Huawei ဟာ အခုနောက်ပိုင်းမှာ Huawei Mate Series ဆိုပြီးတကယ့် Flagship Product တွေအနေနဲ့ ဆက်တိုက်ကိုထုတ်လုပ်လာတာဖြစ်ပါတယ်။ ပုံမှန် နှစ်ကုန်ပိုင်းမှာမိတ်ဆက်နေကြ Huawei Mate Series ဖုန်းတွေအပြင် MateBook Series Laptop တွေနဲ့ အခုဆိုရင်လည်း MatePad Series နဲ့ Tablet တွေကို ထုတ်လုပ်နေပြီဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ Huawei ကနေ Mate Series Product တွေကို ထပ်မံထုတ်လုပ်ဖို့စိတ်ကူးနေပုံရပြီး အခုလည်း “Mate Watch” နာမည်ကို မှုပိုင်ခွင့်ရယူလိုက်ပြီလို့ သိရပါတယ်။ အဲ့ဒီအတွက် Huawei Mate Series Smartwatch တွေကို မကြာခင်မြင်တွေ့ရလာနိုင်ဖွယ်ရှိနေပါတယ်။

လောလောဆယ်မှာ Huawei ကနေ Huawei Watch GT 2 နဲ့ Watch GT 2e ဆိုပြီး Smartwatch တွေကို ထုပ်လုပ်ထားပေမယ့် လုံးဝပုံစံအသစ်နဲ့ Smartwatch အသစ်ကိုတော့ မိတ်ဆက်ထားခြင်းမရှိပါဘူး။ လာမယ့်နှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားမယ့် Huawei Mate 40 Series Launch Event မှာ ယခု Watch GT 2 နဲ့ GT 2e ရဲ့ မျိုးဆက်သစ် Smartwatch ကို Mate Watch နာမည်နဲ့ ပြောင်းလဲမိတ်ဆက်လာနိုင်တယ်လို့ ယူဆရပါတယ်။

Huawei ကနေ ယခု “Mate Watch” နာမည်အပြင် “MatePod” ဆိုပြီးလည်း နာမည်တစ်ခုကို Trademark ရယူထားတဲ့အတွက် ကြည့်ရတာလက်ရှိ Huawei FreeBuds Series Earbuds တွေကိုပါ “MatePod” ဆိုပြီး နာမည်ပြောင်းလဲတာ (သို့မဟုတ်) နောက်ထပ် “MatePod” နာမည်နဲ့ Headphone အသစ်ကို မိတ်ဆက်လာဦးမယ့်ပုံစံပါပဲ။

Ref – Gizmo China