Zawgyi

လက္ရွိကမာၻ႕စမတ္ဖုန္းေစ်းကြက္မွာေတာ့ ေဒၚလာတစ္ေထာင္ေက်ာ္ေစ်းႏႈန္းနဲ႔ Flagship စမတ္ဖုန္းေတြ အၿပိဳင္အဆုိင္ျဖစ္ေနၿပီး ေစ်းခ်ဳိစမတ္ဖုန္းေစ်းကြက္ကိုေတာ့ အာရုံေလ်ာ့နည္းလာၾကပါၿပီ။ ဒါေပမယ့္ Huawei က ဒီအေျခအေနကုိေျပာင္းလဲဖို႔အတြက္ ေဒၚလာ ၁၀၀ (ျမန္မာေငြတစ္သိန္းခြဲခန္႔) သာရွိတဲ့ Honor Play 3e ကို မိတ္ဆက္ေၾကညာလုိက္ပါတယ္။

Honor Play 3e စမတ္ဖုန္းဟာ MediaTek MT6762R ခ်စ္ပ္ဆက္နဲ႔ ထြက္ရွိလာၿပီး 2GB RAM နဲ႔ 32GB Storage မန္မုိရီတုိ႔ ပါဝင္ပါတယ္။ အနည္းငယ္ပုိသုံးၿပီး 3GB/64GB အတြဲကိုလည္း ရယူႏုိင္မွာပါ။ ေနာက္ဘက္မွာ 13MP ကင္မရာတစ္လုံးထဲကို လွပစြာထည့္သြင္းထားတယ္။

ေရွ႕ဘက္မွာေတာ့ 5.71” အရြယ္ HD+ Resolution နဲ႔ LCD Display တစ္ခုပါဝင္ပါတယ္။ Selfie ကင္မရာကို Notch ထဲမွာ ထည့္သြင္းထားၿပီး 5MP f/2.2 Sensor တစ္ခုတည္းပါ။ ဘကၳရီကေတာ့ 3,020 mAh ျဖစ္ၿပီး Android Pie ကိုအေျခခံထားတဲ့ EMUI 9.1 နဲ႔အသုံးျပဳရမွာျဖစ္ပါတယ္။

Play 3e စမတ္ဖုန္းကို အခုခ်ိန္မွာ အႀကိဳအမွာစာလက္ခံေနၿပီျဖစ္ၿပီး အေျခခံေမာ္ဒယ္က ယြမ္ေငြ ၆၉၉ (ျမန္မာေငြတစ္သိန္းခြဲခန္႔) နဲ႔ 3/64GB ဗားရွင္းက ယြမ္ ၈၉၉ (ျမန္မာေငြတစ္သိန္းကိုးေသာင္းခန္႔) က်သင့္မွာ ျဖစ္ပါတယ္။ အေရာင္ကိုေတာ့ Magic Night Black, Platinum Gold, နဲ႔ Aurora Blue ဆုိၿပီး သုံးမ်ဳိးေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

လက်ရှိကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာတော့ ဒေါ်လာတစ်ထောင်ကျော်ဈေးနှုန်းနဲ့ Flagship စမတ်ဖုန်းတွေ အပြိုင်အဆိုင်ဖြစ်နေပြီး ဈေးချိုစမတ်ဖုန်းဈေးကွက်ကိုတော့ အာရုံလျော့နည်းလာကြပါပြီ။ ဒါပေမယ့် Huawei က ဒီအခြေအနေကိုပြောင်းလဲဖို့အတွက် ဒေါ်လာ ၁၀၀ (မြန်မာငွေတစ်သိန်းခွဲခန့်) သာရှိတဲ့ Honor Play 3e ကို မိတ်ဆက်ကြေညာလိုက်ပါတယ်။

Honor Play 3e စမတ်ဖုန်းဟာ MediaTek MT6762R ချစ်ပ်ဆက်နဲ့ ထွက်ရှိလာပြီး 2GB RAM နဲ့ 32GB Storage မန်မိုရီတို့ ပါဝင်ပါတယ်။ အနည်းငယ်ပိုသုံးပြီး 3GB/64GB အတွဲကိုလည်း ရယူနိုင်မှာပါ။ နောက်ဘက်မှာ 13MP ကင်မရာတစ်လုံးထဲကို လှပစွာထည့်သွင်းထားတယ်။

ရှေ့ဘက်မှာတော့ 5.71” အရွယ် HD+ Resolution နဲ့ LCD Display တစ်ခုပါဝင်ပါတယ်။ Selfie ကင်မရာကို Notch ထဲမှာ ထည့်သွင်းထားပြီး 5MP f/2.2 Sensor တစ်ခုတည်းပါ။ ဘက္ထရီကတော့ 3,020 mAh ဖြစ်ပြီး Android Pie ကိုအခြေခံထားတဲ့ EMUI 9.1 နဲ့အသုံးပြုရမှာဖြစ်ပါတယ်။

Play 3e စမတ်ဖုန်းကို အခုချိန်မှာ အကြိုအမှာစာလက်ခံနေပြီဖြစ်ပြီး အခြေခံမော်ဒယ်က ယွမ်ငွေ ၆၉၉ (မြန်မာငွေတစ်သိန်းခွဲခန့်) နဲ့ 3/64GB ဗားရှင်းက ယွမ် ၈၉၉ (မြန်မာငွေတစ်သိန်းကိုးသောင်းခန့်) ကျသင့်မှာ ဖြစ်ပါတယ်။ အရောင်ကိုတော့ Magic Night Black, Platinum Gold, နဲ့ Aurora Blue ဆိုပြီး သုံးမျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena