[Zawgyi]

Huawei ဟာ သူ႔ရဲ႕ ထုတ္ကုန္ေတြအတြက္ ကိုယ္ပိုင္ Operation System အသုံးျပဳႏိုင္ဖို႔ အျပင္းအထန္ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ လက္ရွိစမ္းသပ္ေနတဲ့ HongMeng OS နဲ႔ေမာင္းႏွင္ထားတဲ့ ပထမဆုံး Device ကို လာမယ့္ ေအာက္တိုဘာလမွာ စတင္မိတ္ဆက္ႏိုင္ဖို႔ အရွိန္ျမႇင့္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ရက္က ထြက္ေပၚလာတဲ့ သတင္းတစ္ခုမွာေတာ့ Huawei ဟာ HongMeng OS ထည့္သြင္းထားတဲ့ Device ေပါင္း ၁ သန္းကို စမ္းသပ္ဖို႔ ထုတ္လုပ္ထားေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ Huawei ကလည္း ကေနဒါ၊ ဥေရာပ၊ ေတာင္ကိုရီးယားနဲ႔ မကၠဆီကို စတဲ့ ေဈးကြက္အခ်ိဳ႕မွာ “HongMeng” ကုန္အမွတ္တံဆိပ္က ရွိႏွင့္ေနၿပီးသားလို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဒီသတင္းရဲ႕ ေနာက္ဆက္တြဲအျဖစ္ ထပ္မံေပၚထြက္လာတာကေတာ့ ကမာၻ႔ဉာဏပစၥည္းဆိုင္ရာမူပိုင္ခြင့္ အဖြဲ႕အစည္း မွာ “HongMeng” အမည္ကို မူပိုင္မွတ္ပုံတင္ခြင့္ တင္ထားတယ္ဆိုတာပါပဲ။ ကမာၻလုံးဆိုင္ရာ အမွတ္တံဆိပ္အခ်က္အလက္ေတြက ေဖာ္ျပေနတာက ၾသစေၾတးလ်၊ ကေနဒါ၊ ကေမာၻဒီယား၊ ဥေရာပသမဂၢ၊ အင္ဒိုနီးရွား၊ အိႏၵိယ၊ မကၠစီကို၊ စပိန္၊ ဆြစ္ဇာလန္နဲ႔ ထိုင္းႏိုင္ငံ ေတြမွာလည္း မူပိုင္ခြင့္မွတ္ပုံတင္ခြင့္ ျဖည့္သြင္းထားတာကို ေတြ႕ရွိရပါတယ္။

ၿပီးခဲ့တဲ့လတုန္းကေတာ့ တ႐ုတ္အမ်ိဳးသား ဉာဏမူပိုင္ခြင့္ဆိုင္ရာ အုပ္ခ်ဳပ္မႈ (CNIPA) က HongMeng အမည္ကို မူပိုင္မွတ္ပုံတင္ထားရွိမႈအတြက္ ခြင့္ျပဳေပးခဲ့ပါတယ္။ မူပိုင္ခြင့္မွာ ရည္ၫႊန္းေဖာ္ျပထားတာကေတာ့ HongMeng ဟာ စမတ္ဖုန္းကေန တက္ဘလက္နဲ႔ ကြန္ပ်ဴတာေတြအထိ အသုံးျပဳခြင့္ရွိတာကို ေတြ႕ျမင္ရပါတယ္။

မိုလ္ဘိုင္းေမာင္းႏွင္လည္ပတ္ေရးပ႐ိုဂရမ္သစ္ ဖန္တီးရာမွာ ေနာက္ထပ္စိန္ေခၚမႈတစ္ရပ္က လက္ရွိပ႐ိုဂရမ္ေတြနဲ႔ ၿပိဳင္ဆိုင္ရမႈအျပင္ App ေတြကို ေထာက္ပံ့ေပးႏိုင္ဖို႔လည္း ပါဝင္ပါတယ္။ Huawei ဟာ ကိုယ္ပိုင္ AppGallery လည္း ရွိႏွင့္ၿပီး ျဖစ္သလို Google ေနရာမွာ အစားထိုးဖို႔အတြက္ Aptoide နဲ႔လည္း ေဆြးေႏြးညႇိႏႈိင္းၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

နိုင်ငံအတော်များများမှာ HongMeng OS ကို မူပိုင်မှတ်ပုံတင်ခွင့် တောင်းခံထားတဲ့ Huawei

Huawei ဟာ သူ့ရဲ့ ထုတ်ကုန်တွေအတွက် ကိုယ်ပိုင် Operation System အသုံးပြုနိုင်ဖို့ အပြင်းအထန် ကြိုးစားနေတာ ဖြစ်ပါတယ်။ လက်ရှိစမ်းသပ်နေတဲ့ HongMeng OS နဲ့မောင်းနှင်ထားတဲ့ ပထမဆုံး Device ကို လာမယ့် အောက်တိုဘာလမှာ စတင်မိတ်ဆက်နိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်က ထွက်ပေါ်လာတဲ့ သတင်းတစ်ခုမှာတော့ Huawei ဟာ HongMeng OS ထည့်သွင်းထားတဲ့ Device ပေါင်း ၁ သန်းကို စမ်းသပ်ဖို့ ထုတ်လုပ်ထားကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် Huawei ကလည်း ကနေဒါ၊ ဥရောပ၊ တောင်ကိုရီးယားနဲ့ မက္ကဆီကို စတဲ့ ဈေးကွက်အချို့မှာ “HongMeng” ကုန်အမှတ်တံဆိပ်က ရှိနှင့်နေပြီးသားလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းရဲ့ နောက်ဆက်တွဲအဖြစ် ထပ်မံပေါ်ထွက်လာတာကတော့ ကမ္ဘာ့ဉာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့် အဖွဲ့အစည်း မှာ “HongMeng” အမည်ကို မူပိုင်မှတ်ပုံတင်ခွင့် တင်ထားတယ်ဆိုတာပါပဲ။ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်အချက်အလက်တွေက ဖော်ပြနေတာက သြစတြေးလျ၊ ကနေဒါ၊ ကမ္ဘောဒီယား၊ ဥရောပသမဂ္ဂ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မက္ကစီကို၊ စပိန်၊ ဆွစ်ဇာလန်နဲ့ ထိုင်းနိုင်ငံ တွေမှာလည်း မူပိုင်ခွင့်မှတ်ပုံတင်ခွင့် ဖြည့်သွင်းထားတာကို တွေ့ရှိရပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ တရုတ်အမျိုးသား ဉာဏမူပိုင်ခွင့်ဆိုင်ရာ အုပ်ချုပ်ရေး (CNIPA) က HongMeng အမည်ကို မူပိုင်မှတ်ပုံတင်ထားရှိမှုအတွက် ခွင့်ပြုပေးခဲ့ပါတယ်။ မူပိုင်ခွင့်မှာ ရည်ညွှန်းဖော်ပြထားတာကတော့ HongMeng ဟာ စမတ်ဖုန်းကနေ တက်ဘလက်နဲ့ ကွန်ပျူတာတွေအထိ အသုံးပြုခွင့်ရှိတာကို တွေ့မြင်ရပါတယ်။

မိုလ်ဘိုင်းမောင်းနှင်လည်ပတ်ရေးပရိုဂရမ်သစ် ဖန်တီးရာမှာ နောက်ထပ်စိန်ခေါ်မှုတစ်ရပ်က လက်ရှိပရိုဂရမ်တွေနဲ့ ပြိုင်ဆိုင်ရမှုအပြင် App တွေကို ထောက်ပံ့ပေးနိုင်ဖို့လည်း ပါဝင်ပါတယ်။ Huawei ဟာ ကိုယ်ပိုင် AppGallery လည်း ရှိနှင့်ပြီး ဖြစ်သလို Google နေရာမှာ အစားထိုးဖို့အတွက် Aptoide နဲ့လည်း ဆွေးနွေးညှိနှိုင်းပြီး ဖြစ်တယ်လို့ သိရပါတယ်။

Ref: GSMArena