Zawgyi

ႏုိင္ငံတကာေဒတာအခ်က္အလက္ေကာ္ပုိေရးရွင္း (IDC) ဟာ ယခုႏွစ္ တတိယသုံးလပတ္ (Q3 2019) ကာလအတြင္း တရုတ္စမတ္ဖုန္းေစ်းကြက္ရဲ႕ အခ်က္အလက္ေတြကို ထုတ္ေဖာ္ျပသခဲ့ၿပီး နည္းပညာကုမၸဏီႀကီး Huawei ဟာ ေစ်းကြက္ကို ဦးေဆာင္ေနတာကို ေတြ႕ရပါတယ္။

IDC ရဲ႕အစီရင္ခံစာအရ ၂၀၁၉ Q3 ကာလတစ္ခုထဲမွာတင္ တရုတ္ႏုိင္ငံ စမတ္ဖုန္းေစ်းကြက္ကို စမတ္ဖုန္းအလုံးေရ စုစုေပါင္း ၉၈.၉ သန္း တင္ပို႔ခဲ့ၾကပါတယ္။ ဒါဟာ မႏွစ္ကထက္ 3.6% ပုိနည္းသြားတာျဖစ္ေပမယ့္ အခုႏွစ္ ပထမသုံးလပတ္ ကာလေလာက္ေတာ့ မဆုိးေသးပါဘူး။

Huawei ဟာ ဒီကာလအတြင္းမွာ စမတ္ဖုန္းစုစုေပါင္း ၄၁.၅ သန္းထိ တင္ပို႔ခဲ့ၿပီး ေစ်းကြက္စုစုေပါင္းရဲ႕ 42% ထိ ရွိေနတာပါ။ ဒါဟာ ေစ်းကြက္ရဲ႕တစ္ဝက္နီးနီးလုိ႔ ဆုိရမွာျဖစ္ၿပီး မႏွစ္က အလားတူအခ်ိန္ထက္ 64.6% တုိးျမင့္ပို႔ေဆာင္လာႏုိင္ခဲ့တာပါ။

ဒုတိယေနရာမွာေတာ့ Vivo က ၁၈.၁ သန္းနဲ႔ ရွိေနၿပီး ေစ်းကြက္ရဲ႕ 18.3% နဲ႔ညီမွ်တဲ့ ပမာဏကို တင္ပို႔ႏုိင္ခဲ့တာ ျဖစ္ပါတယ္။ တတိယေနရာမွာ Oppo က ၁၆.၄ သန္းနဲ႔ ေစ်းကြက္ေဝစု 16.6% ပုိင္ဆုိင္ထားကာ ႏုိင္ငံတကာေစ်းကြက္ကို ပိုအာရုံစုိက္လာတဲ့ Xiaomi ကေတာ့ ၉.၇ သန္း(9.8%)နဲ႔ စတုတၳေနရာမွာ ရပ္တည္ေနပါတယ္။ တရုတ္အမွတ္တံဆိပ္ မဟုတ္ေပမယ့္ Apple ဟာ တရုတ္ေစ်းကြက္ကို စုစုေပါင္းစမတ္ဖုန္း ၈.၁ သန္းတင္ပုိ႔ႏုိင္ခဲ့ၿပီး ပၪၥမေနရာမွာ တည္ရွိေနတာကို ေတြ႕ရပါတယ္။

ဒီတံဆိပ္ႀကီးငါးခုကို လြန္သြားရင္ေတာ့ က်န္တဲ့ကုမၸဏီအားလုံးေပါင္းဟာ စမတ္ဖုန္းစုစုေပါင္း ၅.၁ သန္းကို ေရာင္းခ်ႏုိင္ခဲ့ၿပီး ေစ်းကြက္ေဝစု 5.1% ကို ပုိင္ဆုိင္ခဲ့တာေတြ႕ရပါတယ္။ ဒါဟာ မႏွစ္ကထက္ 59.3% ေတာင္ ထိုးက်သြားတာပါ။

Ref – Gizmo China

Unicode

နိုင်ငံတကာဒေတာအချက်အလက်ကော်ပိုရေးရှင်း (IDC) ဟာ ယခုနှစ် တတိယသုံးလပတ် (Q3 2019) ကာလအတွင်း တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြသခဲ့ပြီး နည်းပညာကုမ္ပဏီကြီး Huawei ဟာ ဈေးကွက်ကို ဦးဆောင်နေတာကို တွေ့ရပါတယ်။

IDC ရဲ့အစီရင်ခံစာအရ ၂၀၁၉ Q3 ကာလတစ်ခုထဲမှာတင် တရုတ်နိုင်ငံ စမတ်ဖုန်းဈေးကွက်ကို စမတ်ဖုန်းအလုံးရေ စုစုပေါင်း ၉၈.၉ သန်း တင်ပို့ခဲ့ကြပါတယ်။ ဒါဟာ မနှစ်ကထက် 3.6% ပိုနည်းသွားတာဖြစ်ပေမယ့် အခုနှစ် ပထမသုံးလပတ် ကာလလောက်တော့ မဆိုးသေးပါဘူး။

Huawei ဟာ ဒီကာလအတွင်းမှာ စမတ်ဖုန်းစုစုပေါင်း ၄၁.၅ သန်းထိ တင်ပို့ခဲ့ပြီး ဈေးကွက်စုစုပေါင်းရဲ့ 42% ထိ ရှိနေတာပါ။ ဒါဟာ ဈေးကွက်ရဲ့တစ်ဝက်နီးနီးလို့ ဆိုရမှာဖြစ်ပြီး မနှစ်က အလားတူအချိန်ထက် 64.6% တိုးမြင့်ပို့ဆောင်လာနိုင်ခဲ့တာပါ။

ဒုတိယနေရာမှာတော့ Vivo က ၁၈.၁ သန်းနဲ့ ရှိနေပြီး ဈေးကွက်ရဲ့ 18.3% နဲ့ညီမျှတဲ့ ပမာဏကို တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ တတိယနေရာမှာ Oppo က ၁၆.၄ သန်းနဲ့ ဈေးကွက်ဝေစု 16.6% ပိုင်ဆိုင်ထားကာ နိုင်ငံတကာဈေးကွက်ကို ပိုအာရုံစိုက်လာတဲ့ Xiaomi ကတော့ ၉.၇ သန်း(9.8%)နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ တရုတ်အမှတ်တံဆိပ် မဟုတ်ပေမယ့် Apple ဟာ တရုတ်ဈေးကွက်ကို စုစုပေါင်းစမတ်ဖုန်း ၈.၁ သန်းတင်ပို့နိုင်ခဲ့ပြီး ပဉ္စမနေရာမှာ တည်ရှိနေတာကို တွေ့ရပါတယ်။

ဒီတံဆိပ်ကြီးငါးခုကို လွန်သွားရင်တော့ ကျန်တဲ့ကုမ္ပဏီအားလုံးပေါင်းဟာ စမတ်ဖုန်းစုစုပေါင်း ၅.၁ သန်းကို ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု 5.1% ကို ပိုင်ဆိုင်ခဲ့တာတွေ့ရပါတယ်။ ဒါဟာ မနှစ်ကထက် 59.3% တောင် ထိုးကျသွားတာပါ။

Ref – Gizmo China