[Zawgyi]

၂၀၁၈ ဟာ Huawei အတြက္ အံ့အားသင့္စရာ ျဖစ္ရပ္ေတြနဲ႔ ျဖတ္သန္းခဲ့ရတဲ့ ႏွစ္တစ္ႏွစ္လို႔ ဆိုရမွာပါ။ ၂၀၁၈ ကုန္ဆုံးကာနီးမွာ စီးပြားေရးစစ္ပြဲရဲ႕ ႐ိုက္ခတ္မႈေတြကို ခံခဲ့ရေပမယ့္ တစ္ႏွစ္လုံးကို ၿခဳံငုံၾကည့္လိုက္မယ္ဆိုရင္ေတာ့ Huawei အတြက္ ေအာင္ျမင္ခဲ့တဲ့ ႏွစ္တစ္ႏွစ္လို႔ပဲ သတ္မွတ္ႏိုင္ပါတယ္။

၂၀၁၈ မကုန္ဆုံးခင္ အခုအခ်ိန္အထိ Huawei ရဲ႕ စမတ္ဖုန္းတင္ပို႔ေရာင္းခ်ရမႈက အလုံးေရ မီလီယံ ၂၀၀ ေက်ာ္ျဖစ္ခဲ့ပါတယ္။ P20, Mate 20 နဲ႔ Nova Series ေတြဟာ Huawei အတြက္ အေကာင္းဆုံး ေရာင္းအားေတြနဲ႔ ဂုဏ္သိကၡာအတြက္ ႀကီးမားတဲ့ အေထာက္အပံ့ေတြ ျဖစ္ေစခဲ့တယ္လို႔ တ႐ုတ္စမတ္ဖုန္း ကုမၸဏီႀကီးက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

Mate 20 Series ေတြဟာ ႏွစ္လအတြင္းမွာတင္ အလုံးေရ ၅ သန္းေလာက္ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။ Mate 20 Series ေတြဟာ Mate 20, Mate 20 Pro, Mate 20 X, Porsche Design Mate 20 RS စသျဖင့္ မ်ိဳးကြဲေတြ ထုတ္လုပ္ေရာင္းခ်ခဲ့တာလည္း ျဖစ္ပါတယ္။

Huawei ဟာ သူတို႔ရဲ႕ Mid-range Nova Series ေတြက ၂၀၁၈ ေနာက္ဆုံးအခ်ိန္မွာ အလုံးေရ ၆၈ သန္းေက်ာ္ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့တာကို ေတြ႕ရွိခဲ့ၾကပါတယ္။ Nova Series ေတြကေတာ့ Nova 3, Nova 3i, Nova 3E နဲ႔ Nova 4 ဆိုၿပီး မ်ိဳးကြဲေတြနဲ႔ ထုတ္လုပ္ေရာင္းခ်ခဲ့တာပါ။ Huawei ရဲ႕ အဓိက ေရာင္းအားက Mid-range ေတြေပၚမွာလည္း အမ်ားႀကီး မွီခိုေနတယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။

လက္ရွိထုတ္ျပန္မႈမွာေတာ့ Huawei အမွတ္တံဆိပ္အတြက္ပဲျဖစ္ၿပီး အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Honor ရဲ႕ တင္ပို႔ေရာင္းခ်ရမႈေတာ့ မပါဝင္တာကို ေတြ႕ရပါတယ္။ Honor အမွတ္တံဆိပ္နဲ႔ စမတ္ဖုန္းေတြကလည္း ဒီ ၂၀၁၈ အတြင္းမွာ အေတာ္ေလးကို ေရပန္းစား လူႀကိဳက္မ်ားခဲ့တာကို ေတြ႕ျမင္ၾကရမွာပါ။

ဘယ္လိုပဲျဖစ္ျဖစ္ Huawei အေနနဲ႔ အေမရိကန္အပါအဝင္ အျခားဖြံ႕ၿဖိဳးၿပီး ႏိုင္ငံႀကီးအခ်ိဳ႕ရဲ႕ သတင္းေခါင္းႀကီးပိုင္းေတြမွာ အဆိုးအျမင္နဲ႔ ေရးသားေဖာ္ျပျခင္းခံခဲ့ရတာကေတာ့ စိတ္မေကာင္းစရာ ျဖစ္ရပ္တစ္ခုပါပဲ။ လုံၿခဳံေရးပိုင္းဆိုင္ရာ သံသယ ျဖစ္ခံရမႈေတြ၊ CFO ထိန္းသိမ္းခံခဲ့ရမႈေတြက Huawei ရဲ႕ ၂၀၁၈ မွတ္တမ္းမွာ အမာ႐ြတ္တစ္ခုလို က်န္ရစ္ေနမယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။

 

Ref: Androidauthority

 

[Unicode]

၂၀၁၈ ဟာ Huawei အတွက် အံ့အားသင့်စရာ ဖြစ်ရပ်တွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ ၂၀၁၈ ကုန်ဆုံးကာနီးမှာ စီးပွားရေးစစ်ပွဲရဲ့ ရိုက်ခတ်မှုတွေကို ခံခဲ့ရပေမယ့် တစ်နှစ်လုံးကို ခြုံငုံကြည့်လိုက်မယ်ဆိုရင်တော့ Huawei အတွက် အောင်မြင်ခဲ့တဲ့ နှစ်တစ်နှစ်လို့ပဲ သတ်မှတ်နိုင်ပါတယ်။

၂၀၁၈ မကုန်ဆုံးခင် အခုအချိန်အထိ Huawei ရဲ့ စမတ်ဖုန်းတင်ပို့ရောင်းချရမှုက အလုံးရေ မီလီယံ ၂၀၀ ကျော်ဖြစ်ခဲ့ပါတယ်။ P20, Mate 20 နဲ့ Nova Series တွေဟာ Huawei အတွက် အကောင်းဆုံး ရောင်းအားတွေနဲ့ ဂုဏ်သိက္ခာအတွက် ကြီးမားတဲ့ အထောက်အပံ့တွေ ဖြစ်စေခဲ့တယ်လို့ တရုတ်စမတ်ဖုန်း ကုမ္ပဏီကြီးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Mate 20 Series တွေဟာ နှစ်လအတွင်းမှာတင် အလုံးရေ ၅ သန်းလောက် တင်ပို့ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ Mate 20 Series တွေဟာ Mate 20, Mate 20 Pro, Mate 20 X, Porsche Design Mate 20 RS စသဖြင့် မျိုးကွဲတွေ ထုတ်လုပ်ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။

Huawei ဟာ သူတို့ရဲ့ Mid-range Nova Series တွေက ၂၀၁၈ နောက်ဆုံးအချိန်မှာ အလုံးရေ ၆၈ သန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။ Nova Series တွေကတော့ Nova 3, Nova 3i, Nova 3E နဲ့ Nova 4 ဆိုပြီး မျိုးကွဲတွေနဲ့ ထုတ်လုပ်ရောင်းချခဲ့တာပါ။ Huawei ရဲ့ အဓိက ရောင်းအားက Mid-range တွေပေါ်မှာလည်း အများကြီး မှီခိုနေတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

လက်ရှိထုတ်ပြန်မှုမှာတော့ Huawei အမှတ်တံဆိပ်အတွက်ပဲဖြစ်ပြီး အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ရဲ့ တင်ပို့ရောင်းချရမှုတော့ မပါဝင်တာကို တွေ့ရပါတယ်။ Honor အမှတ်တံဆိပ်နဲ့ စမတ်ဖုန်းတွေကလည်း ဒီ ၂၀၁၈ အတွင်းမှာ အတော်လေးကို ရေပန်းစား လူကြိုက်များခဲ့တာကို တွေ့မြင်ကြရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် Huawei အနေနဲ့ အမေရိကန်အပါအဝင် အခြားဖွံ့ဖြိုးပြီး နိုင်ငံကြီးအချို့ရဲ့ သတင်းခေါင်းကြီးပိုင်းတွေမှာ အဆိုးအမြင်နဲ့ ရေးသားဖော်ပြခြင်းခံခဲ့ရတာကတော့ စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုပါပဲ။ လုံခြုံရေးပိုင်းဆိုင်ရာ သံသယ ဖြစ်ခံရမှုတွေ၊ CFO ထိန်းသိမ်းခံခဲ့ရမှုတွေက Huawei ရဲ့ ၂၀၁၈ မှတ်တမ်းမှာ အမာရွတ်တစ်ခုလို ကျန်ရစ်နေမယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

 

Ref: Androidauthority