[Zawgyi]

ႏိုဝင္ဘာလရဲ႕ အစပိုင္းမွာေတာ့ Huawei Mate 20 pro အခ်ိဳ႕ရဲ႕ မ်က္ႏွာျပင္ေတြဟာ ပုံမွန္မဟုတ္တဲ့ ျပႆနာနဲ႔ ႀကဳံေတြ႕ေနရေၾကာင္း တိုင္တန္းခ်က္ေတြ ေပၚေပါက္လာခဲ့ပါတယ္။ Huawei Mate 20 pro အခ်ိဳ႕ဟာ မ်က္ႏွာျပင္မွာ အစိမ္းေရာင္ အလင္းေတြ ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ ေဘးႏွစ္ဘက္ ေဘာင္တစ္ေလွ်ာက္မွာ အစိမ္းေရာင္အလင္းလိုင္း ျဖစ္ေပၚတာပါ။ အခ်ိဳ႕က်ေတာ့လည္း မ်က္ႏွာျပင္ တစ္ခုလုံးနီးပါး အစိမ္းေရာင္ ျဖစ္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ဒီျပႆနာနဲ႔ပတ္သက္ၿပီး အသံက်ယ္ေလာင္လာတာေၾကာင့္ Huawei ရဲ႕ UK community forum manager က ေၾကညာခ်က္အငယ္စားေလး တစ္ခုကို တရားဝင္ထုတ္ျပန္ခဲ့ရပါေသးတယ္။ သူ႔ရဲ႕ေၾကညာခ်က္မွာ ႏိုင္ငံအခ်ိဳ႕က Mate 20 pro ေတြမွာ အစိမ္းေရာင္ မ်က္ႏွာျပင္အခ်ိဳ႕ ျဖစ္ေပၚေနရတဲ့ အေၾကာင္းနဲ႔ပတ္သက္ၿပီး Huawei အေနနဲ႔ စုံစမ္းမႈျပဳလုပ္ေနေၾကာင္း၊ ဖင္လန္ႏိုင္ငံမွာေတာ့ ဒီလိုမ်ိဳး မ်က္ႏွာျပင္စိမ္းတဲ့ ျပႆနာရွိလာရင္ အသစ္တစ္လုံးနဲ႔ အခမဲ့လဲလွယ္ေပးေၾကာင္း ပါဝင္ပါတယ္။

Huawei Finland ကလည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး အထူးပဲအေရးတယူျပဳ ေဆာင္႐ြက္ေနေၾကာင္း၊ ျပႆနာရွိတဲ့ မ်က္ႏွာျပင္နဲ႔ ဖုန္းေတြအစား အသစ္တစ္လုံးနဲ႔ လဲလွယ္ေပးေနေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒီလိုျပႆနာ ျဖစ္ေပၚလာမယ္ဆိုရင္ အြန္လိုင္းကေနပဲျဖစ္ျဖစ္ ခ်က္ခ်င္းေမးျမန္းလို႔ရေၾကာင္း UK community forum မွာလည္း ေရးသားထားတာ ေတြ႕ရပါတယ္။

Mate 20 pro မွာ ဒီလိုျပႆနာ ျဖစ္ေပၚခဲ့မယ္ဆိုရင္ သက္ဆိုင္ရာ Support branch ကို သြားေရာက္ၿပီး ဖုန္းကိုျပလိုက္႐ုံနဲ႔ အစစ္ေဆး၊ အေမးအျမန္းမရွိဘဲ အသစ္တစ္လုံးနဲ႔ လဲလွယ္ေပးေနတာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ အကယ္၍ တစ္စုံတစ္ေယာက္က Service center ကို ပို႔ၿပီး ျပဳျပင္ဖို႔ ေျပာလာမယ္ဆိုရင္ေတာ့၊ ျပဳျပင္ဖို႔ျငင္းဆန္ၿပီး အသစ္တစ္လုံးနဲ႔သာ အစားထိုးလဲလွယ္ေပးဖို႔ ေတာင္းဆိုရမယ္လို႔လည္း သတိေပးမႈထုတ္ျပန္ထားေၾကာင္း သိရပါတယ္။

Ref: gsmarena

[Unicode]

နိုဝင်ဘာလရဲ့ အစပိုင်းမှာတော့ Huawei Mate 20 pro အချို့ရဲ့ မျက်နှာပြင်တွေဟာ ပုံမှန်မဟုတ်တဲ့ ပြဿနာနဲ့ ကြုံတွေ့နေရကြောင်း တိုင်တန်းချက်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ Huawei Mate 20 pro အချို့ဟာ မျက်နှာပြင်မှာ အစိမ်းရောင် အလင်းတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဘေးနှစ်ဘက် ဘောင်တစ်လျှောက်မှာ အစိမ်းရောင်အလင်းလိုင်း ဖြစ်ပေါ်တာပါ။ အချို့ကျတော့လည်း မျက်နှာပြင် တစ်ခုလုံးနီးပါး အစိမ်းရောင် ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီပြဿနာနဲ့ပတ်သက်ပြီး အသံကျယ်လောင်လာတာကြောင့် Huawei ရဲ့ UK community forum manager က ကြေညာချက်အငယ်စားလေး တစ်ခုကို တရားဝင်ထုတ်ပြန်ခဲ့ရပါသေးတယ်။ သူ့ရဲ့ကြေညာချက်မှာ နိုင်ငံအချို့က Mate 20 pro တွေမှာ အစိမ်းရောင် မျက်နှာပြင်အချို့ ဖြစ်ပေါ်နေရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး Huawei အနေနဲ့ စုံစမ်းမှုပြုလုပ်နေကြောင်း၊ ဖင်လန်နိုင်ငံမှာတော့ ဒီလိုမျိုး မျက်နှာပြင်စိမ်းတဲ့ ပြဿနာရှိလာရင် အသစ်တစ်လုံးနဲ့ အခမဲ့လဲလှယ်ပေးကြောင်း ပါဝင်ပါတယ်။

Huawei Finland ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အထူးပဲအရေးတယူပြု ဆောင်ရွက်နေကြောင်း၊ ပြဿနာရှိတဲ့ မျက်နှာပြင်နဲ့ ဖုန်းတွေအစား အသစ်တစ်လုံးနဲ့ လဲလှယ်ပေးနေကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလိုပြဿနာ ဖြစ်ပေါ်လာမယ်ဆိုရင် အွန်လိုင်းကနေပဲဖြစ်ဖြစ် ချက်ချင်းမေးမြန်းလို့ရကြောင်း UK community forum မှာလည်း ရေးသားထားတာ တွေ့ရပါတယ်။

Mate 20 pro မှာ ဒီလိုပြဿနာ ဖြစ်ပေါ်ခဲ့မယ်ဆိုရင် သက်ဆိုင်ရာ Support branch ကို သွားရောက်ပြီး ဖုန်းကိုပြလိုက်ရုံနဲ့ အစစ်ဆေး၊ အမေးအမြန်းမရှိဘဲ အသစ်တစ်လုံးနဲ့ လဲလှယ်ပေးနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်က Service center ကို ပို့ပြီး ပြုပြင်ဖို့ ပြောလာမယ်ဆိုရင်တော့၊ ပြုပြင်ဖို့ငြင်းဆန်ပြီး အသစ်တစ်လုံးနဲ့သာ အစားထိုးလဲလှယ်ပေးဖို့ တောင်းဆိုရမယ်လို့လည်း သတိပေးမှုထုတ်ပြန်ထားကြောင်း သိရပါတယ်။

Ref: gsmarena