Huawei က ချစ်သူများနေ့ကို ရည်ရွယ်ပြီး FreeBuds 3 ရဲ့ Red Edition ကို ကြေညာလိုက်ပါတယ်။ အရင်က အဖြူနဲ့ အနက်ရောင် မော်ဒယ်တွေကို ရောင်းချပေးထားတာပါ။ Red Edition မှာ အဆင့်မြင့် UV Coating နည်းပညာနဲ့ ဆေး ၂ ထပ် သုတ်ထားတယ်လို့ သိရပါတယ်။

FreeBuds 3 ကို ၁၇၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၈ သောင်းလောက်ရှိပါတယ်။ ကြိုးမဲ့ နားကြပ် အမျိုးအစား ဖြစ်ပြီး Apple AirPods နဲ့ ဒီဇိုင်း ဆင်တူပါတယ်။ Android Devices မျိုးစုံနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Huawei Device ၊ AI Life Companion App တွေနဲ့တွဲသုံးရင် ပိုကောင်းပါတယ်။

FreeBuds 3 မှာ Huawei ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Kirin A1 Chipset မောင်းနှင်ထားပြီး Bluetooth 5.1 ဆက်သွယ်မှုပါပါတယ်။ ကြိုးမဲ့ အားသွင်း နည်းပညာနဲ့ IPX4 စံနှုန်းပါပြီး ရေစက်ရေပေါက်တွေကို ကာကွယ်ပေးနိုင်ပါတယ်။ မိုးရွာထဲမှာလည်း ဝတ်ဆင်နိုင်ပေမယ့် ရေကူး၊ ရေငုပ်ရင်တော့ ဝတ်ဆင်လို့ မရပါဘူး။ USB-C Fast Charging ပါလာပြီး ၁ ခါအားသွင်းထားရင် ၄ နာရီလောက် သီချင်းနားထောင်နိုင်ပါတယ်။ Charging Case ကို သုံးရင် စုစုပေါင်း နာရီ ၂၀ တောင် အသုံးခံပါတယ်။ Active Noise Cancellation ပါတဲ့အတွက် ဆူညံသံတွေ ဖယ်ရှားပေးပါတယ်။

Ref : gsmarena