Zawgyi

Huawei အေနနဲ႔ Mate 20 Lite ကို IFA 2018 မွာ တရားဝင္ မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ Mate 20 နဲ႔ Mate 20 Pro တို႔ကိုေတာ့ လာမယ့္ ေအာက္တိုဘာလ ၁၆ ရက္ေန႔မွာ မိတ္ဆက္ေပးမွာ ျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

Huawei Mate 20 Lite ရဲ႕ ေဘာ္ဒီအပိုင္းကို Metal နဲ႔ Glass ေပါင္းစပ္ၿပီး ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ ေရွ႕မ်က္ႏွာျပင္မွာ Notch Display ကို အသုံးျပဳထားတာ ေတြ႕ရၿပီး၊ အဲ့ဒီ Notch အထဲမွာေတာ့ ကင္မရာ ၂လုံး၊ Earpiece နဲ႔ တျခား Sensors ေတြကို ထည့္သြင္း တပ္ဆင္ထားတာ ျဖစ္ပါတယ္။

ဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာ 20MP+2MP Dual Camera Setup နဲ႔အတူ Fingerprint Sensor ေတြကို ေဒါင္လိုက္ တပ္ဆင္ထားတာ ေတြ႕ရၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 24MP+2MP Camera ေတြကို တြဲလ်က္ တပ္ဆင္ထားမွာပါ။

 

Mate 20 Lite ရဲ႕ Display အပိုင္းအတြက္ ၆.၃ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ LCD Display ကိုအသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2340 pixels ရွိမွာပါ။ Processor အပိုင္းအတြက္ Huawei Nova 3i မွာတုန္းက အသုံးျပဳခဲ့တဲ့ HiSilicon Kirin 710 Chipset ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 64GB ထည့္သြင္းေပးထားပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor တပ္ဆင္ေပးထားသလို Face Unlock လုံၿခဳံေရးစနစ္ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 3750mAh ထည့္သြင္းေပးထားၿပီး အျမန္အားသြင္းစနစ္လည္း ပါဝင္မွာပါ။ အေလးခ်ိန္ကေတာ့ ၁၇၂ ဂရမ္ရွိပါတယ္။

 

Huawei Mate 20 Lite ကို အေရာင္ေတြ အေနနဲ႔ Sapphire Blue, Black, Platinum Gold ဆိုၿပီး အေရာင္ ၃မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ Mate 20 Lite ကို ဥေရာပမွာ စတင္ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ ယူ႐ို ၃၇၉ (ျမန္မာေငြ ၆သိန္းခြဲ ဝန္းက်င္) ျဖစ္ပါတယ္။

Ref: xdadeveloper

Unicode

Huawei Mate 20 Lite ရဲ့ စျေးနှုန်းနဲ့ Specification များ

Huawei အနေနဲ့ Mate 20 Lite ကို IFA 2018 မှာ တရားဝင် မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ Mate 20 နဲ့ Mate 20 Pro တို့ကိုတော့ လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာ မိတ်ဆက်ပေးမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

Huawei Mate 20 Lite ရဲ့ ဘော်ဒီအပိုင်းကို Metal နဲ့ Glass ပေါင်းစပ်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ရှေ့မျက်နှာပြင်မှာ Notch Display ကို အသုံးပြုထားတာ တွေ့ရပြီး၊ အဲ့ဒီ Notch အထဲမှာတော့ ကင်မရာ ၂လုံး၊ Earpiece နဲ့ တခြား Sensors တွေကို ထည့်သွင်း တပ်ဆင်ထားတာ ဖြစ်ပါတယ်။

ဖုန်းရဲ့ နောက်ကျောဘက်မှာ 20MP+2MP Dual Camera Setup နဲ့အတူ Fingerprint Sensor တွေကို ဒေါင်လိုက် တပ်ဆင်ထားတာ တွေ့ရပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 24MP+2MP Camera တွေကို တွဲလျက် တပ်ဆင်ထားမှာပါ။

Mate 20 Lite ရဲ့ Display အပိုင်းအတွက် ၆.၃ လက်မ မျက်နှာပြင် အကျယ်ရှိ LCD Display ကိုအသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 pixels ရှိမှာပါ။ Processor အပိုင်းအတွက် Huawei Nova 3i မှာတုန်းက အသုံးပြုခဲ့တဲ့ HiSilicon Kirin 710 Chipset ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 64GB ထည့်သွင်းပေးထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor တပ်ဆင်ပေးထားသလို Face Unlock လုံခြုံရေးစနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3750mAh ထည့်သွင်းပေးထားပြီး အမြန်အားသွင်းစနစ်လည်း ပါဝင်မှာပါ။ အလေးချိန်ကတော့ ၁၇၂ ဂရမ်ရှိပါတယ်။

Huawei Mate 20 Lite ကို အရောင်တွေ အနေနဲ့ Sapphire Blue, Black, Platinum Gold ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Mate 20 Lite ကို ဥရောပမှာ စတင်ရောင်းချသွားမယ့် စျေးနှုန်းကတော့ ယူရို ၃၇၉ (မြန်မာငွေ ၆သိန်းခွဲ ဝန်းကျင်) ဖြစ်ပါတယ်။

Ref: xdadeveloper