Huawei ကနေလက်ရှိအချိန်မှာ Wearable Smartwatch တွေအများအပြားကို မိတ်ဆက်ခဲ့ပြီးဖြစ်သလို လာမယ့်ရက်ပိုင်းမှာလည်း Huawei Watch GT 2 Pro ကို မိတ်ဆက်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ Huawei Watch GT 2 Pro Smartwatch ဟာ လက်ရှိအချိန်မှာ အာရှနိုင်ငံအတော်များများမှာ Certification ရရှိထားပြီးဖြစ်သလို Product Number အနေနဲ့ VID-B19 ဆိုပြီး မိတ်ဆက်သွားမှာလည်းဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အဆိုပါ Watch GT 2 Pro အတွက် Wireless Charger ဟာလည်း Product Number အနေနဲ့ CP80-1 နဲ့ Certification ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Watch GT 2 Pro နဲ့ ပတ်သက်တဲ့အချက်အလက်တွေကိုတော့ အသေးစိတ်မသိရှိရသေးဘဲ Battery အနေနဲ့ 455mAh ပါဝင်မယ်ဆိုတာပဲ သိရသေးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်တာကတော့ Design ပိုင်းမှာ Huawei Watch GT 2 နဲ့ ဆင်တူမှာဖြစ်ပြီး Performance ပိုင်းနဲ့ Feature ပိုင်းမှာပဲ ပိုကောင်းသွားမယ်လို့ ယူဆရပါတယ်။

Huawei Watch GT 2 အနေနဲ့ကတော့ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး 1.2″ နဲ့ 1.39″ AMOLED Display အပြင် Huawei ရဲ့ ကိုယ်ပိုင် Kirin A1 Chipset ၊ Huawei LiteOS တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ အခု ထွက်ရှိလာမယ့် Huawei Watch GT 2 Pro အနေနဲ့ကတော့ Huawei ရဲ့ ကိုယ်ပိုင် HarmonyOS 2.0 ကို အသုံးပြုလာနိုင်ခြေများနေပါတယ်။

Ref – Giz China