Zawgyi

အခုႏွစ္အေစာပုိင္းမွာ အေမရိကန္ႏုိင္ငံရဲ႕ ပိတ္ပင္မႈကို ခံခဲ့ရၿပီးေနာက္ Huawei ကုမၸဏီဟာ ကိုယ္ပုိင္ Harmony OS ကို မိတ္ဆက္ခဲ့ပါတယ္။ ဒါကို Android OS မရေတာ့မွ အသုံးျပဳရမယ့္ ဒုတိယေရြးခ်ယ္မႈအျဖစ္ မိတ္ဆက္ခဲ့ေပမယ့္ စမတ္ဖုန္းေတြသာမကဘဲ စမတ္အသုံးအေဆာင္အားလုံးမွာ Cross-platform အသုံးျပဳႏုိင္မယ့္ OS စက္ႏွင္စနစ္တစ္ခု ျဖစ္ပါတယ္။

Huawei ရဲ႕ Senior VP ျဖစ္တဲ့ Vincent Pang ကေတာ့ ဒီႏွစ္ထဲမွာ Harmony OS အသုံးျပဳမယ့္ စမတ္ဖုန္းေတြ ထုတ္လုပ္ဦးမွာမဟုတ္ေသးဘူးလို႔ ဆုိထားတဲ့အတြက္ အျခား Wearable ေတြနဲ႔ TV လိုမ်ဳိး စမတ္ကိရိယာေတြမွာ ပါလာဖို႔ ေစာင့္ေမွ်ာ္ေနရတာပါ။ ယခုအခါမွာေတာ့ Huawei ဟာ Harmony OS အသုံးျပဳရမယ့္ Honor Vision စမတ္တီဗီကို ဥေရာပ ေစ်းကြက္သုိ႔ မိတ္ဆက္လာဖို႔ ျပင္ဆင္ေနပါၿပီ။

Honor Vision တီဗီေတြဟာ မ်ားေသာအားျဖင့္ ရုိးရုိးနဲ႔ Pro ဆုိၿပီး စမတ္ဖုန္းေတြလိုပဲ ဗားရွင္းႏွစ္မ်ဳိး ထြက္တတ္ပါတယ္။ ေစ်းႏႈန္းကို ပူပန္စရာမလုိဘဲ စမတ္ဖုန္းလို ပုိသုံးလို႔ရမယ့္ စမတ္တီဗီႀကီးေတြ ေစာင့္ေမွ်ာ္ေနသူေတြ အတြက္ေတာ့ သတင္းေကာင္းပါပဲ။ Pro ဗားရွင္းမွာ ျဖဳတ္လို႔တပ္လို႔ရတဲ့ ကင္မရာတစ္ခု အပိုပါလာမွာျဖစ္သလို 10W စပီကာ ေလးခုအစား ေျခာက္ခု၊ ပိုမ်ားတဲ့ 32GB Storage ေရြးခ်ယ္မႈစသျဖင့္ ရရွိႏုိင္မွာပါ။

ႏွစ္မ်ဳိးစလုံးကေတာ့ 4K ရုပ္ထြက္ကို ေထာက္ပံ့ေပးႏုိင္မွာျဖစ္ၿပီး ဥေရာပေစ်းကြက္ထဲကို 65” နဲ႔ 75” အရြယ္အစားေတြ အရင္ဝင္လာမွာျဖစ္ပါတယ္။ ပိုေသးၿပီးေစ်းပိုခ်ဳိမယ့္ 55” နဲ႔ အႀကီးဆုံး 85” တုိ႔ကေတာ့ ေနာက္မွ လိုက္လာမွာပါ။ Honor Vision TV ရဲ႕အတြင္းမွာ Octa-core Honghu 818 ကို အသုံးျပဳထားၿပီး 2.4GHz HiSilicon Hi1103 ခ်စ္ပ္ဆက္ အထိုင္ျပဳလာမွာပါ။

လက္ရွိမွာေတာ့ ဥေရာပေစ်းကြက္ထဲကို ဝင္ေရာက္လာမယ့္ ေစ်းႏႈန္းနဲ႔ ရက္စြဲေတြကို မသိရေသးပါဘူး။ ဒါ့အျပင္ ရုိးရုိးနဲ႔ Pro ဗားရွင္းႏွစ္မ်ဳိးလုံးကို ျမင္ရမလားဆုိတာေတာင္ မသိရေသးပါ။ ဒါေပမယ့္ Huawei ရဲ႕အတည္ျပဳခ်က္ေၾကာင့္ မၾကာခင္ရက္ပုိင္းအတြင္းမွာေတာ့ Harmony OS ကုိ ျပင္ပကမာၻက ျမင္ရေတာ့မွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

အခုနှစ်အစောပိုင်းမှာ အမေရိကန်နိုင်ငံရဲ့ ပိတ်ပင်မှုကို ခံခဲ့ရပြီးနောက် Huawei ကုမ္ပဏီဟာ ကိုယ်ပိုင် Harmony OS ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါကို Android OS မရတော့မှ အသုံးပြုရမယ့် ဒုတိယရွေးချယ်မှုအဖြစ် မိတ်ဆက်ခဲ့ပေမယ့် စမတ်ဖုန်းတွေသာမကဘဲ စမတ်အသုံးအဆောင်အားလုံးမှာ Cross-platform အသုံးပြုနိုင်မယ့် OS စက်နှင်စနစ်တစ်ခု ဖြစ်ပါတယ်။

Huawei ရဲ့ Senior VP ဖြစ်တဲ့ Vincent Pang ကတော့ ဒီနှစ်ထဲမှာ Harmony OS အသုံးပြုမယ့် စမတ်ဖုန်းတွေ ထုတ်လုပ်ဦးမှာမဟုတ်သေးဘူးလို့ ဆိုထားတဲ့အတွက် အခြား Wearable တွေနဲ့ TV လိုမျိုး စမတ်ကိရိယာတွေမှာ ပါလာဖို့ စောင့်မျှော်နေရတာပါ။ ယခုအခါမှာတော့ Huawei ဟာ Harmony OS အသုံးပြုရမယ့် Honor Vision စမတ်တီဗီကို ဥရောပ ဈေးကွက်သို့ မိတ်ဆက်လာဖို့ ပြင်ဆင်နေပါပြီ။

Honor Vision တီဗီတွေဟာ များသောအားဖြင့် ရိုးရိုးနဲ့ Pro ဆိုပြီး စမတ်ဖုန်းတွေလိုပဲ ဗားရှင်းနှစ်မျိုး ထွက်တတ်ပါတယ်။ ဈေးနှုန်းကို ပူပန်စရာမလိုဘဲ စမတ်ဖုန်းလို ပိုသုံးလို့ရမယ့် စမတ်တီဗီကြီးတွေ စောင့်မျှော်နေသူတွေ အတွက်တော့ သတင်းကောင်းပါပဲ။ Pro ဗားရှင်းမှာ ဖြုတ်လို့တပ်လို့ရတဲ့ ကင်မရာတစ်ခု အပိုပါလာမှာဖြစ်သလို 10W စပီကာ လေးခုအစား ခြောက်ခု၊ ပိုများတဲ့ 32GB Storage ရွေးချယ်မှုစသဖြင့် ရရှိနိုင်မှာပါ။

နှစ်မျိုးစလုံးကတော့ 4K ရုပ်ထွက်ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး ဥရောပဈေးကွက်ထဲကို 65” နဲ့ 75” အရွယ်အစားတွေ အရင်ဝင်လာမှာဖြစ်ပါတယ်။ ပိုသေးပြီးဈေးပိုချိုမယ့် 55” နဲ့ အကြီးဆုံး 85” တို့ကတော့ နောက်မှ လိုက်လာမှာပါ။ Honor Vision TV ရဲ့အတွင်းမှာ Octa-core Honghu 818 ကို အသုံးပြုထားပြီး 2.4GHz HiSilicon Hi1103 ချစ်ပ်ဆက် အထိုင်ပြုလာမှာပါ။

လက်ရှိမှာတော့ ဥရောပဈေးကွက်ထဲကို ဝင်ရောက်လာမယ့် ဈေးနှုန်းနဲ့ ရက်စွဲတွေကို မသိရသေးပါဘူး။ ဒါ့အပြင် ရိုးရိုးနဲ့ Pro ဗားရှင်းနှစ်မျိုးလုံးကို မြင်ရမလားဆိုတာတောင် မသိရသေးပါ။ ဒါပေမယ့် Huawei ရဲ့အတည်ပြုချက်ကြောင့် မကြာခင်ရက်ပိုင်းအတွင်းမှာတော့ Harmony OS ကို ပြင်ပကမ္ဘာက မြင်ရတော့မှာဖြစ်ပါတယ်။

Ref – GSM Arena