[Zawgyi]

ေနာက္ (၂)ႏွစ္အတြင္း ထြက္ရွိလာမယ့္ Huawei Flagship ဖုန္းေတြရဲ႕ တစ္ဝက္ေလာက္ဟာ ေကြးညႊတ္ႏိုင္မယ့္ ဖုန္းေတြျဖစ္လာမယ္လို႔ CEO ျဖစ္သူက ေျပာၾကားလိုက္ပါတယ္။

ေကြးညြတ္ႏိုင္တဲ့ စမတ္ဖုန္းနည္းပညာမွာ Huaweiဟာ Samsung Fold နဲ႔ Royole FlexPai တို႔ရဲ႕ ဦးေဆာင္ျခင္းကို ခံခဲ့ရေပမယ့္လည္း သူ႔ရဲ႕ စိတ္ဝင္စားစရာေကာင္းတဲ့ ေနာက္ဆံုးေပၚ Huawei Mate X ကို ေၾကျငာျပီး နည္းပညာတိုက္ပြဲ ထဲကို ျပန္လည္ဝင္ေရာက္လာခဲ့ပါတယ္။ယခုအခါမွာေတာ့ Huawei ရဲ႕ အမွဳေဆာင္အရာရွိခ်ဳပ္ ရစ္ခ်က္ယု ရဲ႕ GSMArena နဲ႔ ေတြ႔ဆံုခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ ေျဖၾကားခ်က္အရ  Huawei ဟာ ဒီေကြးညႊတ္ႏိုင္တဲ့ စမတ္ဖုန္းနည္းပညာဘက္ကို လံုးဝအားစိုက္ထားတယ္လို႔ ယူဆရပါတယ္။

 

ေနာက္ႏွစ္အနည္းငယ္အတြင္းမွာ ေကြးညႊတ္ႏိုင္တဲ့ စမတ္ဖုန္းေတြ ဘယ္ေလာက္ထြက္လာႏိုင္လဲဆိုတဲ့ ေမးခြန္းမွာအေပၚမွာ ရစ္ခ်က္ယုက လာမယ့္ (၂)ႏွစ္ေလာက္အတြင္းမွာ ကြ်န္ေတာ္တို႔ရဲ႕ စြမ္းေဆာင္ရည္ျမင့္ဖုန္းေတြရဲ႕ တစ္ဝက္ေလာက္ကေတာ့ ေကြးညႊတ္လာႏိုင္မယ္လို႔ ေျဖၾကားခဲ့တာပဲ ျဖစ္ပါတယ္။ဒါ့အျပင္ ဒီဖုန္းေတြရဲ႕ ေစ်းႏွဳန္းၾကီးေနျမင့္ေနမွဳအေပၚမွာလည္း ေကြးညႊတ္ႏိုင္တဲ့ဖုန္းေတြရဲ႕ နည္းပညာဟာ အစပဲရွိေသးတဲ့အျပင္ ေစ်းကြက္ရွယ္ယာအေနနဲ႔လည္း နည္းေနေသးတာေၾကာင့္ ဒီလို ဖုန္းေတြကိုထုတ္လုပ္တဲ့ စရိတ္ဟာၾကီးျမင့္ေနျပီး ေစ်းႏွဳန္းလည္း မ်ားေနေသးတာျဖစ္တယ္လို႔ ေျပာၾကားသြားပါတယ္။

ဒါေပမယ့္လည္း ရစ္ခ်က္ယုဟာ ေကြးညႊတ္ႏိုင္တဲ့ဖုန္းေတြရဲ႕ တန္ဖိုးဟာ တစ္ျဖည္းျဖည္းက်ဆင္းလာလိမ့္မယ္ လို႔ယံုၾကည္ေနျပီး ေနာင္ (၂) ႏွစ္ေလာက္ၾကာတဲ့အခါမွာေတာ့ ဒီေကြးညႊတ္ႏိုင္တဲ့ဖုန္းေတြဟာ လက္ရွိ စြမ္းေဆာင္ရည္ျမင့္ဖုန္းေတြရဲ႕ ေစ်းေလာက္သာရွိေတာ့မယ္လို႔လည္း ထင္ေၾကးေပးခဲ့ပါတယ္။ ယုဟာအဆင့္ျမင့္တင္ဆဲ အေျခအေနမွာပဲ ရွိေနေသးတဲ့ သူ႔ရဲ႕ အဓိကစမတ္ဖုန္း Huawei Mate X အေၾကာင္းေျပာျပရင္း ေလာေလာလတ္လတ္ကမွ ေၾကျငာထားတဲ့ P30 Pro အေၾကာင္းကိုလည္း ေဆြးေႏြးခဲ့ပါေသးတယ္။ဒါ့အျပင္ အနာဂတ္မွာ Huawei အေနနဲ႔ P30 Pro ရဲ႕ တစ္ဝက္ခန္႔သာ အရြယ္အစားရွိမယ့္ ေကြးညႊတ္ႏိုင္တဲ့ စမတ္ဖုန္းေတြကိုလည္း ထုတ္လုပ္သြားဖို႔ ရွိေနတယ္လို႔ ေျပာၾကားခဲ့တာေၾကာင့္ ေနာင္ႏွစ္ေတြမွာ က်စ္က်စ္လ်စ္လ်စ္နဲ႔ အရြယ္အစားေသးငယ္တဲ့ ေကြးညႊတ္ႏိုင္တဲ့ စမတ္ဖုန္းေတြ ေစ်းကြက္ထဲေရာက္လာမွာလားဆိုတာ စိတ္ဝင္စားစရာ ေစာင့္ၾကည့္ရဦးမွာပဲ ျဖစ္ပါတယ္။

Source : Techrader

[Unicode]

နောက် (၂)နှစ်အတွင်း ထွက်ရှိလာမယ့် Huawei Flagship ဖုန်းတွေရဲ့ တစ်ဝက်လောက်ဟာ ကွေးညွှတ်နိုင်မယ့် ဖုန်းတွေဖြစ်လာမယ်လို့ CEO ဖြစ်သူက ပြောကြားလိုက်ပါတယ်။

ကွေးညွတ်နိုင်တဲ့ စမတ်ဖုန်းနည်းပညာမှာ Huaweiဟာ Samsung Fold နဲ့ Royole FlexPai တို့ရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့်လည်း သူ့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နောက်ဆုံးပေါ် Huawei Mate X ကို ကြေငြာပြီး နည်းပညာတိုက်ပွဲ ထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ယခုအခါမှာတော့ Huawei ရဲ့ အမှုဆောင်အရာရှိချုပ် ရစ်ချက်ယူ ရဲ့ GSMArena နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားချက်အရ  Huawei ဟာ ဒီကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းနည်းပညာဘက်ကို လုံးဝအားစိုက်ထားတယ်လို့ ယူဆရပါတယ်။

 

နောက်နှစ်အနည်းငယ်အတွင်းမှာ ကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းတွေ ဘယ်လောက်ထွက်လာနိုင်လဲဆိုတဲ့ မေးခွန်းမှာအပေါ်မှာ ရစ်ချက်ယုက လာမယ့် (၂)နှစ်လောက်အတွင်းမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်မြင့်ဖုန်းတွေရဲ့ တစ်ဝက်လောက်ကတော့ ကွေးညွှတ်လာနိုင်မယ်လို့ ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။ဒါ့အပြင် ဒီဖုန်းတွေရဲ့ ဈေးနှုန်းကြီးနေမြင့်နေမှုအပေါ်မှာလည်း ကွေးညွှတ်နိုင်တဲ့ဖုန်းတွေရဲ့ နည်းပညာဟာ အစပဲရှိသေးတဲ့အပြင် ဈေးကွက်ရှယ်ယာအနေနဲ့လည်း နည်းနေသေးတာကြောင့် ဒီလို ဖုန်းတွေကိုထုတ်လုပ်တဲ့ စရိတ်ဟာကြီးမြင့်နေပြီး ဈေးနှုန်းလည်း များနေသေးတာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

ဒါပေမယ့်လည်း ရစ်ချက်ယုဟာ ကွေးညွှတ်နိုင်တဲ့ဖုန်းတွေရဲ့ တန်ဖိုးဟာ တစ်ဖြည်းဖြည်းကျဆင်းလာလိမ့်မယ် လို့ယုံကြည်နေပြီး နောင် (၂) နှစ်လောက်ကြာတဲ့အခါမှာတော့ ဒီကွေးညွှတ်နိုင်တဲ့ဖုန်းတွေဟာ လက်ရှိ စွမ်းဆောင်ရည်မြင့်ဖုန်းတွေရဲ့ ဈေးလောက်သာရှိတော့မယ်လို့လည်း ထင်ကြေးပေးခဲ့ပါတယ်။ ယုဟာအဆင့်မြင့်တင်ဆဲ အခြေအနေမှာပဲ ရှိနေသေးတဲ့ သူ့ရဲ့ အဓိကစမတ်ဖုန်း Huawei Mate X အကြောင်းပြောပြရင်း လောလောလတ်လတ်ကမှ ကြေငြာထားတဲ့ P30 Pro အကြောင်းကိုလည်း ဆွေးနွေးခဲ့ပါသေးတယ်။ဒါ့အပြင် အနာဂတ်မှာ Huawei အနေနဲ့ P30 Pro ရဲ့ တစ်ဝက်ခန့်သာ အရွယ်အစားရှိမယ့် ကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းတွေကိုလည်း ထုတ်လုပ်သွားဖို့ ရှိနေတယ်လို့ ပြောကြားခဲ့တာကြောင့် နောင်နှစ်တွေမှာ ကျစ်ကျစ်လျစ်လျစ်နဲ့ အရွယ်အစားသေးငယ်တဲ့ ကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းတွေ ဈေးကွက်ထဲရောက်လာမှာလားဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Source : Techrader