လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ Huawei FreeLace Pro Headset ရဲ့ ဘူးခွံနဲ့အတူ ဒီ Headset အကြောင်း သတင်းတစ်ပုဒ် ပေါက်ကြားထွက်ပေါ်လာပါသေးတယ်။ တရုတ်နည်းပညာကုမ္ပဏီကြီးဟာ MateBook X အသစ်ကို ကြေညာချိန်မှာ FreeLace Pro Headset ကိုလည်း တပါတည်း ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

Freelace Pro ဟာ လည်ပတ်ကြိုးပါဝင်တဲ့ Bltetooth earbuds တွေနဲ့ဖြစ်ပါတယ်။ သက်ဝင်နေတဲ့ဆူညံသံတွေကို ပယ်ဖျက်တဲ့ Active Noise Cancellation (ANC) လည်းပါဝင်သလို Built-in USB-C ကြိုးကိုအသုံးပြုပြီးတော့လည်း အားသွင်းနိုင်တာကို တွေ့ရပါတယ်။

Freelace Pro ဟာ ဆူညံသံတွေကို 40dB အထိ လျှော့ချနိုင်တယ်လို့တော့ Huawei က အခိုင်အမာ ဆိုထားပါတယ်။ ဒါ့အပြင် သွားလာလှုပ်ရှားနေတဲ့အချိန်အတွင်း ပြင်ပအသံအချို့ကို ကြားစေနိုင်မယ့် Ambient mode လည်း ပါဝင်နေပါတယ်။ နားကြပ်တွေဟာ Touch control လုပ်ဆောင်ချက်တွေလည်း လုပ်ဆောင်နိုင်မှာဖြစ်သလို၊ သီချင်းနားထောင်ခြင်း၊ ရပ်တန့်ခြင်း၊ ကျော်ခြင်း၊ ဖုန်းဖြေဆိုခြင်း စတဲ့အခြေခံလုပ်ဆောင်ချက်တွေအတွက် ရုပ်ပိုင်းဆိုင်ရာ ခလုတ်တွေလည်း တပ်ဆင်ပေးထားပါသေးတယ်။

14mm driver တွေနဲ့ဖြစ်ပြီး ANC အတွက် မိုက်ခရိုဖုန်း သုံးလုံး တပ်ဆင်ပေးထားသလို ဖုန်းပြောဆိုချိန်မှာ ရှင်းလင်းတဲ့ အသံထုတ်လွှတ်မှုဖြစ်စေဖို့လည်း ထောက်ပံ့ပေးနိုင်တယ်လို့ သိရပါတယ်။ အရောင်ကတော့ အစိမ်း၊ အနက်နဲ့ အဖြူရောင်ဆိုပြီး သုံးရောင်ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းကတော့ $86 (၁ သိန်း ၁ သောင်းခွဲဝန်းကျင်) ဖြစ်ပါတယ်။ စက်တင်ဘာလ ၄ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပေမယ့် နိုင်ငံတကာဈေးကွက်ကိုတော့ ဘယ်အချိန်ပို့ဆောင်မလဲ မသိရသေးပါဘူး။

Ref: GSM Arena