[Zawgyi]
အမေရိကန် ကုမ္ပဏီတွေဟာ အစိုးရဆီက ခွင့်ပြုချက်ကို တောင်းခံပြီးမှ Blacklist ပြခံထားရတဲ့ ကုမ္ပဏီတွေနဲ့ အရောင်းအဝယ် ဒါမှမဟုတ် အကျိုးတူ စီးပွားရေး ပြုလုပ်ခွင့်ရှိတယ်လို့ သိရပါတယ်။ နောက်ကွယ်မှာ အမေရိကန် အစိုးရက သူတို့ရဲ့ ကုမ္ပဏီတွေအပေါ် ဘယ်လိုမျိုး ဖိအားပေးမှုတွေ ရှိလဲဆိုတာကို အတိအကျ ပြောလို့မရသေးပေမယ့် Google ကတော့ Huawei ကို ဦးစွာအဆက်ဖြတ်သွားပါတယ်။
“မချစ်သော်လည်း အောင့်ကာနမ်း” ဆိုသလိုမျိုး အမေရိကန်ကုမ္ပဏီကြီးတွေအနေနဲ့ Huawei ကို ချစ်ပေမယ့် အစိုးရရဲ့ ဖိအားပေးမှုတွေကြောင့် အခုလိုမျိုး ပစ်ပယ်သွားကြတယ်လို့ ယူဆရပါတယ်။
Ref : Android Authority
[Unicode]
Google အပြင် Intel နဲ့ Qualcomm တို့ကလည်း Huawei ကို ပစ်ပယ်
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တရုတ်နိုင်ငံ အခြေစိုက် Huawei Technologies Co Ltd ကြီးကို သူရဲ့ ပါဝါတွေ ပြလိုက်ပါပြီ။ Huawei ကုမ္ပဏီကြီးကို အမေရိကန် ကုန်သွယ်ရေးဌာနက (Blacklist) နာမည်ပျက်စာရင်းထဲကို ထည့်သွင်းပြီးနောက်ပိုင်း Huawei ရဲ့ အနာဂတ်ဟာ “ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ” ဆိုသလိုမျိူး မရှု့မလှဖြစ်ရပ်တွေကို ဆက်တိုက်ဆိုသလို ကြုံတွေ့လာပါတော့တယ်။
အမေရိကန် ကုမ္ပဏီတွေဟာ အစိုးရဆီက ခွင့်ပြုချက်ကို တောင်းခံပြီးမှ Blacklist ပြခံထားရတဲ့ ကုမ္ပဏီတွေနဲ့ အရောင်းအဝယ် ဒါမှမဟုတ် အကျိူးတူ စီးပွားရေး ပြုလုပ်ခွင့်ရှိတယ်လို့ သိရပါတယ်။ နောက်ကွယ်မှာ အမေရိကန် အစိုးရက သူတို့ရဲ့ ကုမ္ပဏီတွေအပေါ် ဘယ်လိုမျိူး ဖိအားပေးမှုတွေ ရှိလဲဆိုတာကို အတိအကျ ပြောလို့မရသေးပေမယ့် Google ကတော့ Huawei ကို ဦးစွာအဆက်ဖြတ်သွားပါတယ်။
Google အနေနဲ့ နောင်လာမယ့် Huawei စမတ်ဖုန်းတွေမှာ Android Updates နဲ့ Google Services တွေကို ထောက်ပံ့မပေးတော့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိ Huawei နဲ့ Honor စမတ်ဖုန်းတွေကတော့ Google Play နဲ့ Google Play Protect လိုမျိူး Service တွေကို ဆက်လက် အသုံးပြုလို့ ရဦးမယ်လို့ ဆိုထားပါတယ်။ ယခုအခါမှာတော့ Google အပြင် နောက်ထပ် အမေရိကန်ကုမ္ပဏီကြီး ၄ခုကလည်း Huawei နဲ့ စီးပွားရေး မလုပ်တော့ဘူးလို့ ကြေညာလာပါတယ်။
Bloomberg သတင်းဌာနရဲ့ ဖော်ပြချက်များအရ အမေရိကန် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Intel, Qualcomm, Broadcom နဲ့ Xilinx တို့ဟာ Huawei ကို ပစ္စည်းမရောင်းတော့ဘူးလို့ သိရပါတယ်။ Intel နဲ့ Qualcomm တို့က Huawei အတွက် အရေးပါတဲ့ ကုမ္ပဏီကြီးတွေဖြစ်ပြီး၊ Intel က Huawei Laptops နဲ့ Servers တွေအတွက် Processors တွေကို ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Qualcomm ကတော့ Huawei ရဲ့ တန်းဖိုးနည်း စမတ်ဖုန်းတွေအတွက် Chipsets နဲ့ Modems တွေကို ထောက်ပံ့ပေးနေတာပါ။
“မချစ်သော်လည်း အောင့်ကာနမ်း” ဆိုသလိုမျိူး အမေရိကန်ကုမ္ပဏီကြီးတွေအနေနဲ့ Huawei ကို ချစ်ပေမယ့် အစိုးရရဲ့ ဖိအားပေးမှုတွေကြောင့် အခုလိုမျိူး ပစ်ပယ်သွားကြတယ်လို့ ယူဆရပါတယ်။
Ref : Android Authority