လက်ရှိ Mobile Device တော်တော်များများမှာ High Refresh Rate Display တွေက Standard တစ်ခုအနေနဲ့ကို အသုံးပြုလာကြတာဖြစ်ပါတယ်။ စမတ်ဖုန်းတွေမှာတော့ ဒီလိုမျိုး High Refresh Rate Display က အသုံးများလာပြီဆိုပေမယ့် Tablet တွေမှာတော့ အသုံးပြုမှုနည်းပါးနေပါသေးတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းကတော့ Samsung ကနေ Galaxy Tab S7 Series Tablet တွေကို မိတ်ဆက်ခဲ့ပြီး 120Hz QHD+ AMOLED Display တွေကို အသုံးပြုထားခဲ့တာလည်းဖြစ်ပါတယ်။ Samsung လိုမျိုးပဲ Huawei ကလည်း မကြာခင်မှာ High Refresh Rate ကို Support ပြုလုပ်တဲ့ Tablet အသစ်ကို မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ သတင်းကိုတော့ နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ 90Hz ဖြစ်မလား၊ 120Hz Refresh Rate ကို အသုံးပြုလာမလားဆိုတာကိုတော့ အတည်ပြုခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း Screen Size အနေနဲ့ကတော့ 10.8″ ရှိမယ်လို့ သိရပါတယ်။

ဖြစ်နိုင်ခြေများနေတာကတော့ အဆိုပါ Huawei Tablet ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ Mate Pad Pro ကို အစားထိုးလာဖို့များနေပါတယ်။ မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရှိရသေးပေမယ့် Huawei Mate 40 Series ဖုန်းတွေနဲ့အတူ လာမယ့်အောက်တိုဘာလအတွင်းမှာ မိတ်ဆက်လာနိုင်ပါတယ်။

Ref – Gizmo China