[Zawgyi]

Huawei Developers Conference မွာ ကုမၸဏီက HarmonyOS ကို ေၾကညာလိုက္ပါတယ္။ စီအီးအို Richard Yu က OS အသစ္ကို ဖန္တီးေနတာ ၂၀၁၇ ခုႏွစ္ကတည္းကလို႔ ေျပာပါတယ္။ အဲဒီ OS ထည့္ထားတဲ့ ပထမဆံုး ထုတ္ကုန္ကို မနက္ျဖန္မွာ Honor Brand က ျပသမွာ ျဖစ္ပါတယ္။ အဲဒီ OS ကို စမတ္ဖုန္း ကေန တီဗီ၊ တက္ဘလက္၊ လက္ပ္ေတာ့၊ ကားနဲ႔ ခ်ပ္၀တ္တန္ဆာ ကြန္ျပဴတာေတြအထိ Device မ်ားစြာမွာ အသံုးျပဳႏုိင္ပါတယ္။

HarmonyOS ဟာ စြမ္းအင္ အရင္းအျမစ္ အနည္းငယ္ကုိသာ စားသံုးတဲ့ အတြက္ လွ်င္ျမန္သြက္လက္ၿပီး Latency Levels က နည္းပါးပါတယ္။ လံုျခံဳေရးလည္း ေကာင္းမြန္ပါတယ္။ HarmonyOS မွ Arc Compiler က C/, C++, Java, JavaScript နဲ႔ Kotlin အပါအ၀င္ အဓိက Programming Lanugages ေတြအားလံုးကို ေထာက္ပံ့ပါတယ္။

Richard Yu က HarmonyOS ဟာ Android ကို အစားထိုးႏုိင္မွာ ျဖစ္ေပမယ့္ App ေတြ မ်ားျပားမႈနဲ႔ သံုးစြဲသူေတြ စိတ္ေက်နပ္ေစဖုိ႔ ကုမၸဏီရဲ႕ စမတ္ဖုန္းေတြမွာ Android ကိုပဲ သံုးမယ္လို႔ ေျပာပါတယ္။ HarmonyOS မွာ Android Apps ေတြ အျပင္ HTML5 နဲ႔ Linux အေျချပဳ Apps ေတြကိုပါ အသံုးျပဳႏုိင္ပါတယ္။

HarmonyOS ဟာ အနာဂတ္မွာ Android ကို အႏိုင္ယူၿပီး တစ္ကမာၻလံုးမွာ သံုးတဲ့ OS ျဖစ္ေအာင္ ကုမၸဏီက ရည္ရြယ္ထားပါတယ္။ Huawei က Compatible Apps ေတြ ဖန္တီးဖို႔ သူ႔ ပါတနာေတြကို Dev Kits ကို ပံ့ပိုးေပးမွာ ျဖစ္ၿပီး OS အသစ္ကို အျမန္ဆံုး သံုးႏုိင္ေအာင္ ျပဳလုပ္မွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Huawei က HarmonyOS ကို ကြေညာ

Huawei Developers Conference မှာ ကုမ္ပဏီက HarmonyOS ကို ကြေညာလိုက်ပါတယ်။ စီအီးအို Richard Yu က OS အသစ်ကို ဖန်တီးနေတာ ၂၀၁၇ ခုနှစ်ကတည်းကလို့ ပြောပါတယ်။ အဲဒီ OS ထည့်ထားတဲ့ ပထမဆုံး ထုတ်ကုန်ကို မနက်ဖြန်မှာ Honor Brand က ပြသမှာ ဖြစ်ပါတယ်။ အဲဒီ OS ကို စမတ်ဖုန်း ကနေ တီဗီ၊ တက်ဘလက်၊ လက်ပ်တော့၊ ကားနဲ့ ချပ်ဝတ်တန်ဆာ ကွန်ပြူတာတွေအထိ Device များစွာမှာ အသုံးပြုနိုင်ပါတယ်။

HarmonyOS ဟာ စွမ်းအင် အရင်းအမြစ် အနည်းငယ်ကိုသာ စားသုံးတဲ့ အတွက် လျှင်မြန်သွက်လက်ပြီး Latency Levels က နည်းပါးပါတယ်။ လုံခြုံရေးလည်း ကောင်းမွန်ပါတယ်။ HarmonyOS မှ Arc Compiler က C/, C++, Java, JavaScript နဲ့ Kotlin အပါအဝင် အဓိက Programming Lanugages တွေအားလုံးကို ထောက်ပံ့ပါတယ်။

Richard Yu က HarmonyOS ဟာ Android ကို အစားထိုးနိုင်မှာ ဖြစ်ပေမယ့် App တွေ များပြားမှုနဲ့ သုံးစွဲသူတွေ စိတ်ကျေနပ်စေဖို့ ကုမ္ပဏီရဲ့ စမတ်ဖုန်းတွေမှာ Android ကိုပဲ သုံးမယ်လို့ ပြောပါတယ်။ HarmonyOS မှာ Android Apps တွေ အပြင် HTML5 နဲ့ Linux အခြေပြု Apps တွေကိုပါ အသုံးပြုနိုင်ပါတယ်။

HarmonyOS ဟာ အနာဂတ်မှာ Android ကို အနိုင်ယူပြီး တစ်ကမ္ဘာလုံးမှာ သုံးတဲ့ OS ဖြစ်အောင် ကုမ္ပဏီက ရည်ရွယ်ထားပါတယ်။ Huawei က Compatible Apps တွေ ဖန်တီးဖို့ သူ့ ပါတနာတွေကို Dev Kits ကို ပံ့ပိုးပေးမှာ ဖြစ်ပြီး OS အသစ်ကို အမြန်ဆုံး သုံးနိုင်အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။

Ref : gsmarena