Huawei ဟာ Mate 40 Series Flagship ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေပြီးတော့ နှစ်ကုန်ပိုင်း သို့မဟုတ် လာမယ့်နှစ်မှပဲ မိတ်ဆက်လာနိုင်တယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။ အဆိုပါ Mate 40 Series ဖုန်းတွေဟာ Performance ပိုင်းမှာ သိသိသာသာကို ပိုကောင်းလာမယ့် 5nm Architecture ကို အခြေခံထားတဲ့ Kirin 9000 Chipset ကို အသုံးပြုလာမှာလည်းဖြစ်ပါတယ်။

အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Huawei ဟာ Kirin 9000 Chipset တွေကို ယခုအောက်တိုဘာလအတွင်းမှာ တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Mate 40 Series ဖုန်းတွေကိုပါ မိတ်ဆက်လာနိုင်မလားဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။

ပုံမှန်အားဖြင့် Huawei ဟာ Mate Series ဖုန်းတွေမှာ အသုံးပြုလာမယ့် Chipset အသစ်တွေကို စက်တင်ဘာလမှာ ပြုလုပ်လေ့ရှိတဲ့ IFA Event မှာ မိတ်ဆက်နေကျ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ TSMC ကနေ Chip တွေထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်တဲ့အတွက် အခုလိုမျိုးနောက်ကျသွားတာဖြစ်မယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei ဟာ TSMC ကို 5nm Chip ပေါင်း ၁၅ သန်းခန့် Order တင်ခဲ့တာဖြစ်ပေမယ့် တကယ်တမ်းမှာတေ့ာ ၈.၈ သန်းပဲ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Kirin 9000 Chipset ကို အသုံးပြုလာမယ့် Huawei Mate 40 Series ဖုန်းတွေကလည်း အလုံးရေအကန့်အသတ်နဲ့ပဲ ဝယ်ယူနိုင်ဖွယ်ရှိပါတယ်။

Huawei Mate 40 Series ဖုန်းတွေဟာ Performance ပိုင်းမှာတင် 5nm Kirin 9000 Chipset ကို အသုံးပြုလာမှာမဟုတ်ဘဲ Camera ပိုင်း၊ Fast Charging ပိုင်းနဲ့ Display ပိုင်းမှာပါ ယခင်ထက် ပိုပြီးတိုးတက်မှုတွေရှိလာမှာဖြစ်ပါတယ်။

Ref – Giz China