Huawei ကနေ High End Mobile Chipset အသစ်ဖြစ်တဲ့ Kirin 985 Chipset ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Kirin 985 Chipset အကြောင်းကို ယခင်တုန်းကလည်း သတင်းတွေထွက်ပေါ်ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ Honor 30 Series စမတ်ဖုန်းတွေနဲ့အတူ တရားဝင်မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

အဆိုပါ Kirin 985 Chipset ဟာ 5G ကို Support ပြုလုပ်တဲ့ Chipset တစ်ခုဖြစ်ပြီးတော့ လက်ရှိ Kirin 990 5G Chipset နဲ့ Kirin 820 5G Chipset တွေရဲ့ ကြားထဲမှာရှိနေမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Antutu ရမှတ်လည်း ထွက်ပေါ်လာပြီဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ Kirin 985 Chipset ရဲ့ Antutu ရမှတ်ဟာ Honor 30 စမတ်ဖုန်း RAM 8GB + 128GB Version မှာ စမ်းသပ်ထားတာဖြစ်ပြီး စုစုပေါင်းရမှတ်အနေနဲ့ ၃၈၆,၀၄၅ မှတ် ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် High End ဖုန်းတစ်လုံးအနေနဲ့ကတော့ စွမ်းဆောင်ရည်တော်တော်လေးကိုကောင်းတယ်လို့ပြောရမှာပါ။

Kirin 985 Chipset ဟာ Mali – G77 GPU ပါဝင်တဲ့ Octa-core Processor အမျိုးအစားဖြစ်ပြီး Kirin 990 Chipset လိုမျိုးပဲ Dual-core NPU ပါဝင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့တော့ ဒီနှစ်မှာ Kirin 985 နဲ့ Kirin 820 Chipset တွေက တခြားသောပြိုင်ဘက်စမတ်ဖုန်းတွေထက်ပိုကောင်းတဲ့စွမ်းဆောင်ရည်ရှိနေနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China