[Zawgyi]

တရုတ္ရဲ႕ နည္းပညာ ဘီလူးႀကီး Huawei ဟာ အေမရိကန္နဲ႔ တရုတ္ရဲ႕ ကုန္သြယ္ေရး စစ္ပြဲမွာ ဓါးစာခံ ျဖစ္ေနပါတယ္။ အေမရိကန္က Huawei ကို နာမည္ပ်က္စာရင္းသြင္းခဲ့ၿပီး အေမရိကန္ ကုမၸဏီေတြနဲ႔ အလုပ္လုပ္တာကို ပိတ္ပင္ခဲ့ပါတယ္။ အခုေတာ့ Huawei ရဲ႕ CEO Ren Zhengfei က ကုမၸဏီဟာ အေမရိကန္ မလိုအပ္ဘဲ ရွင္သန္ႏိုင္တယ္လို႔ ေျပာပါတယ္။ သူက “ အေမရိကန္ မလိုဘဲ ကြ်န္ေတာ္တို႔ ေကာင္းေကာင္း ရပ္တည္ႏုိင္ပါတယ္။ အေမရိကန္နဲ႔ တရုတ္ရဲ႕ ကုန္သြယ္ေရး စစ္ပြဲကို ဂရု မစိုက္ပါဘူး။ “ လို႔ အင္တာဗ်ဴး ၁ ခုမွာ ေျပာပါတယ္။

Ren Zhengfei က “ အေမရိကန္မွာ လုပ္ငန္းေတြ သိပ္မရွိတဲ့အတြက္ ကုန္သြယ္ေရးစစ္ပြဲမွာ Huawei ဟာ အဓိက မက်ပါဘူး။ အေမရိကန္နဲ႔ ရန္စလည္း မရွိပါဘူး။ သမၼတ Donald Trump လာလည္ရင္လည္း ေႏြးေထြးစြာ ႀကိဳဆိုမွာပါ။ “ လို႔ ေျပာပါတယ္။Huawei ဟာ Networking Equipment ေတြ ထုတ္လုပ္ေနတဲ့ ကမာၻ႔အႀကီးမားဆုံး ကုမၸဏီ ျဖစ္သလို ကမာၻ႔ဒုတိယ အႀကီးဆုံး စမတ္ဖုန္းကုမၸဏီလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္က Huawei ဟာ Alphabet Inc နဲ႔ Microsoft Corp တို႔လို အေမရိကန္ ကုမၸဏီေတြဆီကေန Software နဲ႔ Chip  အပါအ၀င္ နည္းပညာေတြကို ေဒၚလာ ၁၁ ဘီလီယမ္ဖိုး ၀ယ္ယူခဲ့ပါတယ္။ အခုေတာ့ Huawei က တျခား ကုမၸဏီေတြဆီကေန ၀ယ္ယူဖို႔ ျပင္ဆင္ေနသလို ကိုယ္တိုင္လည္း Chip နဲ႔ Software ေတြ ထုတ္လုပ္ေနပါတယ္။

Huawei ရဲ႕ အရာရွိေတြက ကုမၸဏီဟာ အေမရိကန္ နည္းပညာ မပါဘဲ 5G Networking Products ေတြကို ထုတ္လုပ္ႏုိင္တယ္လို႔ ေျပာပါတယ္။ Huawei ဟာ Customer ေတြရဲ႕ ေဒတာေတြကို တရုတ္ အစိုးရကို ေပးေနတယ္လို႔ စြပ္စြဲခံေနရပါတယ္။ CEO ကေတာ့ ဒီလို မလုပ္ဘူးလို႔ ျငင္းဆိုထားပါတယ္။ အေမရိကန္နဲ႔ တရုတ္ရဲ႕ ကုန္သြယ္ေရး စစ္ပြဲအၾကားမွာ Huawei ဘယ္လို ရွင္သန္ဦးမလဲဆိုတာ စိတ္၀င္စားစရာေကာင္းပါတယ္။

Ref : gizmochina

[Unicode]

Huawei တည်ထောင်သူက သူ့ကုမ္ပဏီဟာ အမေရိကန်ကို မလိုအပ်ဘူးလို့ ပြော

တရုတ်ရဲ့ နည်းပညာ ဘီလူးကြီး Huawei ဟာ အမေရိကန်နဲ့ တရုတ်ရဲ့ ကုန်သွယ်ရေး စစ်ပွဲမှာ ဓါးစာခံ ဖြစ်နေပါတယ်။ အမေရိကန်က Huawei ကို နာမည်ပျက်စာရင်းသွင်းခဲ့ပြီး အမေရိကန် ကုမ္ပဏီတွေနဲ့ အလုပ်လုပ်တာကို ပိတ်ပင်ခဲ့ပါတယ်။ အခုတော့ Huawei ရဲ့ CEO Ren Zhengfei က ကုမ္ပဏီဟာ အမေရိကန် မလိုအပ်ဘဲ ရှင်သန်နိုင်တယ်လို့ ပြောပါတယ်။ သူက “ အမေရိကန် မလိုဘဲ ကျွန်တော်တို့ ကောင်းကောင်း ရပ်တည်နိုင်ပါတယ်။ အမေရိကန်နဲ့ တရုတ်ရဲ့ ကုန်သွယ်ရေး စစ်ပွဲကို ဂရု မစိုက်ပါဘူး။ “ လို့ အင်တာဗျူး ၁ ခုမှာ ပြောပါတယ်။

Ren Zhengfei က “ အမေရိကန်မှာ လုပ်ငန်းတွေ သိပ်မရှိတဲ့အတွက် ကုန်သွယ်ရေးစစ်ပွဲမှာ Huawei ဟာ အဓိက မကျပါဘူး။ အမေရိကန်နဲ့ ရန်စလည်း မရှိပါဘူး။ သမ္မတ Donald Trump လာလည်ရင်လည်း နွေးထွေးစွာ ကြိုဆိုမှာပါ။ “ လို့ ပြောပါတယ်။ Huawei ဟာ Networking Equipment တွေ ထုတ်လုပ်နေတဲ့ ကမ္ဘာ့အကြီးမားဆုံး ကုမ္ပဏီ ဖြစ်သလို ကမ္ဘာ့ဒုတိယ အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က Huawei ဟာ Alphabet Inc နဲ့ Microsoft Corp တို့လို အမေရိကန် ကုမ္ပဏီတွေဆီကနေ Software နဲ့ Chip အပါအဝင် နည်းပညာတွေကို ဒေါ်လာ ၁၁ ဘီလီယမ်ဖိုး ဝယ်ယူခဲ့ပါတယ်။ အခုတော့ Huawei က တခြား ကုမ္ပဏီတွေဆီကနေ ဝယ်ယူဖို့ ပြင်ဆင်နေသလို ကိုယ်တိုင်လည်း Chip နဲ့ Software တွေ ထုတ်လုပ်နေပါတယ်။

Huawei ရဲ့ အရာရှိတွေက ကုမ္ပဏီဟာ အမေရိကန် နည်းပညာ မပါဘဲ 5G Networking Products တွေကို ထုတ်လုပ်နိုင်တယ်လို့ ပြောပါတယ်။ Huawei ဟာ Customer တွေရဲ့ ဒေတာတွေကို တရုတ် အစိုးရကို ပေးနေတယ်လို့ စွပ်စွဲခံနေရပါတယ်။ CEO ကတော့ ဒီလို မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။ အမေရိကန်နဲ့ တရုတ်ရဲ့ ကုန်သွယ်ရေး စစ်ပွဲအကြားမှာ Huawei ဘယ်လို ရှင်သန်ဦးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Ref : gizmochina