[Zawgyi]

Huawei က စမတ္ဖုန္း အသစ္တစ္လံုးကို ေၾကညာလိုက္ပါတယ္။ Nova 5z လို႔ နာမည္ေပးထားၿပီး Kirin 810 Chipset ေမာင္းႏွင္ထားပါတယ္။ 6GB RAM ထည့္ထားၿပီး Storage အပိုင္းမွာေတာ့ 64GB နဲ႔ 128GB ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။

၆.၂၆ လက္မ LCD တပ္ဆင္ထားၿပီး ဆဲလ္ဖီး ကင္မရာက 32MP ျဖစ္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုး ထည့္ထားၿပီး  48 MP + 8 MP Wide-Angle + 2 MP Depth Sensor + 2 MP Macro ေတြ ျဖစ္ပါတယ္။ 20W Fast Charging ပါတဲ့ 4,000mAh Battery ထည့္ထားပါတယ္။ Android Pie အေျချပဳ EMUI 9.1 ပါပါတယ္။ ဥာဏ္ရည္တု နည္းပညာ အေျချပဳ ေဆာ့ဖ္၀ဲလုပ္ေဆာင္ခ်က္ေတြ ထည့္သြင္းထားပါတယ္။ ဂိမ္းကစားရင္ ဖလန္းဖလန္း ျဖစ္ေစမယ့္ GPU Turbo ပါပါတယ္။

6/64GB Model ကို ၁,၅၉၉ ယြမ္နဲ႔ 6/128GB Model ကို ၁,၇၉၉ ယြမ္ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၃၄၀,၀၀၀ နဲ႔ ၃၈၀,၀၀၀ ေလာက္ရွိပါတယ္။ တရုတ္က စတိုးဆိုင္ႀကီးေတြ အားလံုးမွာ စတင္ ေရာင္းေပးေနပါၿပီ။ Black , Aurora နဲ႔ Emerald Green အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။

Huawei က ဇြန္လမွာ Nova 5 Series ေတြကို ေၾကညာခဲ့ၿပီး ေနာက္တစ္လမွာ Nova 5i Pro ကို ခ်ျပခဲ့ပါတယ္။ Nova 5z ရဲ႕ အစိတ္အပိုင္းေတြ အမ်ားစုဟာ Nova 5i Pro နဲ႔ တူၿပီး Memory Configuration အသစ္ ပါလာပါတယ္။ အရင္သတင္းေတြအရ Nova 5i Pro ကို တရုတ္ျပင္ပမွာ Mate 30 Lite နာမည္နဲ႔ ေရာင္းမယ္လို႔ သိရပါတယ္။

Ref : gsmarena

[Unicode]

48MP Quad Camera ပါတဲ့ Huawei Nova 5z ကို ကြေညာ

Huawei က စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ Nova 5z လို့ နာမည်ပေးထားပြီး Kirin 810 Chipset မောင်းနှင်ထားပါတယ်။ 6GB RAM ထည့်ထားပြီး Storage အပိုင်းမှာတော့ 64GB နဲ့ 128GB တွေ ရွေးချယ်နိုင်ပါတယ်။

၆.၂၆ လက်မ LCD တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်ထားပြီး 48 MP + 8 MP Wide-Angle + 2 MP Depth Sensor + 2 MP Macro တွေ ဖြစ်ပါတယ်။ 20W Fast Charging ပါတဲ့ 4,000mAh Battery ထည့်ထားပါတယ်။ Android Pie အခြေပြု EMUI 9.1 ပါပါတယ်။ ဉာဏ်ရည်တု နည်းပညာ အခြေပြု ဆော့ဖ်ဝဲလုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ ဂိမ်းကစားရင် ဖလန်းဖလန်း ဖြစ်စေမယ့် GPU Turbo ပါပါတယ်။

6/64GB Model ကို ၁,၅၉၉ ယွမ်နဲ့ 6/128GB Model ကို ၁,၇၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၄၀,၀၀၀ နဲ့ ၃၈၀,၀၀၀ လောက်ရှိပါတယ်။ တရုတ်က စတိုးဆိုင်ကြီးတွေ အားလုံးမှာ စတင် ရောင်းပေးနေပါပြီ။ Black , Aurora နဲ့ Emerald Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Huawei က ဇွန်လမှာ Nova 5 Series တွေကို ကြေညာခဲ့ပြီး နောက်တစ်လမှာ Nova 5i Pro ကို ချပြခဲ့ပါတယ်။ Nova 5z ရဲ့ အစိတ်အပိုင်းတွေ အများစုဟာ Nova 5i Pro နဲ့ တူပြီး Memory Configuration အသစ် ပါလာပါတယ်။ အရင်သတင်းတွေအရ Nova 5i Pro ကို တရုတ်ပြင်ပမှာ Mate 30 Lite နာမည်နဲ့ ရောင်းမယ်လို့ သိရပါတယ်။

Ref : gsmarena