Huawei က Nova 7 Series တွေနဲ့အတူ MatePad တက်ဘလက်ကိုလည်း ပူပူနွေးနွေး ကြေညာထားပါတယ်။ Huawei Consumer Business Product Line ရဲ့ ဥက္ကဌ He Gang က Huawei ဟာ တရုတ်မှာ တက်ဘလက် ဈေးကွက်ကို အုပ်စိုးထားပြီလို့ ပြောပါတယ်။

Huawei ဟာ တရုတ်မှာ ၂၀၁၉ ခုနှစ်ရဲ့ တတိယနဲ့ စတုတ္ထ ကွာတားတွေ ဖြစ်တဲ့ ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်းမှာ တက်ဘလက် ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ Huawei ဟာ ၂၀၂၀ ခုနှစ်မှာလည်း ရောင်းအား လန်းနေပြီး အခုဆိုရင် တရုတ် တက်ဘလက် ဈေးကွက်ရဲ့ ထက်ဝက်နီးပါးကို ပိုင်ဆိုင်ထားပါတယ်။

Huawei ရဲ့ တည်ထောင်သူနဲ့ CEO Ren Zhengfei က ကိုရိုနာဗိုင်းရက်စ် ရှိနေပေမယ့် Huawei ရဲ့ တက်ဘလက်နဲ့ ကွန်ပြူတာ ရောင်းအားဟာ ကောင်းနေတယ်လို့ မကြာခင်က အင်တာဗျူး ၁ ခုမှာ ပြောခဲ့ပါတယ်။ Huawei ဟာ ဒီနှစ် ပထမ ၃ လအတွင်း တရုတ်မှာ စမတ်ဖုန်း အလုံးရေ ၄၅၀,၀၀၀ ကျော် ရောင်းချခဲ့ရပြီး Ren Zhegfei က တရုတ်မှာ ရောင်းအား ကောင်းနေပေမယ့် နိုင်ငံတကာမှာ ရောင်းအား ကျနေတယ်လို့ ပြောပါတယ်။

ဒါဟာ အမေရိကန် အစိုးရရဲ့ စီးပွားရေး ပိတ်ပင်မှုကြောင့် ဖြစ်နိုင်ပြီး Huawei ရဲ့ Device တွေမှာ Google Apps နဲ့ Services တွေ သုံးလို့ မရတော့ဘဲ Huawei Mobile Services ပဲ ထည့်ပေးထားပါတယ်။

Ref : gizmochina