Huawei India က MatePad T8 စာသားပါတဲ့ Cross-word Puzzle ၁ ခုကို မျှဝေလိုက်ပါတယ်။ အဲဒီ တက်ဘလက်မှာ သတ္တုကိုယ်ထည်၊ ကြာရှည်တဲ့ ဘက်ထရီ သက်တမ်း၊ Octa-core CPU ၊ သယ်ဆောင်ရ လွယ်ကူမှု၊ ခန့်ညားတဲ့ ဒီဇိုင်း၊ တန်ဖိုးသက်သာမှု၊ အလွန်ပါးလွှာမှုတွေ ထည့်သွင်းထားမယ်လို့ ညွှန်းဆိုထားပါတယ်။

MatePad ကို တရုတ်မှာ Huawei ရဲ့ စွမ်းရည်နိမ့် စမတ်ဖုန်းတွေ ဖြစ်တဲ့ Y6p , Y5p တို့နဲ့အတူ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယမှာ MatePad T8 နဲ့အတူ အဲဒီ စမတ်ဖုန်း ၂ လုံးကိုပါ မိတ်ဆက်မလားဆိုတာ မသိရသေးပါဘူး။

MatePad T8 မှာ ၈ လက်မ LCD 1280x800p မျက်နှာပြင် ထည့်သွင်းထားပြီး အနောက်ဘက်မှာ 5MP ကင်မရာနဲ့ အရှေ့ဘက်မှာ 2MP ကင်မရာ တပ်ဆင်ထားပါတယ်။ Google Play မပါဘဲ Huawei Mobile Services ပဲ ထည့်သွင်းထားပါတယ်။

MediaTek MTK8768 Chipset မောင်းနှင်ထားပြီး 2GB RAM ပါလာပါတယ်။ 16 or 32GB Storage ရွေးချယ်နိုင်ပြီး microSD Card စိုက်နိုင်ပါတယ်။ 5100mAh ဘက်ထရီ ပါလာပြီး တရုတ်မှာ ယူရို ၁၀၀ လောက်နဲ့ ရောင်းပေးထားပါတယ်။ မြန်မာငွေ ၁ သိန်း ၆ သောင်းလောက်ရှိပြီး အိန္ဒိယ ရောင်းဈေးကို မသိရသေးပါဘူး။

Ref : gsmarena