Huawei က စွမ်းရည်မြင့် Freebuds Pro 2 ကို ကြေညာလိုက်ပြီး Dual Driver နဲ့ 47 dB Noise Cancellation ပါလာသလို ဘက်ထရီ သက်တမ်း ကြာရှည်ပါတယ်။

Key features in Czech

Freebuds Pro 2 ရဲ့ အမိုက်စား လုပ်ဆောင်ချက် ၁ ခုက Hi-Res Dual Sound System ဖြစ်ပါတယ်။ 14 Hz ကနေ 48k Hz အထိ ကြီးမားတဲ့ Frequency Range ကို ထောက်ပံ့ထားပါတယ်။ User ဝတ်ဆင်ထားတဲ့ အနေအထားကို လေ့လာကာ အသံအရည်အသွေး ကောင်းမွန်အောင် ချိန်ညှိပေးတဲ့ Adaptive Equalizer ထည့်ထားပါတယ်။

Active Noise Cancellation အပိုင်းမှာ Freebuds Pro ဟာ  40dB အထိ လျှော့ချပေးပြီး Pro 2 မှာတော့ 47dB အထိ လျှော့ချပေးနိုင်လာပါတယ်။ မိုက်ကရိုဖုန်း ၃ လုံးက ဒီလို ဖြစ်အောင် စွမ်းဆောင်ပေးနိုင်တာပါ။

ပတ်ဝန်းကျင်က အသံတွေကို ကြားရအောင်လည်း ပြုလုပ်ပေးနိုင်ပြီး ဖုန်း ပြောချိန်မှာတော့ ပတ်ဝန်းကျင်က အသံတွေကို ဖျောက်ပေးနိုင်ပါတယ်။ Devialet နဲ့ ပူးပေါင်းထားတဲ့အတွက် အသံအရည်အသွေး ကောင်းမွန်ပါတယ်။

Huawei က ဘက်ထရီ ပမာဏကို မပြောသေးပေမယ့် Case နဲ့ သုံးရင် နာရီ ၃၀ ခံတယ်လို့ ပြောပါတယ်။ တစ်ခါအားသွင်းပြီး ANC ဖွင့်ထားရင်  ၄ နာရီနဲ့ ANC ပိတ်ထားရင် ၆.၅ နာရီကြာ သီချင်း နားထောင်နိုင်ပါတယ်။ IP54 စံနှုန်း ပါလာပြီး အရင်မျိုးဆက်မှာတော့ မထည့်သွင်းထားပါဘူး။

Freebuds Pro 2 ကို ယူရို ၂၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၃၉၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ Silver Blue , Silver Frost နဲ့ Ceramic White အရောင်တွေ ထုတ်လုပ်ထားပြီး ဇူလိုင်လ ၁၁ ရက်နေ့ ပို့ဆောင်ပေးမှာပါ။

Ref : gsmarena