[Zawgyi]

Huawei ရဲ႕ CFO ျဖစ္တဲ့ Meng Wanzhou (မုန႔္ဝမ့္က်ိဳး) ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလဆန္းတုန္းက ကေနဒါမွာ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။ မုန႔္ဝမ့္က်ိဳးကို ဖမ္းဆီးထိန္းသိမ္းတုန္းက သူမအသုံးျပဳေနတဲ့ အီလက္ထေရာနစ္ ပစၥည္းေတြကိုလည္း ရွာေဖြသိမ္းဆည္းခဲ့တာ ျဖစ္ပါတယ္။

ဗန္ကူးဗား တရား႐ုံးကတစ္ဆင့္ သိရွိလိုက္ရတာကေတာ့ မုန႔္ဝမ့္က်ိဳးဟာ သူမရဲ႕ လုပ္ငန္းေဆာင္တာေတြအတြက္ MacBook, iPhone, iPad စတာေတြကို အသုံးျပဳေနတယ္ဆိုတာပဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ခါးသီးၿပိဳင္ဘက္တစ္ရပ္အသြင္ေဆာင္ေနတဲ့ ဒီကုမၸဏီႏွစ္ခုရဲ႕အေျခအေနေၾကာင့္ မုန႔္ဝမ့္က်ိဳးရဲ႕ Apple ထုတ္ကုန္ေတြ အသုံးျပဳျခင္းဟာ ပိုၿပီးေတာ့ လူေျပာမ်ားတဲ့ သတင္းတစ္ခု ျဖစ္ခဲ့ရပါတယ္။

Huawei ဟာ ကုမၸဏီဝန္ထမ္းေတြကို Apple ထုတ္ကုန္ေတြ အသုံးမျပဳဖို႔ တင္းတင္းက်ပ္က်ပ္ တားျမစ္ထားတာပါ။ ဒါေပမယ့္လည္း Apple ေၾကာင့္ လူရယ္စရာျဖစ္ရပ္ေတြလည္း ႀကဳံခဲ့ရပါေသးတယ္။ ပထမတစ္ခုက Huawei ရဲ႕ Brand Ambassador ျဖစ္တဲ့ (Wonder Woman) သ႐ုပ္ေဆာင္မင္းသမီး Gal Gadot ရဲ႕ မွားယြင္းတဲ့ တြစ္တာပို႔စ္ေၾကာင့္ ျဖစ္ပါတယ္။ Gal Gadot က သူမရဲ႕ Huawei Mate 10 Pro အေၾကာင္း တြစ္တာေပၚတင္ရာမွာ iPhone ကို အသုံးျပဳၿပီး တင္ခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္လူသိမ်ားခဲ့တဲ့ အျဖစ္အပ်က္ကေတာ့ Huawei ရဲ႕ ေဈးကြက္ခ်ဲ႕ထြင္ေရ:နဲ႔ အေရာင္းဌာနဝန္ထမ္းႏွစ္ေယာက္က ကုမၸဏီရဲ႕ တရားဝင္တြစ္တာအေကာင့္ကို အသုံးျပဳရာမွာ iPhone နဲ႔အသုံးျပဳခဲ့တဲ့ ကိစၥပဲ ျဖစ္ပါတယ္။ ဒီဝန္ထမ္းႏွစ္ေယာက္ကေတာ့ ဒဏ္ေငြလည္း အ႐ိုက္ခံခဲ့ရ၊ ရာထူးလည္း အခ်ခံခဲ့ရတဲ့အျပင္ တစ္ႏွစ္စာ အပိုဆုေၾကးခံစားခြင့္လည္း ႐ုပ္သိမ္းခံခဲ့ရပါတယ္။

အခုလည္း တရား႐ုံးရဲ႕ ထိန္းသိမ္းပစၥည္းစာရင္းထဲမွာ Apple MacBook 12-inch, iPhone 7 Plus နဲ႔ iPad Pro တို႔ ပါဝင္ေနတာကို ေတြ႕ရျပန္ပါၿပီ။ မုန႔္ဝမ့္က်ိဳးအသုံးျပဳေနတဲ့ တစ္ခုတည္းေသာ Huawei ထုတ္ကုန္အျဖစ္ Huawei Mate 20 RS Porsche Design တစ္မ်ိဳးပဲ ေတြ႕ျမင္ၾကရပါတယ္။ Huawei ဟာ MediaPad ေတြ၊ MateBook ေတြထုတ္လုပ္ေပမယ့္ ဒီပစၥည္းေတြကို ထိန္းသိမ္းပစၥည္းစာရင္းထဲမွာ မေတြ႕ရဘဲ Apple ထုတ္ကုန္ေတြပဲ ေတြ႕ရတာေၾကာင့္ Huawei CFO ကလည္း Apple Fan ပဲလားလို႔ ေမးခြန္းထုတ္ခ်င္စရာ ျဖစ္ခဲ့ရပါေတာ့တယ္။

Ref: Phone Arena

[Unicode]

Apple Fan လားလို့ မေးခွန်းထုတ်ရမယ့် Huawei CFO

Huawei ရဲ့ CFO ဖြစ်တဲ့ Meng Wanzhou (မုန့်ဝမ့်ကျိုး) ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလဆန်းတုန်းက ကနေဒါမှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ မုန့်ဝမ့်ကျိုးကို ဖမ်းဆီးထိန်းသိမ်းတုန်းက သူမအသုံးပြုနေတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကိုလည်း ရှာဖွေသိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

ဗန်ကူးဗား တရားရုံးကတစ်ဆင့် သိရှိလိုက်ရတာကတော့ မုန့်ဝမ့်ကျိုးဟာ သူမရဲ့ လုပ်ငန်းဆောင်တာတွေအတွက် MacBook, iPhone, iPad စတာတွေကို အသုံးပြုနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ခါးသီးပြိုင်ဘက်တစ်ရပ်အသွင်ဆောင်နေတဲ့ ဒီကုမ္ပဏီနှစ်ခုရဲ့အခြေအနေကြောင့် မုန့်ဝမ့်ကျိုးရဲ့ Apple ထုတ်ကုန်တွေ အသုံးပြုခြင်းဟာ ပိုပြီးတော့ လူပြောများတဲ့ သတင်းတစ်ခု ဖြစ်ခဲ့ရပါတယ်။

Huawei ဟာ ကုမ္ပဏီဝန်ထမ်းတွေကို Apple ထုတ်ကုန်တွေ အသုံးမပြုဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတာပါ။ ဒါပေမယ့်လည်း Apple ကြောင့် လူရယ်စရာဖြစ်ရပ်တွေလည်း ကြုံခဲ့ရပါသေးတယ်။ ပထမတစ်ခုက Huawei ရဲ့ Brand Ambassador ဖြစ်တဲ့ (Wonder Woman) သရုပ်ဆောင်မင်းသမီး Gal Gadot ရဲ့ မှားယွင်းတဲ့ တွစ်တာပို့စ်ကြောင့် ဖြစ်ပါတယ်။ Gal Gadot က သူမရဲ့ Huawei Mate 10 Pro အကြောင်း တွစ်တာပေါ်တင်ရာမှာ iPhone ကို အသုံးပြုပြီး တင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ်လူသိများခဲ့တဲ့ အဖြစ်အပျက်ကတော့ Huawei ရဲ့ ဈေးကွက်ချဲ့ထွင်ရေ:နဲ့ အရောင်းဌာနဝန်ထမ်းနှစ်ယောက်က ကုမ္ပဏီရဲ့ တရားဝင်တွစ်တာအကောင့်ကို အသုံးပြုရာမှာ iPhone နဲ့အသုံးပြုခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒီဝန်ထမ်းနှစ်ယောက်ကတော့ ဒဏ်ငွေလည်း အရိုက်ခံခဲ့ရ၊ ရာထူးလည်း အချခံခဲ့ရတဲ့အပြင် တစ်နှစ်စာ အပိုဆုကြေးခံစားခွင့်လည်း ရုပ်သိမ်းခံခဲ့ရပါတယ်။

အခုလည်း တရားရုံးရဲ့ ထိန်းသိမ်းပစ္စည်းစာရင်းထဲမှာ Apple MacBook 12-inch, iPhone 7 Plus နဲ့ iPad Pro တို့ ပါဝင်နေတာကို တွေ့ရပြန်ပါပြီ။ မုန့်ဝမ့်ကျိုးအသုံးပြုနေတဲ့ တစ်ခုတည်းသော Huawei ထုတ်ကုန်အဖြစ် Huawei Mate 20 RS Porsche Design တစ်မျိုးပဲ တွေ့မြင်ကြရပါတယ်။ Huawei ဟာ MediaPad တွေ၊ MateBook တွေထုတ်လုပ်ပေမယ့် ဒီပစ္စည်းတွေကို ထိန်းသိမ်းပစ္စည်းစာရင်းထဲမှာ မတွေ့ရဘဲ Apple ထုတ်ကုန်တွေပဲ တွေ့ရတာကြောင့် Huawei CFO ကလည်း Apple Fan ပဲလားလို့ မေးခွန်းထုတ်ချင်စရာ ဖြစ်ခဲ့ရပါတော့တယ်။

Ref: Phone Arena