Huawei ကနေ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအပြင် Laptop စျေးကွက်ကိုပါ တဖြည်းဖြည်း အာရုံစိုက်လာပြီးတော့ ဒီနှစ် ၂၀၂၀ မှာတော့ သိသိသာသာကို အောင်မြင်တော့မယ်ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် လက်ရှိမှာ လူသိများနေပြီးသား Analyst တစ်ဦးဖြစ်တဲ့ Ming Chi Kuo ကနေ Huawei Laptop တွေက ဒီနှစ်မှာ ၂ ဆလောက်ကို ပိုပြီးရောင်းချရနိုင်တယ်လို့ ပြောကြားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

Microsoft ရဲ့ Windows Laptop တွေဟာ ယခုနှစ်အစောပိုင်းမှာသိသိသာသာကို ရောင်းအားကောင်းမွန်ခဲ့ပြီးတော့ နောက်ပိုင်းမှာမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Laptop ထုတ်လုပ်မှုတွေအနည်းငယ်ထိခိုက်သွားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုနှစ် ဒုတိယ ၃ လပတ်မှာ Laptop ရောင်းအားက ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ပါသေးတယ်။

အဲ့ဒါကြောင့် ဒီနှစ်မှာ Huawei အနေနဲ့ Laptop ရောင်းအားက စုစုပေါင်း အလုံးရေ ၆ သန်းအထိရောင်းချရနိုင်ပြီးတော့ မနှစ်ကထက် ၂ ဆလောက်တိုးလာမှာပါ။ လက်ရှိအချိန်မှာ Huawei ကနေ MateBook နာမည်နဲ့ MateBook X/Pro ၊ MateBook D ၊ E နဲ့ MateBook 13/14 ဆိုပြီး မျိုးစုံထုတ်လုပ်နေတာလည်းဖြစ်ပါတယ်။

နောက်ထပ်အခုလိုမျိုး Laptop တွေရောင်းအားတက်လာမှာက အခုဖြစ်ပွားနေတဲ့ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်ကနေပဲ အလုပ်လုပ်ကိုင်သူများပြားလာတဲ့အတွက် Laptop ရောင်းအားကပါ လိုက်တက်လာဖို့ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

Ref – Gizmo China