[Zawgyi]

ၿပီးခဲ့တဲ့ရက္ပုိင္းေတြမွာ သတင္းေတြဆက္တုိက္ထြက္ခဲ့တဲ့ေနာက္ Enjoy မိသားစုဝင္ ဟန္းဆက္အသစ္ ႏွစ္ခုကို Huawei က တရားဝင္မိတ္ဆက္ခဲ့ပါတယ္။ Enjoy 9s နဲ႔ Enjoy 9e ဖုန္းႏွစ္လုံးစလုံးဟာ ေလာေလာဆယ္ တရုတ္ျပည္တြင္းေစ်းကြက္အတြက္ သီးသန္႔ျဖစ္ေပမယ့္ အျခားႏုိင္ငံတကာေစ်းကြက္ေတြမွာ Huawei P Smart+ (2019) နဲ႔ Huawei Y6 (2019) ဆုိတဲ့အမည္ေတြနဲ႔ ထြက္လာမွာကိုေတာ့ သိရၿပီးပါၿပီ။

Mid-range တန္းျဖစ္တဲ့ Huawei Enjoy 9s မွာ 6.21” လက္မအရြယ္ FHD+ Display ပါဝင္ၿပီး 8MP ဆယ္ဖီကင္မရာက Waterdrop Notch ထဲမွာေနရာခ်ထားပါတယ္။ ဒီဖုန္းကို Glass ကိုယ္ထည္နဲ႔ ျပဳလုပ္ထားကာ Screen-to-body အခ်ဳိးက 90% ေတာင္ရွိတယ္။ အတြင္းမွာ 12nm Kirin 710 ခ်စ္ပ္ဆက္ကို 4GB RAM မန္မုိရီနဲ႔ တြဲဖက္ထားၿပီး Storage ပမာဏ 64 GB / 128 GB ႏွစ္သက္ရာေရြးခ်ယ္ႏုိင္မွာပါ။

Enjoy 9s မွာေတာ့ Android 9.0 အေျခခံထားတဲ့ EMUI 9.0 သုံးစြဲပါတယ္။ ေနာက္ဘက္မွာ Triple-camera ကိုေဒါင္လုိက္ ထည့္သြင္းလာၿပီး 24 MP + 16 MP + 2 MP Depth Sensor အတြဲပါ။ Fingerprint ကိုလည္း ေနာက္ေက်ာမွာပဲ ထည့္သြင္းထားၿပီး 3,400 mAh ဘကၳရီပါဝင္တယ္။

ေစ်းပိုသက္သာတဲ့ Enjoy 9e ကေတာ့ 6.09” လက္မအရြယ္ HD+ Display ကိုတပ္ဆင္ထားၿပီး Waterdrop Notch ထဲမွာ 8MP ဆယ္ဖီကင္မရာကိုပဲ တူညီစြာအသုံးျပဳထားတယ္။ ဒီဖုန္းကို ပလပ္စတစ္နဲ႔ပဲ တည္ေဆာက္ထားၿပီး Huawei လုိဂုိပါဝင္တဲ့ Chin ကအနည္းငယ္ပိုထူပါတယ္။

အတြင္းပုိင္းမွာ Helio A22 ကို 3GB RAM မန္မုိရီနဲ႔တြဲဖက္ထားၿပီး Storage ကေတာ့ 32GB ပဲ ပါဝင္တယ္။ ဒါေပမယ့္ Enjoy ဖုန္းသစ္ႏွစ္မ်ဳိးလုံးမွာ MicroSD တုိးခ်ဲ႕ႏုိင္စြမ္း ပါၿပီးသားပါ။ သူ႕မွာလည္း Android 9 အေျခခံ EMUI 9 ကုိပဲသုံးရမွာျဖစ္တယ္။

ေနာက္ဘက္မွာေတာ့ 13MP ကင္မရာတစ္လုံးတည္းပဲ ထည့္သြင္းထားၿပီး Fingerprint ဆင္ဆာကိုလည္း ျမင္ရပါတယ္။ ေရႊေရာင္ Enjoy 9e (အရင္က အညိဳေရာင္လို႔ ထင္ခဲ့ၾက) မွာေတာ့ Samsung Galaxy Note 4 လိုပဲ လည္သာေနာက္ေက်ာနဲ႔ ျဖစ္ပါတယ္။ ဘကၳရီက 3,020 mAh ထဲပါ။

ေစ်းႏႈန္းကေတာ့ Huawei Enjoy 9s ဟာ တရုတ္ယြမ္ေငြ ၁,၄၉၉ (ျမန္မာေငြ သုံးသိန္းေလးေသာင္း) ကစတင္ၿပီး Enjoy 9e ကေတာ့ တရုတ္ယြမ္ ၉၉၉ (ျမန္မာေငြ ႏွစ္သိန္းေက်ာ္) ျဖစ္ပါတယ္။ Enjoy 9s ကုိ စတင္ ဝယ္ယူႏုိင္ေနၿပီျဖစ္ၿပီး Enjoy 9e ကေတာ့ ဧၿပီ ၈ ရက္မွ တရုတ္ျပည္တြင္းမွာ ရမွာပါ။ ျပည္ပေစ်းကြက္ကို ထြက္ရွိမယ့္ ရက္နဲ႔ ေစ်းႏႈန္းေတြကိုေတာ့ မသိရေသးပါဘူး။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ သတင်းတွေဆက်တိုက်ထွက်ခဲ့တဲ့နောက် Enjoy မိသားစုဝင် ဟန်းဆက်အသစ် နှစ်ခုကို Huawei က တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ Enjoy 9s နဲ့ Enjoy 9e ဖုန်းနှစ်လုံးစလုံးဟာ လောလောဆယ် တရုတ်ပြည်တွင်းဈေးကွက်အတွက် သီးသန့်ဖြစ်ပေမယ့် အခြားနိုင်ငံတကာဈေးကွက်တွေမှာ Huawei P Smart+ (2019) နဲ့ Huawei Y6 (2019) ဆိုတဲ့အမည်တွေနဲ့ ထွက်လာမှာကိုတော့ သိရပြီးပါပြီ။

Mid-range တန်းဖြစ်တဲ့ Huawei Enjoy 9s မှာ 6.21” လက်မအရွယ် FHD+ Display ပါဝင်ပြီး 8MP ဆယ်ဖီကင်မရာက Waterdrop Notch ထဲမှာနေရာချထားပါတယ်။ ဒီဖုန်းကို Glass ကိုယ်ထည်နဲ့ ပြုလုပ်ထားကာ Screen-to-body အချိုးက 90% တောင်ရှိတယ်။ အတွင်းမှာ 12nm Kirin 710 ချစ်ပ်ဆက်ကို 4GB RAM မန်မိုရီနဲ့ တွဲဖက်ထားပြီး Storage ပမာဏ 64 GB / 128 GB နှစ်သက်ရာရွေးချယ်နိုင်မှာပါ။

Enjoy 9s မှာတော့ Android 9.0 အခြေခံထားတဲ့ EMUI 9.0 သုံးစွဲပါတယ်။ နောက်ဘက်မှာ Triple-camera ကိုဒေါင်လိုက် ထည့်သွင်းလာပြီး 24 MP + 16 MP + 2 MP Depth Sensor အတွဲပါ။ Fingerprint ကိုလည်း နောက်ကျောမှာပဲ ထည့်သွင်းထားပြီး 3,400 mAh ဘက္ထရီပါဝင်တယ်။

ဈေးပိုသက်သာတဲ့ Enjoy 9e ကတော့ 6.09” လက်မအရွယ် HD+ Display ကိုတပ်ဆင်ထားပြီး Waterdrop Notch ထဲမှာ 8MP ဆယ်ဖီကင်မရာကိုပဲ တူညီစွာအသုံးပြုထားတယ်။ ဒီဖုန်းကို ပလပ်စတစ်နဲ့ပဲ တည်ဆောက်ထားပြီး Huawei လိုဂိုပါဝင်တဲ့ Chin ကအနည်းငယ်ပိုထူပါတယ်။

အတွင်းပိုင်းမှာ Helio A22 ကို 3GB RAM မန်မိုရီနဲ့တွဲဖက်ထားပြီး Storage ကတော့ 32GB ပဲ ပါဝင်တယ်။ ဒါပေမယ့် Enjoy ဖုန်းသစ်နှစ်မျိုးလုံးမှာ MicroSD တိုးချဲ့နိုင်စွမ်း ပါပြီးသားပါ။ သူ့မှာလည်း Android 9 အခြေခံ EMUI 9 ကိုပဲသုံးရမှာဖြစ်တယ်။

နောက်ဘက်မှာတော့ 13MP ကင်မရာတစ်လုံးတည်းပဲ ထည့်သွင်းထားပြီး Fingerprint ဆင်ဆာကိုလည်း မြင်ရပါတယ်။ ရွှေရောင် Enjoy 9e (အရင်က အညိုရောင်လို့ ထင်ခဲ့ကြ) မှာတော့ Samsung Galaxy Note 4 လိုပဲ လည်သာနောက်ကျောနဲ့ ဖြစ်ပါတယ်။ ဘက္ထရီက 3,020 mAh ထဲပါ။

ဈေးနှုန်းကတော့ Huawei Enjoy 9s ဟာ တရုတ်ယွမ်ငွေ ၁,၄၉၉ (မြန်မာငွေ သုံးသိန်းလေးသောင်း) ကစတင်ပြီး Enjoy 9e ကတော့ တရုတ်ယွမ် ၉၉၉ (မြန်မာငွေ နှစ်သိန်းကျော်) ဖြစ်ပါတယ်။ Enjoy 9s ကို စတင် ဝယ်ယူနိုင်နေပြီဖြစ်ပြီး Enjoy 9e ကတော့ ဧပြီ ၈ ရက်မှ တရုတ်ပြည်တွင်းမှာ ရမှာပါ။ ပြည်ပဈေးကွက်ကို ထွက်ရှိမယ့် ရက်နဲ့ ဈေးနှုန်းတွေကိုတော့ မသိရသေးပါဘူး။

Ref – GSM Arena