[Zawgyi]

(ရန္ကုန္၊ ျမန္မာ၊ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၁ ရက္) – ျမန္မာမီဒီယာနယ္ပယ္ရွိ စာနယ္ဇင္းသမားမ်ား တိုးတက္ေျပာင္းလဲလာသည့္ ICT နည္းပညာမ်ားႏွင့္ ပတ္သက္၍ ပိုမိုက်ယ္ျပန႔္စြာ သိရွိႏိုင္ေစရန္ ရည္႐ြယ္ကာ Huawei မွ နည္းပညာေဆြးေႏြးပြဲမ်ားကို ယခုလတြင္ စတင္ေဆာင္႐ြက္ေပးခဲ့သည္။ Huawei သည္ လက္ရွိတိုးတက္ေျပာင္းလဲလာသည့္ ဒီဂ်စ္တယ္ကမာၻ၌ အစိုးရဌာနမ်ား၊ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ လူမႈဘဝမ်ား အေပၚ အေျပာင္းအလဲမ်ားစြာသက္ေရာက္လာေစႏိုင္ေသာ ICTနည္းပညာက႑တြင္ အဓိကေနရာမွ ပါဝင္ေဆာင္႐ြက္ ေနသည္ႏွင့္အညီ ႏိုင္ငံတကာတြင္သာမက ျမန္မာႏိုင္ငံတြင္ပါ တဟုန္ထိုးတိုးတက္ေျပာင္းလဲလာသည့္ ICT နည္းပညာကို ျမန္မာမီဒီယာမ်ားအတြက္ ကူညီေထာက္ပံ့ေပးရန္ ရည္႐ြယ္လုပ္ေဆာင္ျခင္း ျဖစ္သည္။

ပထမဆုံးေဆာင္႐ြက္သည့္ေဆြးေႏြးပြဲကို “Future Direction of ICT in Myanmar & Role of Media in ICT development” ေခါင္းစဥ္ျဖင့္ ရန္ကုန္ၿမိဳ႕ရွိ ေခတ္မီ ICT နည္းပညာသင္ေထာက္ကူပစၥည္းမ်ားအျပည့္အစုံထားရွိေသာ Huawei Training Center ၌ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔တြင္ စတင္က်င္းပသြားမည္ ျဖစ္သည္။ ေဆြးေႏြးပြဲတြင္ cloud computing အေၾကာင္း၊ တပ္ဆင္အသုံးျပဳပုံ ႏွင့္ ျပည္သူမ်ားအတြက္ မည္ကဲ့သို႔ အက်ိဳးျဖစ္ထြန္းေစႏိုင္သည္ဆိုသည့္ အခ်က္အလက္မ်ားကို မီဒီယာမ်ားမွ တက္ေရာက္လာၾကသူမ်ားအား ICT နည္းပညာကြၽမ္းက်င္ပညာရွင္မွ ရွင္းလင္းတင္ျပသြားမည္ျဖစ္သည္။ ေဆြးေႏြးတင္ျပလိုက္သည့္ ေနာက္ဆုံးေပၚေခတ္မီ ICT နည္းပညာအေၾကာင္း ပိုမိုရွင္းလင္းစြာ သိရွိေစရန္ႏွင့္ မီဒီယာမ်ား ICT နည္းပညာႏွင့္ ပတ္သက္ေသာ သတင္းေဆာင္းပါးမ်ားေရးသား ေဖာ္ျပရာတြင္ အေထာက္အကူျဖစ္ေစရန္အတြက္ ေမးခြန္းမ်ားေမးျမန္းကာ လြပ္လပ္စြာေဆြးေႏြးႏိုင္မည့္အစီအစဥ္ကိုလည္း ေဆြးေႏြးပြဲတြင္ ထည့္သြင္းစီစဥ္ထားသည္။

Huawei Myanmar ၏ Deputy Managing Director Mr. Zhu Bo မွတက္ေရာက္လာၾကေသာ မီဒီယာမိတ္ေဆြမ်ားအား ႏႈတ္ခြန္းဆက္စကားေျပာၾကားေနစဥ္

Huawei Myanmar ၏ ဒုတိယၫႊန္ၾကားေရးမႈး Mr. Zhu Bo က “ဒီေန႔ေခတ္ကမာၻက ဒီဂ်စ္တယ္ကမာၻတစ္ခု ျဖစ္လာေနၿပီးေတာ့ လူေတြရဲ႕ ေန႔စဥ္လူမႈဘဝ၊ လုပ္ငန္းခြင္၊ ပညာေရးက႑ နဲ႔ ဝန္ေဆာင္မႈေပးတဲ့ပုံစံေတြ ေျပာင္းလဲလာတဲ့အခ်ိန္မွာ ျပည္သူလူထုက သူတို႔ရဲ႕ေန႔စဥ္ဘဝေတြအေပၚ ႀကီးႀကီးမားမားသက္ေရာက္မႈ ျဖစ္လာေစတဲ့ ေနာက္ဆုံးေပၚ ICT နည္းပညာေတြကို သိနားလည္ဖို႔ အေရးႀကီးပါတယ္။ လူေတြရဲ႕အျမင္ေတြကို တည့္မတ္ ေပးႏိုင္ၿပီးေတာ့ ကမာၻနဲ႔အဝွမ္း ေန႔စဥ္ေပၚေပါက္ေနတဲ့ကိစၥတိုင္းကို မွ်ေဝေပး ေနတဲ့အရင္းအျမစ္တစ္ခုျဖစ္တဲ့ မီဒီယာေတြက နည္းပညာဖြံ႕ၿဖိဳးတိုးတက္မႈေတြနဲ႔ ဆက္စပ္ကိစၥရပ္ေတြ အေၾကာင္း ထဲထဲဝင္ဝင္ေရးသားထားတဲ့ အသိပညာေပးေဆာင္းပါးေတြကေနတစ္ဆင့္ စာဖတ္သူေတြကို အသိ ပညာေပးဖို႔ အဓိကအေရးႀကီးတဲ့ေနရာမွာ ပါဝင္ေနပါတယ္။ ျမန္မာႏိုင္ငံသားေတြအတြက္ စြမ္းေဆာင္ရည္ျမႇင့္ တင္ေရးနဲ႔ ICT က႑အတြက္ နည္းပညာကြာဟခ်က္ေတြကို ျဖည့္ဆည္းေပးမယ္ဆိုတဲ့ ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္နဲ႔အညီ မီဒီယာေတြက ျမန္မာႏိုင္ငံရဲ႕ ICT နည္းပညာတိုးတက္မႈေတြအေပၚ သူတို႔ရဲ႕အျမင္ေတြကို ေဖာ္ျပႏိုင္ၾကဖို႔ အျပဳသေဘာေဆာင္တဲ့ ပလက္ေဖာင္းတစ္ခုဖန္တီးတဲ့အေနနဲ႔ လက္ရွိ ICT က႑မွာ တြင္က်ယ္ေနတဲ့ cloud computing နဲ႔ Internet-of-Things အေၾကာင္း အခမဲ့ေဆြးေႏြးပြဲေတြကို က်င္းပရတာ ျဖစ္ပါတယ္။ ေဆြးေႏြးပြဲေတြကို အခုလို ေအာင္ေအာင္ျမင္ျမင္ေဆာင္႐ြက္ႏိုင္ခဲ့တာအတြက္ ဝမ္းေျမာက္ရသလို အနာဂတ္မွာလည္း ျမန္မာစာနယ္ဇင္း က႑ကို တတ္ႏိုင္သမွ် ေထာက္ပံ့ကူညီဖို႔ ဆက္လက္ေဆာင္႐ြက္သြား မွာပါ” ဟု ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံ၏ အစိုးရဌာနဝန္ေဆာင္မႈမ်ား၊ ပညာေရး၊ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ သုံးစြဲသူက႑မ်ားတြင္ ယခင္က ထက္ပိုမိုျမန္ဆန္ေသာ နည္းပညာတိုးတက္မႈမ်ားစြာ ျဖစ္ေပၚေနသည့္အတြက္ ဖြံၿဖိဳးမႈျမန္ဆန္သည့္ႏိုင္ငံတစ္ခု အျဖစ္ သတ္မွတ္ခံထားရေသာ္လည္း အဆိုပါတိုးတက္မႈမ်ားကို အေထာက္အပံ့ျပဳေနသည့္ အေျခခံနည္းပညာ မ်ားပါဝင္သည့္ ICT နည္းပညာက႑ကိုမူ ေသခ်ာစြာ သိနားလည္ျခင္းမရွိပါ။ ေဆြးေႏြးပြဲမ်ားက်င္းပျခင္းသည္ အရွိန္အဟုန္ျဖင့္ တိုးတက္ေျပာင္းလဲေနသည့္ICTက႑အေၾကာင္း က်ယ္ျပန႔္စြာေရးသားေဖာ္ျပႏိုင္ရန္အတြက္ လိုအပ္သည့္ ဗဟုသုတ မ်ား မွ်ေဝျခင္းျဖင့္ အဆိုပါကြက္လပ္အားျဖည့္ဆည္းႏိုင္ရန္ ရည္႐ြယ္ပါသည္။

တက္ေရာက္လာေသာ မီဒီယာမိတ္ေဆြမ်ားမွ ICT သတင္းမ်ားေရးသားမႈႏွင့္ ပတ္သက္၍ ေတြ႕ႀကဳံရမည့္ အခက္အခဲမ်ား အေၾကာင္း Myanmar Journalism Institute မွ သင္တန္းနည္းျပျဖစ္သူ ေဒၚဆုျမတ္ေဝ ႏွင့္အျပန္အလွန္ေဆြးေႏြးေနစဥ္

ျမန္မာသတင္းပညာသိပၸံမွ နည္းပညာက႑အထူးျပဳ ကြၽမ္းက်င္သင္တန္းနည္းျပတစ္ဦးျဖစ္သူ ေဒၚဆုျမတ္ေဝက “ICT နည္းပညာနယ္ပယ္မွာ ပါဝင္လႈပ္ရွားရတဲ့အခါ နည္းပညာက စီးပြားေရးနဲ႔လူမႈဝန္းက်င္ဖြံ႕ၿဖိဳးမႈကို တြန္းအားေပးၿပီး အေျပာင္းအလဲေတြနဲ႔ အက်ိဳးအျမတ္ေတြ အမ်ားႀကီးေပးႏိုင္တယ္ဆိုတာကို ျမင္ေတြ႕ရပါတယ္။ ဒါေၾကာင့္လည္း ဒီလိုအေျပာင္းအလဲေတြရဲ႕ ျပည္သူလူထုအေပၚသက္ေရာက္မႈ၊ အသိပညာျဖန႔္ေဝေရးမွာ သူတို႔ရဲ႕အေရးပါပုံနဲ႔ ဒီဂ်စ္တယ္ႏိုင္ငံတစ္ခုျဖစ္လာဖို႔ဆိုတဲ့ အဓိပၸါယ္ေတြအေၾကာင္း မီဒီယာေတြကို ရွင္းလင္းတင္ျပတဲ့ေနရာမွာ သူတို႔ရဲ႕ စိတ္အားတက္ႂကြမႈေတြကို ျမင္ရတာ ကြၽန္မတို႔ အရမ္းအားတက္ရပါတယ္။ ဆက္လက္ၿပီးေတာ့လည္း ICT နည္းပညာနဲ႔ ပတ္သက္လို႔ ပိုၿပီးသိရွိလာေအာင္၊ သတင္းေရးသားရာမွာ ပိုမိုအဆင္ေျပေခ်ာေမြ႕ေအာင္ ကူညီ ေဆာင္႐ြက္ေပးခ်င္ပါတယ္။ ဒီေဆြးေႏြးပြဲေတြကိုလည္း ျမန္မာမီဒီယာနယ္ပယ္ရဲ႕ စြမ္းေဆာင္မႈေတြကို ပိုၿပီး ျမင့္မားလာေစဖို႔ အေထာက္အကူျပဳမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔အညီ ဆက္ၿပီးျပဳလုပ္ေပးႏိုင္မွာပါ။” ဟု ေျပာၾကားသည္။

စာနယ္ဇင္းသမားမ်ားအတြက္ အခမဲ့က်င္းပေပးေနသည့္ အဆိုပါေဆြးေႏြးပြဲမ်ားကို သုံးလတစ္ႀကိမ္ ျပဳလုပ္ေပး သြားမည္ျဖစ္ၿပီး တစ္ႀကိမ္စီတြင္ ယေန႔ေခတ္တြင္ က်ယ္က်ယ္ ျပန႔္ျပန႔္အသုံးျပဳေနေသာ ICT နည္းပညာမ်ား အေၾကာင္း ကြဲျပားသည့္ေခါင္းစဥ္မ်ားျဖင့္ ေဆာင္႐ြက္သြားမည္ ျဖစ္သည္။ တက္ေရာက္လာၾကသူမ်ားက ၎တို႔ ၏ အျမင္မ်ားကို လြတ္လပ္စြာတင္ျပႏိုင္သကဲ့သို႔ သိလိုသည္မ်ားကိုလည္း သင္တန္းနည္းျပအား ေမးျမန္းႏိုင္ကာ နည္းပညာႏွင့္ပတ္သက္ေသာကိစၥရပ္မ်ားအေၾကာင္း သတင္းေဆာင္းပါးမ်ားေရးသားရာတြင္ ႀကဳံေတြ႕ခဲ့ရသည့္ အေတြ႕အႀကဳံမ်ားကိုလည္း လြတ္လပ္စြာ ေဝမွ်ႏိုင္ၾကမည္ျဖစ္သည္။

Huawei Myanmar မွ က်င္းပျပဳလုပ္သည့္ “Future Direction of ICT in Myanmar & Role of media in ICT development” အမည္ရွိ media workshop တြင္ Huawei မွ တာဝန္ရွိသူမ်ားႏွင့္ တက္ေရာက္လာေသာ မီဒီယာမိတ္ေဆြမ်ားအား ေတြ႕ရစဥ္

Huawei က ICT နည္းပညာက႑တြင္ ျမန္မာျပည္သူမ်ား၏ နည္းပညာအရည္အေသြးမ်ားကို ျမႇင့္တင္ေပးရန္ ကတိကဝတ္ျပဳထားသည္။ အဆိုပါ ကတိကဝတ္ႏွင့္အညီ ျမန္မာႏိုင္ငံတြင္ လိုအပ္ေနေသာ နည္းပညာဆိုင္ရာ အလားအလာရွိသူမ်ားအား ေမြးထုတ္ေရးကို အေထာက္အကူျပဳသည့္အေနျဖင့္ ပထမအႀကိမ္ အိုင္စီတီဒီပလိုမာ သင္႐ိုးစနစ္ စတင္ျခင္း၊ “Seeds for the future” ပံ့ပိုးေပးျခင္း၊ Huawei Authorized Information and Network Academy (HAINA) တည္ေထာင္ျခင္း၊ ထူးခြၽန္တကၠသိုလ္ေက်ာင္းသား (၅ဝ)ဦး ကို ICT Talent Scholarship ခ်ီးျမႇင့္ျခင္း၊ ICT ႏွင့္သက္ဆိုင္သည့္ သိပၸံဆိုင္ရာ သုေတသနပံ့ပိုးမႈႏွင့္ Huawei Customer Solution Innovation & Integration Center (CSIC) ၏ Youth Open Day စသျဖင့္ ပူူးေပါင္းေဆာင္႐ြက္မႈက႑ (၆) ခု ပါဝင္သည့္ နားလည္မႈစာခြၽန္လႊာတစ္ေစာင္ကို ပါေမာကၡမ်ားေကာ္မတီႏွင့္ Huawei တို႔မွ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလတြင္ လက္မွတ္ေရးထိုးခဲ့ၾကၿပီးျဖစ္သည္။

[Unicode]

ICT နယ်ပယ်၏ အဓိကကျသော ဖွံ့ဖြိုးတိုးတက်လာမှုများနှင့် ပတ်သက်၍ သတင်းဆောင်းပါးများရေးသားဖန်တီးရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးကို ဦးတည်ကာ နည်းပညာဆိုင်ရာအထူးဆွေးနွေးပွဲများ Huawei က ဆောင်ရွက်ပေး

(ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်) – မြန်မာမီဒီယာနယ်ပယ်ရှိ စာနယ်ဇင်းသမားများ တိုးတက်ပြောင်းလဲလာသည့် ICT နည်းပညာများနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်စေရန် ရည်ရွယ်ကာ Huawei မှ နည်းပညာဆွေးနွေးပွဲများကို ယခုလတွင် စတင်ဆောင်ရွက်ပေးခဲ့သည်။ Huawei သည် လက်ရှိတိုးတက်ပြောင်းလဲလာသည့် ဒီဂျစ်တယ်ကမ္ဘာ၌ အစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုဘဝများ အပေါ် အပြောင်းအလဲများစွာသက်ရောက်လာစေနိုင်သော ICTနည်းပညာကဏ္ဍတွင် အဓိကနေရာမှ ပါဝင်ဆောင်ရွက် နေသည်နှင့်အညီ နိုင်ငံတကာတွင်သာမက မြန်မာနိုင်ငံတွင်ပါ တဟုန်ထိုးတိုးတက်ပြောင်းလဲလာသည့် ICT နည်းပညာကို မြန်မာမီဒီယာများအတွက် ကူညီထောက်ပံ့ပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

ပထမဆုံးဆောင်ရွက်သည့်ဆွေးနွေးပွဲကို “Future Direction of ICT in Myanmar & Role of Media in ICT development” ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ရှိ ခေတ်မီ ICT နည်းပညာသင်ထောက်ကူပစ္စည်းများအပြည့်အစုံထားရှိသော Huawei Training Center ၌ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စတင်ကျင်းပသွားမည် ဖြစ်သည်။ ဆွေးနွေးပွဲတွင် cloud computing အကြောင်း၊ တပ်ဆင်အသုံးပြုပုံ နှင့် ပြည်သူများအတွက် မည်ကဲ့သို့ အကျိုးဖြစ်ထွန်းစေနိုင်သည်ဆိုသည့် အချက်အလက်များကို မီဒီယာများမှ တက်ရောက်လာကြသူများအား ICT နည်းပညာကျွမ်းကျင်ပညာရှင်မှ ရှင်းလင်းတင်ပြသွားမည်ဖြစ်သည်။ ဆွေးနွေးတင်ပြလိုက်သည့် နောက်ဆုံးပေါ်ခေတ်မီ ICT နည်းပညာအကြောင်း ပိုမိုရှင်းလင်းစွာ သိရှိစေရန်နှင့် မီဒီယာများ ICT နည်းပညာနှင့် ပတ်သက်သော သတင်းဆောင်းပါးများရေးသား ဖော်ပြရာတွင် အထောက်အကူဖြစ်စေရန်အတွက် မေးခွန်းများမေးမြန်းကာ လွပ်လပ်စွာဆွေးနွေးနိုင်မည့်အစီအစဉ်ကိုလည်း ဆွေးနွေးပွဲတွင် ထည့်သွင်းစီစဉ်ထားသည်။

Huawei Myanmar ၏ Deputy Managing Director Mr. Zhu Bo မှတက်ရောက်လာကြသော မီဒီယာမိတ်ဆွေများအား နှုတ်ခွန်းဆက်စကားပြောကြားနေစဉ်

Huawei Myanmar ၏ ဒုတိယညွှန်ကြားရေးမှုး Mr. Zhu Bo က “ဒီနေ့ခေတ်ကမ္ဘာက ဒီဂျစ်တယ်ကမ္ဘာတစ်ခု ဖြစ်လာနေပြီးတော့ လူတွေရဲ့ နေ့စဉ်လူမှုဘဝ၊ လုပ်ငန်းခွင်၊ ပညာရေးကဏ္ဍ နဲ့ ဝန်ဆောင်မှုပေးတဲ့ပုံစံတွေ ပြောင်းလဲလာတဲ့အချိန်မှာ ပြည်သူလူထုက သူတို့ရဲ့နေ့စဉ်ဘဝတွေအပေါ် ကြီးကြီးမားမားသက်ရောက်မှု ဖြစ်လာစေတဲ့ နောက်ဆုံးပေါ် ICT နည်းပညာတွေကို သိနားလည်ဖို့ အရေးကြီးပါတယ်။ လူတွေရဲ့အမြင်တွေကို တည့်မတ် ပေးနိုင်ပြီးတော့ ကမ္ဘာနဲ့အဝှမ်း နေ့စဉ်ပေါ်ပေါက်နေတဲ့ကိစ္စတိုင်းကို မျှဝေပေး နေတဲ့အရင်းအမြစ်တစ်ခုဖြစ်တဲ့ မီဒီယာတွေက နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ဆက်စပ်ကိစ္စရပ်တွေ အကြောင်း ထဲထဲဝင်ဝင်ရေးသားထားတဲ့ အသိပညာပေးဆောင်းပါးတွေကနေတစ်ဆင့် စာဖတ်သူတွေကို အသိ ပညာပေးဖို့ အဓိကအရေးကြီးတဲ့နေရာမှာ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် စွမ်းဆောင်ရည်မြှင့် တင်ရေးနဲ့ ICT ကဏ္ဍအတွက် နည်းပညာကွာဟချက်တွေကို ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့အညီ မီဒီယာတွေက မြန်မာနိုင်ငံရဲ့ ICT နည်းပညာတိုးတက်မှုတွေအပေါ် သူတို့ရဲ့အမြင်တွေကို ဖော်ပြနိုင်ကြဖို့ အပြုသဘောဆောင်တဲ့ ပလက်ဖောင်းတစ်ခုဖန်တီးတဲ့အနေနဲ့ လက်ရှိ ICT ကဏ္ဍမှာ တွင်ကျယ်နေတဲ့ cloud computing နဲ့ Internet-of-Things အကြောင်း အခမဲ့ဆွေးနွေးပွဲတွေကို ကျင်းပရတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေကို အခုလို အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့တာအတွက် ဝမ်းမြောက်ရသလို အနာဂတ်မှာလည်း မြန်မာစာနယ်ဇင်း ကဏ္ဍကို တတ်နိုင်သမျှ ထောက်ပံ့ကူညီဖို့ ဆက်လက်ဆောင်ရွက်သွား မှာပါ” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အစိုးရဌာနဝန်ဆောင်မှုများ၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းများနှင့် သုံးစွဲသူကဏ္ဍများတွင် ယခင်က ထက်ပိုမိုမြန်ဆန်သော နည်းပညာတိုးတက်မှုများစွာ ဖြစ်ပေါ်နေသည့်အတွက် ဖွံဖြိုးမှုမြန်ဆန်သည့်နိုင်ငံတစ်ခု အဖြစ် သတ်မှတ်ခံထားရသော်လည်း အဆိုပါတိုးတက်မှုများကို အထောက်အပံ့ပြုနေသည့် အခြေခံနည်းပညာ များပါဝင်သည့် ICT နည်းပညာကဏ္ဍကိုမူ သေချာစွာ သိနားလည်ခြင်းမရှိပါ။ ဆွေးနွေးပွဲများကျင်းပခြင်းသည် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသည့်ICTကဏ္ဍအကြောင်း ကျယ်ပြန့်စွာရေးသားဖော်ပြနိုင်ရန်အတွက် လိုအပ်သည့် ဗဟုသုတ များ မျှဝေခြင်းဖြင့် အဆိုပါကွက်လပ်အားဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ပါသည်။

တက်ရောက်လာသော မီဒီယာမိတ်ဆွေများမှ ICT သတင်းများရေးသားမှုနှင့် ပတ်သက်၍ တွေ့ကြုံရမည့် အခက်အခဲများ အကြောင်း Myanmar Journalism Institute မှ သင်တန်းနည်းပြဖြစ်သူ ဒေါ်ဆုမြတ်ဝေ နှင့်အပြန်အလှန်ဆွေးနွေးနေစဉ်

မြန်မာသတင်းပညာသိပ္ပံမှ နည်းပညာကဏ္ဍအထူးပြု ကျွမ်းကျင်သင်တန်းနည်းပြတစ်ဦးဖြစ်သူ ဒေါ်ဆုမြတ်ဝေက “ICT နည်းပညာနယ်ပယ်မှာ ပါဝင်လှုပ်ရှားရတဲ့အခါ နည်းပညာက စီးပွားရေးနဲ့လူမှုဝန်းကျင်ဖွံ့ဖြိုးမှုကို တွန်းအားပေးပြီး အပြောင်းအလဲတွေနဲ့ အကျိုးအမြတ်တွေ အများကြီးပေးနိုင်တယ်ဆိုတာကို မြင်တွေ့ရပါတယ်။ ဒါကြောင့်လည်း ဒီလိုအပြောင်းအလဲတွေရဲ့ ပြည်သူလူထုအပေါ်သက်ရောက်မှု၊ အသိပညာဖြန့်ဝေရေးမှာ သူတို့ရဲ့အရေးပါပုံနဲ့ ဒီဂျစ်တယ်နိုင်ငံတစ်ခုဖြစ်လာဖို့ဆိုတဲ့ အဓိပ္ပါယ်တွေအကြောင်း မီဒီယာတွေကို ရှင်းလင်းတင်ပြတဲ့နေရာမှာ သူတို့ရဲ့ စိတ်အားတက်ကြွမှုတွေကို မြင်ရတာ ကျွန်မတို့ အရမ်းအားတက်ရပါတယ်။ ဆက်လက်ပြီးတော့လည်း ICT နည်းပညာနဲ့ ပတ်သက်လို့ ပိုပြီးသိရှိလာအောင်၊ သတင်းရေးသားရာမှာ ပိုမိုအဆင်ပြေချောမွေ့အောင် ကူညီ ဆောင်ရွက်ပေးချင်ပါတယ်။ ဒီဆွေးနွေးပွဲတွေကိုလည်း မြန်မာမီဒီယာနယ်ပယ်ရဲ့ စွမ်းဆောင်မှုတွေကို ပိုပြီး မြင့်မားလာစေဖို့ အထောက်အကူပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ ဆက်ပြီးပြုလုပ်ပေးနိုင်မှာပါ။” ဟု ပြောကြားသည်။

စာနယ်ဇင်းသမားများအတွက် အခမဲ့ကျင်းပပေးနေသည့် အဆိုပါဆွေးနွေးပွဲများကို သုံးလတစ်ကြိမ် ပြုလုပ်ပေး သွားမည်ဖြစ်ပြီး တစ်ကြိမ်စီတွင် ယနေ့ခေတ်တွင် ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုနေသော ICT နည်းပညာများ အကြောင်း ကွဲပြားသည့်ခေါင်းစဉ်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ တက်ရောက်လာကြသူများက ၎င်းတို့ ၏ အမြင်များကို လွတ်လပ်စွာတင်ပြနိုင်သကဲ့သို့ သိလိုသည်များကိုလည်း သင်တန်းနည်းပြအား မေးမြန်းနိုင်ကာ နည်းပညာနှင့်ပတ်သက်သောကိစ္စရပ်များအကြောင်း သတင်းဆောင်းပါးများရေးသားရာတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကိုလည်း လွတ်လပ်စွာ ဝေမျှနိုင်ကြမည်ဖြစ်သည်။

Huawei Myanmar မှ ကျင်းပပြုလုပ်သည့် “Future Direction of ICT in Myanmar & Role of media in ICT development” အမည်ရှိ media workshop တွင် Huawei မှ တာဝန်ရှိသူများနှင့် တက်ရောက်လာသော မီဒီယာမိတ်ဆွေများအား တွေ့ရစဉ်

Huawei က ICT နည်းပညာကဏ္ဍတွင် မြန်မာပြည်သူများ၏ နည်းပညာအရည်အသွေးများကို မြှင့်တင်ပေးရန် ကတိကဝတ်ပြုထားသည်။ အဆိုပါ ကတိကဝတ်နှင့်အညီ မြန်မာနိုင်ငံတွင် လိုအပ်နေသော နည်းပညာဆိုင်ရာ အလားအလာရှိသူများအား မွေးထုတ်ရေးကို အထောက်အကူပြုသည့်အနေဖြင့် ပထမအကြိမ် အိုင်စီတီဒီပလိုမာ သင်ရိုးစနစ် စတင်ခြင်း၊ “Seeds for the future” ပံ့ပိုးပေးခြင်း၊ Huawei Authorized Information and Network Academy (HAINA) တည်ထောင်ခြင်း၊ ထူးချွန်တက္ကသိုလ်ကျောင်းသား (၅ဝ)ဦး ကို ICT Talent Scholarship ချီးမြှင့်ခြင်း၊ ICT နှင့်သက်ဆိုင်သည့် သိပ္ပံဆိုင်ရာ သုတေသနပံ့ပိုးမှုနှင့် Huawei Customer Solution Innovation & Integration Center (CSIC) ၏ Youth Open Day စသဖြင့် ပူူးပေါင်းဆောင်ရွက်မှုကဏ္ဍ (၆) ခု ပါဝင်သည့် နားလည်မှုစာချွန်လွှာတစ်စောင်ကို ပါမောက္ခများကော်မတီနှင့် Huawei တို့မှ ၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။