ပါလာပါတယ္။ ဟြာေ၀းက သူဟာ အျမန္ဆံုး 5G Smartphone ျဖစ္တယ္လို႔ ေျပာပါတယ္။ သူ႔မွာ 55W SuperCharge ပါၿပီး အားသြင္းအျမန္ဆံုး စမတ္ဖုန္း ျဖစ္လာပါတယ္။ မိနစ္ ၃၀ အတြင္းမွာ ၈၅ ရာခုိင္ႏႈန္း အားျဖည့္ေပးႏိုင္တယ္လို႔ ဟြာေ၀းက ေျပာပါတယ္။

တက္ဘလက္လို အသံုးျပဳရင္ ၈ လက္မ 2480x2200p Display ကို သံုးႏုိင္ပါတယ္။ ေခါက္ခ်ိဳးၿပီး သံုးရင္ ၆.၆ လက္မ 2480x1148p Display ကို သံုးႏုိင္ပါတယ္။ သူ႔ရဲ႕ ေခါက္ခ်ိဳး ဒီဇိုင္းက မ်က္ႏွာျပင္ရဲ႕ အလယ္ကေန အျပင္ဘက္ကို ေခါက္ခ်ိဳးရတာ ျဖစ္ပါတယ္။ ေခါက္ခ်ိဳးထားရင္ အျပင္ဘက္ မ်က္ႏွာျပင္ကို သံုးႏိုင္ၿပီး အေနာက္ကင္မရာနဲ႔ ဆဲလ္ဖီးမ်ား ရိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။

ဟြာေ၀းက ဖိုင္နယ္ ဗားရွင္းမွာ ကင္မရာ ေလးလံုး ပါမယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ သရုပ္ျပတဲ့ ဗားရွင္းမွာ သံုးလံုးသာ ပါပါတယ္။ ကင္မရာမ်ားရဲ႕ Specs မ်ားကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ Leica Logo ပါတဲ့ အတြက္ စြမ္းရည္ျမင့္ ကင္မရာမ်ား ပါလာမွာပါ။ ဟြာေ၀းက ကမာၻ႕ အပါးလႊာဆံုး ေခါက္ခ်ိဳး ဖုန္းလို႔ ေျပာပါတယ္။ ေခါက္ခ်ိဳးထားရင္ ၁၁ မီလီမီတာ အထူ ရွိပါတယ္။ ျဖန္႔ထားရင္ ၅.၄ မီလီမီတာ အထူ ရွိပါတယ္။ အရြယ္ႀကီး 4500mAh Battery ပါပါတယ္။ ေဘးဘက္မွ ပါ၀ါခလုတ္မွာ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။

Ref : techradar

[Unicode]

စက်တင်ဘာလမှာ Mate X ကို ရောင်းမယ်လို့ Huawei ရဲ့ အရာရှိ ပြော

Huawei ရဲ့ အနောက် ဥရောပ ဒေသမှ ဥက္ကဌ ဖြစ်သူ Vincent Pang က ခေါက်ချိုး ဖုန်း Mate X ကို နောက်အကျဆုံး အနေနဲ့ စက်တင်ဘာလမှာ ရောင်းမယ်လို့ ပြောပါတယ်။ ဒီထက်လည်း စောနိုင်ပါတယ်။ Pang က Mate X ကို 5G ရတဲ့ နိုင်ငံတိုင်းမှာ ရောင်းမယ်လို့ ပြောပါတယ်။ သူ့ကို ဖေဖော်ဝါရီလမှာ ကြေညာခဲ့တာပါ။ မူလကတော့ ဇွန်လကုန်မှာ ရောင်းချဖို့စီစဉ်ထားတာပါ။ အမေရိကန်နဲ့ ပြဿနာများကြောင့် ရောင်းချမယ့် အချိန်ကို နောက်ဆုတ်လိုက်တာပါ။

Samsung ရဲ့ ခေါက်ချိုးဖုန်း Galaxy Fold မှာ 4G LTE ဆက်သွယ်မှုသာ ပါပါတယ်။ Huawei Mate X မှာ ဟွာဝေးရဲ့ Balong 5000 Modem ထည့်သွင်းထားပြီး 5G ဆက်သွယ်မှု ပါလာပါတယ်။ ဟွာဝေးက သူဟာ အမြန်ဆုံး 5G Smartphone ဖြစ်တယ်လို့ ပြောပါတယ်။ သူ့မှာ 55W SuperCharge ပါပြီး အားသွင်းအမြန်ဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ မိနစ် ၃၀ အတွင်းမှာ ၈၅ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်တယ်လို့ ဟွာဝေးက ပြောပါတယ်။

တက်ဘလက်လို အသုံးပြုရင် ၈ လက်မ 2480x2200p Display ကို သုံးနိုင်ပါတယ်။ ခေါက်ချိုးပြီး သုံးရင် ၆.၆ လက်မ 2480x1148p Display ကို သုံးနိုင်ပါတယ်။ သူ့ရဲ့ ခေါက်ချိုး ဒီဇိုင်းက မျက်နှာပြင်ရဲ့ အလယ်ကနေ အပြင်ဘက်ကို ခေါက်ချိုးရတာ ဖြစ်ပါတယ်။ ခေါက်ချိုးထားရင် အပြင်ဘက် မျက်နှာပြင်ကို သုံးနိုင်ပြီး အနောက်ကင်မရာနဲ့ ဆဲလ်ဖီးများ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဟွာဝေးက ဖိုင်နယ် ဗားရှင်းမှာ ကင်မရာ လေးလုံး ပါမယ်လို့ ပြောပါတယ်။ ဒါပေမယ့် သရုပ်ပြတဲ့ ဗားရှင်းမှာ သုံးလုံးသာ ပါပါတယ်။ ကင်မရာများရဲ့ Specs များကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် Leica Logo ပါတဲ့ အတွက် စွမ်းရည်မြင့် ကင်မရာများ ပါလာမှာပါ။ ဟွာဝေးက ကမ္ဘာ့ အပါးလွှာဆုံး ခေါက်ချိုး ဖုန်းလို့ ပြောပါတယ်။ ခေါက်ချိုးထားရင် ၁၁ မီလီမီတာ အထူ ရှိပါတယ်။ ဖြန့်ထားရင် ၅.၄ မီလီမီတာ အထူ ရှိပါတယ်။ အရွယ်ကြီး 4500mAh Battery ပါပါတယ်။ ဘေးဘက်မှ ပါဝါခလုတ်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Ref : techradar