Huawei ဟာ အခုအချိန်မှာ Google Mobile Services တွေကိုလုံးဝအသုံးပြုခြင်းမရှိတော့ဘဲ Huawei Mobile Services (HMS) နဲ့ပဲ စမတ်ဖုန်းတွေကို ဆက်လက်ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုလည်း Google Mobile Services ထဲမှာ အရေးပါဆုံးဖြစ်တဲ့ Google Search ကိုပါ အစားထိုးသွားတော့မယ့်ပုံစံပါပဲ။

ဒီလိုမျိုး Google Search ကို အစားထိုးသွားမယ့် Service ကို Huawei Search လို့ပဲ နာမည်ပေးထားပြီးတော့ လက်ရှိ Android ဖုန်းအများအပြားမှာ Google Search Default ပါဝင်သလိုပဲ Huawei ဖုန်းတွေမှာလည်း Default Search Application အနေနဲ့ အစားထိုးသွားမှာဖြစ်ပါတယ်။ လောလောဆယ်မှာ အဆိုပါ Huawei Search App ကို စမ်းသပ်ဖို့အတွက် UAE မှာရှိတဲ့အသုံးပြုသူတွေကို ခေါ်ယူနေတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် Google Search နဲ့ မတူညီတဲ့အချက်က Google Search ဟာ တခြားသော Google Service တွေဖြစ်တဲ့ Google Assistant ၊ Google Lens ၊ Google Podcasts နဲ့ တခြား Service တွေကိုပါ ချိတ်ဆက်ထားပေမယ့် Huawei Search ကတော့ Webpage တွေ၊ Video ၊ News Article နဲ့ Image တွေကိုပဲ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Google ရဲ့ At a Glance Widget လိုမျိုးပဲ လက်ရှိရာသီဥတုကို ဖော်ပြပေးနိုင်တဲ့ Huawfeng-Accuweather Widget ကိုပါ ထည့်သွင်းလာဦးမှာဖြစ်ပါတယ်။

Huawei Search မှာ တခြား Sports ၊ Unit Conversion နဲ့ Calculator တွေအတွက် Shortcut တွေပါဝင်မှာဖြစ်သလို EMUI 10 ရဲ့ Dark Mode ကိုလည်း Support ပြုလုပ်ဦးမှာပါ။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ Huawei Search ကို အသုံးပြုချင်တယ်ဆိုရင် Huawei ID ရှိမှရမှာဖြစ်သလို Huawei Devices တွေပေါ်မှာပဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ Huawei က ဘယ် Search Engine ကို အသုံးပြုထားတယ်ဆိုတာကို ဖော်ပြခဲ့ခြင်းမရှိဘဲ XDA Developers ရဲ့ စစ်ဆေးချက်အရ Google ၊ Yahoo ၊ Bing ၊ DuckDuckGo ၊ Yandex ၊ Ask နဲ့ AOL လိုမျိုး နာမည်ကြီး Search Engine တွေလည်း တစ်ခုမှမဟုတ်ဘူးလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei ကတော့ HMS ကိုလုံးဝ GMS နေရာမှာ အစားထိုးဖို့ကြိုးပမ်းနေတာပါ။

Ref – XDA-Developers